မြန်မာဖူဆယ်အသင်း အုပ်စုနောက်ဆုံးပွဲတွင် လာအိုအား ဂိုးပြတ်အနိုင်ရ

မြန်မာဖူဆယ်အသင်း အုပ်စုနောက်ဆုံးပွဲတွင် လာအိုအား ဂိုးပြတ်အနိုင်ရ
မြန်မာဖူဆယ်အသင်းနှင့် လာအိုအသင်းတို့ ယှှဉ်ပြို်င်ကစားနေစဉ် (ဓာတ်ပုံ-smm sports)
 

အောက်တိုဘာ ၁၂၊ ရန်ကုန်။          ။ ၂၀၁၅ ခုနှစ် အာဆီယံဖူဆယ် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဝင်ပြိုင်နေသော မြန်မာ့လက်ရွေးစင်ဖူဆယ် အမျိုးသားဘောလုံး အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် လာအိုအသင်းကို ၁၂-၄ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

မြန်မာအမျိုးသားဖူဆယ်အသင်းသည် အုပ်စုပွဲစဉ် လေးပွဲကစားအပြီးတွင် နှစ်ပွဲ နိုင်၊ နှစ်ပွဲ ရှုံး ရမှတ် ခြောက်မှတ်ရရှိခဲ့ပြီး အုပ်စုတတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

မြန်မာအသင်းသည် သြစတြေးလျအသင်းကို ၃-၁ ဂိုး၊ ဗီယက်နမ်အသင်းကို ၂-၁ ဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဖိလစ်ပိုင်အသင်းကို ၁၃-၀ ဂိုး၊ လာအိုအသင်းကို ၁၂-၄ ဂိုးတို့ဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အုပ်စုပွဲစဉ်လေးပွဲအနက် သြစတြေးလျနှင့် ဗီယက်နမ်အသင်းတို့ကို ရှုံးနိမ့်ခဲ့သောကြောင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက် ခွင့် လွဲချော်ခဲ့သည်။

အုပ်စု(ခ)တွင် ဗီယက်နမ်အသင်းနှင့် သြစတြေးလျအသင်းတို့က ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက် နိုင်ခဲ့ပြီး အလားတူ အုပ်စု(က)တွင်လည်း ထိုင်းအသင်းနှင့် မလေးရှားအသင်းတို့က ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင် ခဲ့သည်။

၂၀၁၅ ခုနှစ် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီးမီးတက်နိုင်ခဲ့သော သြစတြေးလျ၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်းအသင်းတို့မှာ လာမည့် ၂၀၁၆ အာရှဖူဆယ်ပြိုင်ပွဲသို့ ဝင်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

အာဆီယံဖူဆယ်ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲသမိုင်းတစ်လျှောက် မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ၂၀၀၆ ခုနှစ်၌ အမြင့်ဆုံး တတိယဆုသာ ရရှိဖူးပြီး ကျန်သည့်နှစ်ပြိုင်ပွဲများတွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသလို ၂၀၁၅ ခုနှစ် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း အုပ်စုအဆင့်ဖြင့်သာ ထပ်မံကျေနပ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly