ʻအာဆင်နယ်ကို ပြောင်းရွှေ့လာရတာ အရမ်းကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။’ - နီကိုလပ်စ် ပီပီ

ʻအာဆင်နယ်ကို ပြောင်းရွှေ့လာရတာ အရမ်းကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။’ - နီကိုလပ်စ် ပီပီ
Photos: Arsenal

အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမား နီကိုလပ်စ် ပီပီဟာ အင်္ဂါနေ့က အာဆင်နယ်အသင်းနဲ့ ဆေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် အီမရိတ်စ်မှာ (၅)နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ချုပ်ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပီပီရဲ့ ပြောင်းရွှေ့ကြေးပေါင် (၇၂)သန်းမှာ ကနဦးပေးချေမှုအဖြစ် ပေါင်သန်း (၂၀) ကို စတင်ပေးချေခဲ့ပြီး လက်ကျန် ပေါင် (၅၂)သန်းကို အရစ်ကျပေးချေသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပီပီဟာ ၂၀၁၇ ခုနှစ်မှာ အန်ဂါစ်အသင်းမှ လိုင်လီအသင်းကို ရောက်ရှိခဲ့ပြီး ပြိုင်ပွဲစုံ (၇၄)ပွဲကစားခဲ့ရာမှာ (၃၅)ဂိုး သွင်းယူခဲ့ပါတယ်။

"ဒီကို ပြောင်းရွှေ့လာရတာ အရမ်းကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။"လို့ ပီပီက ပြောပါတယ်။ "ကျနေ်က ရှည်လျားတဲ့ လမ်းကြောင်းတစ်ခုကနေ လာနေရသလို အများကြီး လှုပ်ရှားရုန်းကန်ခဲ့ရတယ်။ ဒါ့ကြောင့် ကြီးကျယ်တဲ့ ဒီအသင်းကို ပြောင်းရွှေ့ရတာဟာ ကြီးမားတဲ့ဆုတစ်ခုပါပဲ။"

မန်ယူအသင်းမှ ပေါလ် ပေါ့ဂ်ဘာ (ပေါင် ၈၉ သန်း)၊ လူကာကူ (ပေါင် ၇၅ သန်း)နဲ့ လီဗားပူလ် နောက်ခံလူ ဗန်ဒိုက် (ပေါင် ၇၅ သန်း)တို့ပြီးနောက် ပီပီဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး (၄) ဦးမြောက် ကစားသမားဖြစ်လာပါတယ်။

ပီပီက "မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်ဖို့ အရေးကြီးဆုံးဖြစ်ခဲ့ပြီး အာဆင်နယ်ကို ပြောင်းရွှေ့မယ်ဆိုတာ မှန်ကုန်တဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။"လို့ ဆက်ပြောခဲ့ပါတယ်။

ပီပီဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉  ဘောလုံးရာသီ လီဂူ-၁ မှာ ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေပြီးနောက် ဒုတိယ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပြီး သူဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ် (၁၉) ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

ဂန်းနားတို့ရဲ့ နည်းပြ အမ်မရီက "နီကိုးလပ်စ်က စွမ်းဆောက်ရည် မြင့်မားပြီး သူ့မှာ ကိုယ်ပိုင်အရည်အသွေးရှိတဲ့ တောင်ပံကစားသမားတစ်ဦးပါ။ ဥရောပထိပ်တန်းအသင်းတွေကလည်း သူ့ကို အလိုရှိခဲ့ကြတယ်။ အခုအပြောင်းအရွှေ့စျေးကွက်မှာ ထိပ်တန်းအဆင့်တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့က ကျနော်တို့ရဲ့အဓိကကျတဲ့ ရည်ရွယ်တွေထဲက တစ်ခုဖြစ်ပြီး သူအသင်းကို လာရောက်ပူးပေါင်းလာခဲ့လို့ ကျနော် ကျေနပ်ပျော်ရွှင်မိပါတယ်။"လို့ ပြောပါတယ်။

"သူ့ရဲ့ မြန်ဆန်မှု၊ စွမ်းအားနဲ့ ဖန်တီးနိုင်မှုတွေကို အသင်းမှ ပေါင်းစပ်ပေးနိုင်မှာဖြစ်ပြီး ကျနော်တို့အသင်းအတွက် ဂိုးတွေ အများကြီးယူလာပေးနိုင်မှာပါ။"

အာဆင်နယ်အသင်းဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက အူဘာမီယန်းကို ဒေါ့မွန်ကနေ ပေါင် (၅၆)သန်းနဲ့ ခေါ်ယူပြီးနောက်ပိုင်း ပီပီဟာ ကလပ်စံချိန်တင်အမြင့်ဆုံး ပြောင်းရွှေ့ကြေးတစ်ခုဖြစ်လာပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly