စည်ပင်သာယာရေးဌာန၏ အခွန်ကောက်ခံခြင်းလုပ်ငန်းများကို E-Government စနစ်ဖြင့် လုပ်ဆောင်မည်

စည်ပင်သာယာရေးဌာန၏ အခွန်ကောက်ခံခြင်းလုပ်ငန်းများကို E-Government စနစ်ဖြင့် လုပ်ဆောင်မည်

လာမည့် ဘဏ္ဍာနှစ်၌ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဌာန၏ အခွန်ကောက်ခံခြင်းလုပ်ငန်းများတွင် E-Government စနစ်ဖြင့်လုပ်ဆောင်သွားမည်ဟု တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

“၂၀၁၉-၂ဝဘဏ္ဍာနှစ် စည်သာယာရေးလုပ်ငန်းများမှ အိမ်အခွန်အကောက်စနစ်များ၊လုပ်ငန်းလိုင်စင်ပေးသည့် စနစ်များကို ကွန်ပျုတာဖြင့် စာရင်းသွင်းဆောင်ရွက်သွားဖို့ပြင်ဆင် ထားတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ တင်ဒါ ခေါ်ယူ ထားပြီး ပစ္စည်းတွေရပြီး သင်တန်းတွေပြီးအောင် စီစဉ်ထားတယ်။ ၂၀၁၉-၂ဝမှာ ကွန်ပျူတာနဲ့ စာရင်း ကောက်ယူခြင်း၊ အခွန်ပေးဆောင်ခြင်း၊ပြေစာထုတ်ပေးခြင်း တို့ကို လုပ်ဆောင်သွားမယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောသည်။

စည်ပင်သာယာရေးဌာနသည် လာမည့်ဘတ်ဂျက်နှစ်တွင် အိမ်နှင့်ဆိုင်သည့် အခွန်များ၊ လုပ်ငန်းလိုင်စင်ချပေး ခြင်းများကို E-Government အဖြစ် စတင်လုပ်ဆောင်မည်ဟု သိရပြီး လုပ်ငန်းအကောင်အထည်ဖော်ရန် အတွက် ပစ္စည်းများတင်ဒါ ခေါ်ထားပြီး နည်းပညာအတွက် ကုမ္ပဏီအား အကူအညီတောင်းထားကြောင်း သိရသည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly