ဖက်ယားရွက်ရဲ့ ဆေးဖက်ဝင်မှု

ဖက်ယားရွက်ရဲ့ ဆေးဖက်ဝင်မှု

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဖက်ယားရွက်ကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်းရှိနေနိုင်ပါတယ်။ ဆေးဖက်ဝင်တဲ့ဖက်ယားပင်ရဲ့ အကြောင်းလေးကို ဒီဆောင်းပါးလေးကနေတဆင့် လေ့လာကြည့်ဖို့ပြောပါရစေ။
ဖက်ယားရွက်
အရွက်နဲ့ပင်စည်မှာ အဆူးမွှေးသေးသေးတွေရှိနေနိုင်ပါတယ်။ မြောက်အမေရိက၊ ဥရောပနဲ့ အာဖရိကဒေသတွေမှာ ပေါက်ရောက်တတ်ကြပြီး လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်အပင်တစ်ခုအဖြစ်အသုံးပြုလာခဲ့ကြတာပါ။ အရွက်နဲ့ပင်စည်ပေါ်က ဆူးလေးတွေကိုထိမိရင်ဖြစ်တဲ့ ခံစားမှုကို အစွဲပြုလို့ ဖက်ယားပင်လို့ ခေါ်ဆိုခဲ့ကြတာပါ။
ဘယ်လိုဆေးဖက်ဝင်တာလဲ…….
ဖက်ယားပင်က သတိလက်လွတ်ကိုင်မိရင် လက်မှာ ယားတာ၊ ဆူးတာမျိုးဖြစ်နိုင်ပေမယ့် ဆေးဖက်ဝင်တဲ့ အာနိသင်တော့ရှိနေပါတယ်။
ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တယ်
ဖက်ယားရွက်က ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိသလို ဆီးကျိတ်ကြီးတာကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်တဲ့ ဆီူသွားရခက်တဲ့ပြဿနာကိုလည်း အကောင်းဆုံးသက်သာစေနိုင်ပါတယ်။
ဓာတ်မတည့်တာကို သက်သာစေနိုင်တယ်ဖက်ယားရွက်က ဝတ်မှုန်ကြောင့်ဖြစ်တဲ့ အဖျားရောဂါကို သက်သာစေနိုင်သလို ပတ်ဝန်းကျင်ကအရာတွေကြောင့် ဓာတ်မတည့်မှုဖြစ်ပြီး နှာချေတာ၊ နှာစေးတာ၊ မျက်လုံးယားတာလိုမျိုး ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်ပါတယ်။

အဆစ်နာတာတွေကို သက်သာစေနိုင်တယ်
အဆစ်နာတာကို သက်သာစေဖို့အတွက်လည်း ဖက်ယားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ဖက်ယားရွက်ကို ရေနွေးဖျောလို့ နာတဲ့အဆစ်တွေပေါ်မှာ ပွတ်ခြေပေးရင် အဆစ်နာတာကို သက်သာစေနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ်

ဖက်ယားရွက်ရဲ့ နောက်ထပ်အာနိသင်တစ်ခုက သွေးတိုးကျစေနိုင်တာပါ။ သွေးတိုးရောဂါကို သက်သာစေဖို့အတွက်လည်း ဖက်ယားရွက်ကို အရင်ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဖက်ယားရွက်ကို ချက်ပြုတ်ပြီး စားသုံးလို့လည်းရပါတယ်။

လေးဖက်နာရောဂါကို သက်သာစေနိုင်တယ်

လေးဖက်နာရောဂါရှိသူတွေအနေနဲ့လည်း လေးဖက်နာကြောင့်ဖြစ်တဲ့ အဆစ်နာတာတွေကို သက်သာစေဖို့  ဖက်ယားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ဖက်ယားရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတာကြောင့် အဆစ်အမြစ်တွေနာကျင်ရောင်ရမ်းတာကို သိသိသာသာသက်သာစေမှာပါ။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

ဖက်ယားရွက်ရဲ့ နောက်ထပ်ကျန်းမာရေးအာနိသင်တစ်ခုက အစာခြေစနစ်ကို ကျန်းမာစေနိုင်တာပါ။ ဒါကြောင့် အစာအိမ်ရောဂါရှိတာ၊ အူလမ်းကြောင်းပြဿနာရှိသူတွေအနေနဲ့ ဖက်ယားရွက်ကို အသုံးပြုပေးလို့ရပါတယ်။

သွေးချိုဆီးချိုသက်သာစေနိုင်တယ်

လေ့လာချက်တွေအရ ဖက်ယားရွက်မှာပါဝင်နေတဲ့ အပင်ဒြပ်ပေါင်းတစ်ခုက ဆီးချိုသွေးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ဖက်ယားရွက်ကို သဘာဝဆေးဖက်ဝင်အပင်တစ်ခုအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။

ဒါတွေပြင် ဖက်ယားရွက်က အနာသက်သာစေနိုင်သလို ဆီးရွှင်စေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ နာကျင်မှုကို သက်သာစေပြီး ခန္ဓာကိုယ်ကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
ဘယ်သူတွေနဲ့မသင့်တော်ဘူးလဲ…………

ဖက်ယားရွက်က ဆေးဖက်ဝင်တာမှန်ပေမယ့်လဒီအခြေအနေမျိုးမှာတော့ သတိထားဖို့ လိုမှာပါ။

  •     ဖက်ယားပင်နဲ့ဓာတ်မတည့်တဲ့သူတွေ
  •     ကိုယ်ဝန်ဆောင်တွေ
  •     သွေးကျဲဆေးသောက်နေရသူတွေ
  •     သွေးပေါင်ကျဆေးသောက်နေရသူတွေ
  •     အဆစ်ရောင်တာတွေအတွက် ဆေးသောက်နေရသူတွေ ကတော့ ဖက်ယားရွက်နဲ့မသင့်တော်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly