ရှစ်ရက်အတွင်း သုံးကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်တဲ့ မြောက်ကိုရီးယားကို ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ ရှုတ်ချ

ရှစ်ရက်အတွင်း သုံးကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်တဲ့ မြောက်ကိုရီးယားကို ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ ရှုတ်ချ

ကုလသမဂ္ဂ၊ သြဂုတ် ၂ ။         ။ ရှစ်ရက်အတွင်းမှာ သုံးကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်တဲ့ မြောက်ကိုရီးယားနိုင်ငံကို ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့က ရှုတ်ချကြောင်း ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံရဲ့အရှေ့ကမ်းရိုးတန်းကနေ တာတိုပစ်ဒုံးကျည်တစ်စင်းကို ပစ်လွှွတ်ခဲ့တာဖြစ်ပြီး ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီသုံးနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးအပြီးမှာ ရှုတ်ချလိုက်ကြတာဖြစ်ပါတယ်။

အဆိုပါ ရှုတ်ချကြောင်း ထုတ််ပြန်ချက်ကို ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ် ကာရန်းပီယာစေးက ဖတ်ကြားရာမှာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ တစ်ပတ်ကျော်လောက်အတွင်းမှာ အမျိုးအစားခွဲခြားမသိရသေးတဲ့ တာတိုပစ်ဒုံးကျည််တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလို ပစ်လွှတ်တာဟာ အခုလအတွင်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု စီစဉ်ထားတာကို တုံ့ပြန်ပုံရကြောင်း တောင်ကိုရီးယားက ဆိုပါတယ်။

လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးအပြီးမှာ ဗြိတိန်၊ ပြင်သစ််နဲ့ ဂျာမနီနိုင်ငံတွေက မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ နျူကလီးယားစီမံကိန်းတွေနဲ့ ပဲ့ထိန်းဒုံးကျည်စီမံကိန်းတွေကို ဖျက်သိမ်းတဲ့အထိ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ တင်းပြည့်ကြပ်ပြည့် ဖိအားပေးသွားဖို့ လိုအပ်ကြောင်း ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly