အင်ဒိုနီးရှား ပြည်နယ်ခြောက်ပြည်နယ်မှာ မီးဘေးကြောင့် အရေးပေါ် အခြေအနေကြေညာထား

အင်ဒိုနီးရှား ပြည်နယ်ခြောက်ပြည်နယ်မှာ မီးဘေးကြောင့် အရေးပေါ် အခြေအနေကြေညာထား

ဂျကာတာ၊ သြဂုတ် ၂ ။         ။ စင်ကာပူနဲ့ နီးကပ်တဲ့ ပြည်နယ်သုံးပြည်နယ်အပါအဝင် အင်ဒိုနီးရှား ပြည်နယ်မြောက်ပြည်နယ်မှာ ကုန်းမြေမီးလောင်မှုနဲ့ တောမီးလောင်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။

အခုလ ခြောက်သွေ့ရာသီ အထွဋ်အထိပ်ရောက်ချိန်မှာ မီးလောင်မှုဘေးတွေ ဖြစ်ပွားနေတာကြောင့် ခုလို အရေးပေါ်အခြေအနေ ကြေညာရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တောမီးလောင်ကျွမ်းနေတဲ့ ပြည်နယ်ဟာ သုံးပြည်နယ်ရှိပြီး ဆူမတြားက ဂျမ်ဘီ၊ ရိုင်အူနဲ့ တောင်ဆူမတြားပြည်နယ်တွေပဲ ဖြစ်ပါတယ်။

မီးဘေးအရေးပေါ်အခြေအနေ ကြေညာထားရတဲ့ ကျန်ပြည်နယ်သုံးပြည်နယ်ကတော့ အနောက်၊ တောင်နဲ့ ဗဟိုကာလီမန်တန်ပြည်နယ်တွေပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းကို အင်္ဂါနေ့က ရိုက်ယူထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ အပူပြင်းဆုံး နေရာအမှတ် ၄၃၃ နေရာ ရှိပြီး ဒီအထဲမှာ ရိုင်အူပြည်နယ်က စံချိန်တင်အများဆုံးဖြစ်ကာ ၁၃၂ နေရာအထိ ရှိကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက ပြောပါတယ်။

အဲဒီ ပြည်နယ်တွေမှာ မီးလောင်မှုတွေ ဖြစ်ပွားရာနေရာတွေဆီ မီးသတ်အင်အားပေါင်း ၅၇၀၀ နီးပါး စေလွှတ်ဖြန့်ကြက်ထားသလို ရဟတ်ယာဉ် ၃၃ စီးကိုလည်း မီးငြိမ်းသတ်ရေးအတွက် အင်အားဖြည့်သုံးစွဲနေရပါတယ်။

ဒါအပြင် မိုးရွာသွန်းမှု ဖြစ်လာအောင် လေယာဉ်နှစ်စင်းနဲ့ မိုးတိမ်ဖွဲ့စည်းမှုကိုလည်း လုပ်ဆောင်နေလျက် ရှိနေပါတယ်။

အခုနှစ်မှာ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံနယ်မြေအချို့နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ တစ်လကျော်မက မီးခိုးမြူလွှမ်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပဲ ဖြစ််ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly