DAWN OF HEROES တွင် ပရိသတ်များကို ဖျော်ဖြေမှုပေးစွမ်းမည့် ပွဲကောင်း ၃ ပွဲ

DAWN OF HEROES တွင် ပရိသတ်များကို ဖျော်ဖြေမှုပေးစွမ်းမည့် ပွဲကောင်း ၃ ပွဲ

ONE: DAWN OF HEROES ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ကမ္ဘာပေါ်ရှိ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားများအနက် အံ့အားသင့်စရာ အကောင်းဆုံးကစားသမား ၂ ယောက်ဖြစ်သည့် Martin “The Situ-Asian” Nguyen နှင့် Koyomi “Moushigo” Matsushima တို့ ယှဉ်ပြိုင်ကြမည့် တွဲဆိုင်းဖြစ်သည်။

ဗီယက်နမ် - သြစတြေးလျကပြား Martin အနေဖြင့် ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် တတိ ယအကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲလည်းဖြစ်ပြီး ဂျပန်နိုင်ငံ့ဂုဏ်ဆောင် Koyomi ကလည်း ယှဉ်ပြိုင်ရအခက်ဆုံးသော စိန်ခေါ်သူအဖြစ် သတ်မှတ်ခံထားရသည်။

Martin နှင့် Koyomi တို့ပွဲမတိုင်မီ ONE ဖလိုင်းဝိတ် မွေထိုင်း ကမ္ဘာ့ချန်ပီယံရှစ်ခါးပတ်အတွက် ကမ္ဘာပေါ်တွင် အံ့အားသင့်စရာ အကောင်းဆုံး လူငယ်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားများဖြစ်သော Rodtang “Iron Man” Jitmuangnon နှင့် Jonathan “The General” Haggerty တို့ ရင်ဆိုင်သွားမည်ဖြစ်သည်။

ထို့အပြင် ပရိသတ်များအတွက် မယုံကြည်နိုင်စရာကောင်းသော ကမ္ဘာ့ဂရင်းပရီ ၃ ပွဲကလည်း အကောင်းဆုံး စွမ်းဆောင်မှုများဖြင့် ပရိသတ်များကို ဖျော်ဖြေမှု ပေးစွမ်းဦးမည်ဖြစ်သည်။ လိုက်ဝိတ်တန်းတွင် Eddie “ The Underground King” Alvarez နှင့် Eduard “Landslide” Folayang၊ ဖလိုင်းဝိတ်တန်းတွင် Demetrious “Mighty Mouse” Johnson နှင့် Tatsumitsu “The Sweeper” Wada၊ Danny “The King” Kingad နှင့် Reece “Lightning” McLaren တို့ ရင်ဆိုင်ယှဉ်ပြိုင်ကြမည့် တွဲဆိုင်းများဖြစ်သည်။

သို့သော်လည်း သြဂုတ်လ ၂ ရက်တွင် မနီလာမြို့ရှိ Mall Of Asia Arena တွင်ကျင်းပမည့် ကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့အစည်း၏ DAWN OF HEROES ပြိုင်ပွဲကြီးတွင် ချန်ပီယံစိန်ခေါ်ပွဲ၊ ဂရင်းပရီ တွဲဆိုင်းများလို မမျှော်လင့်ဘဲ ပရိသတ်များအကြိုက်တွေ့နိုင်မည့် ပွဲကြီးပွဲကောင်း ၃ ပွဲအား ဖော်ပြလိုက်ပါသည်။

Rodrik PK.Saenchaimuaythaigym Vs Andrew Miller

တစ်ပွဲတည်းသောONESuperSeriesတွဲဆိုင်းဖြစ်သော်လည်းပရိသတ်များအကြိုက်တွေ့စေရမည်ဟု အတပ်ပြောနိုင်သောတွဲဆိုင်းဖြစ်သည်။Rodlekသည်ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သော ONEChampionshipပွဲဦးထွက်အဖြစ်မွေထိုင်းကမ္ဘာ့ချန်ပီဆုကို၈ကြိမ်ရဖူးသောLiam“Hitman”Harrisonနှင့်ပြီးခဲ့သည့်ဇွန်လကယှဉ်ပြိုင်ထိုးသတ်ရသောပွဲတွင်ပရိသတ်များကိုကျေနပ်နှစ်သက်လောက်သည်အထိလက်စွမ်းပြနိုင်ခဲ့သည်။ နာမည်ကျော် မွေထိုင်းလက်ဝှေ့သမား Rodlek သည် အင်္ဂလန်နိုင်ငံသား၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်မှုများအား အကောင်းဆုံးရင်ဆိုင်ကာ ၎င်း၏အားပါသော လက်သီးချက်များဖြင့် အမှတ်ရအောင်ယူပြီး ဒိုင်လူကြီး ၃ ဦးစလုံး၏ အနိုင်ပေးမှုနှင့်အတူ အောင်ပွဲခံနိုင်ခဲ့သည်။

မွေထိုင်း ဘန်တန်ဝိတ်တန်းတွင် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ဖြစ်သူ Andrew “Maddog Fairtex” မှာ Rodlek ထက် အရပ်အမောင်း ပိုမိုမြင့်မားသလို Channel 7 Muay Thai World Champion ပြိုင်ပွဲတွင် ရင်ဆိုင်တွေ့စဉ် ကလည်း ထိုင်းနိုင်ငံ့ဂုဏ်ဆောင် ကစားသမားကို အခက်တွေ့စေခဲ့ဖူးသည်။

စကော့တလန်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားသည် လူချင်းပူးကပ်ကာ အနိုင်ရရှိရန် ကြိုးစားမည် ဖြစ်သော်လည်း Rodlek အနေဖြင့် လက်သီးများထိုးခြင်း၊ အဝေးမှ လှမ်းကာ ခြေကန်ချက်များဖြင့် တိုက်ခိုက်ခြင်းဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်သည်။

Geje Eustaquio Vs Yuya Wakamatsu

ကမ္ဘာ့အဆင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲများ၏ ဝိတ်တန်းများတွင် ဖလိုင်းဝိတ်တန်းလောက် အံ့အားသင့်စရာကောင်းသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားများရှိသည့် အခြားဝိတ်တန်းများရှိနိုင်မည်မဟုတ်ပါ။ ယခုလည်း ဖလိုင်းဝိတ် ကမ္ဘာ့ဂရင်းပရီ ဆီမီးဖိုင်နယ်ပွဲစဉ်များမတိုင်မီ အရန်ပွဲစဉ်အဖြစ် ထိပ်တန်းစိန်ခေါ်သူ ၂ ဦး ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ် Yuya “ Little Piranha” Wakamatsu သည် ပြိုင်ဘက်များကို အမြဲတမ်းရပ်တန့်လေ့ရှိသူဖြစ်သည်။ Tribe Tokyo MMA အသင်းသား Yuya သည် ပွဲစသည်နှင့် သံမဏိလက်သီးချက်များ အသုံးပြုလေ့ရှိပြီး ဒုတိယအနေဖြင့် ပြိုလဲကျလုဖြစ်နေသောပြိုင်ဘက်ကို ပွဲအစ ၁ မိနစ်အတွင်းမှာပင် အနိုင်ယူလေ့ရှိသည်။

ပြိုင်ဘက်ဖြစ်သူ Geje “Gravity” Eustaquio က Yuya အတွက် ဖြိုဖျက်ရန် ခက်ခဲသော ပြိုင်ဘက် ကောင်းတစ်ယောက်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ့ဂုဏ်ဆောင် Geje သည် မည်သည့်ပြိုင်ဘက်ကိုမဆို ကြောက်ရွံ့ ခြင်းမရှိသလို လက်သီးထိုးချက်များ ဖလှယ်ရန်လည်း စိုးရွံ့မှုမရှိသူလည်းဖြစ်သည်။ တိုက်စစ်အားသန်သော Saiful Merican နှင့် နပမ်းလုံးရာတွင် အထူးကျွမ်းကျင်မှုရှိသော Kairat Akhmetov တို့ နှင့် ယှဉ်ပြိုင်အနိုင်ရခဲ့သည့်ပွဲများက အကောင်းဆုံးသက်သေပြနေသည်။ ONE ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဟောင်း Geje က ကျွမ်းကျင်မှုအပြည့်ရှိသော တန်ပြန်တိုက်စစ်ဗျူဟာဖြင့်ရင်ဆိုင်ရန် စီစဉ်ထားပြီး ၁၅ မိနစ်အတွင်း ပွဲဖြတ်နိုင်ရန်လည်း ဆုံးဖြတ်ထားသည်။

 Geje အနေဖြင့် Yuya က အရပ်အမောင်းသာလွန်နေခြင်းကြောင့် ပြင်းထန်အားပါသော လက်သီးထိုးကွက်ဖြင့် အလဲထိုးနိုင်ရေး အတွက်လည်း ကြိုတင်ပြင်ဆင်ထားသည်။ Team Lakay အသင်းသား Geje အနေဖြင့် ခက်ခဲသည့်ပွဲစဉ်တစ်ပွဲ နှင့်ရင်ဆိုင်ရခြင်းဖြစ်သလို ဂျပန်နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဘဝတစ်လျှောက် ၁၀ ပွဲမြောက် အလဲထိုးနိုင် ပွဲရယူနိုင်မည့် အခွင့်အရေးကိုလည်း ရပ်တန့်အောင် စွမ်းဆောင်ရမည်ဖြစ်သည်။

Pongsiri Mitsatit Vs Miao Li Tao

ထိုင်းနိုင်ငံ့ဂုဏ်ဆောင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား Pongsiri “The Smiling Assassin” Mitsatit နှင့် တရုတ်နိုင်ငံ့ဂုဏ်ဆောင် Miao Li Tao တို့သည် ယခုပွဲအတွက် ၎င်းတို့၏အကောင်းဆုံးသော မဟာဗျူဟာကို အသုံးပြုသွားမည်က လျှို့ဝှက်ထားစရာမလိုသော အနေအထားဖြစ်သည်။ ပြီးခဲ့သည့် မေလအတွင်း နောက်ဆုံးယှဉ်ပြိုင်ထားသောပွဲတွင် ပြိုင်ဘက်ဖြစ်သူကို ဒူးတိုက်ချက်များဖြင့် အလဲထိုးအနိုင်ရခဲ့သော Pongsiri က ယခုပွဲတွင်လည်း ပထမအချီမှာပင် ဒူးတိုက်ချက်ဖြင့် အနိုင်ယူရန် ရည်မှန်းထားသည်။

Miao ကလည်း ထိုင်းကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ကြိုး ဝိုင်းပေါ် လဲကျသွားစေရန် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။ တိုက်ကွမ်ဒိုနည်းစနစ်ဖြင့် အမြန် ဆုံး ပွဲဖြတ်နိုင်ရန် Miao က ပွဲနည်းဗျူဟာ ချမှတ်ထားသည်။

နှစ်ဦးစလုံးက ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းကြီးတွင် အကောင်းဆုံးပွဲသိမ်းနိုင်ပွဲများ ရ ယူထားနိုင်သူများဖြစ်သည်။ စတောဝိတ်တန်းတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ကြမည့်ပွဲစဉ်က ငယ်ရွယ်ပျိုမြစ်သော ထွန်းသစ်စ ကစားသမားနှစ်ယောက်၏ တွဲဆိုင်းဖြစ်သောကြောင့် ဖျော်ဖြေမှုပေးစွမ်းနိုင်သော ပွဲကောင်းတစ်ပွဲအဖြစ် ရှုစားရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly