အင်ဒိုနီးရှား အာချေးပြည်နယ်မှာ အိမ်ထောင်ပြင်ပ လိင်ဆက်ဆံတာကြောင့် လူ ၁၁ ဦးကို လူမြင်ကွင်းရှေ့ ကြိမ်ဒဏ်ပေး

အင်ဒိုနီးရှား အာချေးပြည်နယ်မှာ အိမ်ထောင်ပြင်ပ လိင်ဆက်ဆံတာကြောင့် လူ ၁၁ ဦးကို လူမြင်ကွင်းရှေ့ ကြိမ်ဒဏ်ပေး

ဂျကာတာ၊ သြဂုတ် ၁ ။         ။ ကမ္ဘာ့မွတ်စလင်ဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံရဲ့ တစ်ခုတည်းသော ရှာရီယာဥပဒေ ကျင့်သုံးတဲ့ အာချေးပြည်နယ်မှာ သြဂုတ် ၁ ရက်က အိမ်ထောင်ပြင်ပ လိင်ဆက်ဆံမှုနဲ့ လူ ၁၁ ဦးကို လူမြင်ကွင်းရှေ့ ကြိမ်ဒဏ်အပြစ်ပေးခဲ့ပါတယ်။

စုံတွဲငါးတွဲကို အိမ်ထောင်ပြင်ပ လိင်ဆက်ဆံတယ်လို့ စွဲဆိုပြီး ကြိမ်ဒဏ် ရှစ်ချက်ကနေ ၃၃ ချက်ကြား အသီးသီး ကြိမ်ဒဏ်အပြစ်ပေးခဲ့တာပါ။

ဆူမတြားကျွန်းရဲ့ အနောက်မြောက်ပိုင်း ပြည်နယ်မြို့တော် ဘန်ဒါအာချေးက ဗလီတစ်လုံးရှေ့မှာ စုရုံးရောက်ရှိနေတဲ့ လူဒါဇင်များစွာ ရှေ့မှောက် အဆိုပါ စုံတွဲတွေကို ကြိမ်ဒဏ်ရိုက်တာလည်း ဖြစ်ပါတယ်။

စုံတွဲတွေဟာ အိမ်ထောင်ပြုခြင်း မရှိဘဲ လိင်ဆက်ဆံတာအတွက် ခုလို ကြိမ်ဒဏ်ပေးခံရတာဖြစ်ပြီး ကျန်တဲ့ အမျိုးသားတစ်ဦးကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးနဲ့ အလားတူ အိမ်ထောင်ပြင်ပ လိင်ဆက်ဆံမှု ကျူးလွန်တာအတွက် အပြစ်ပေးတာ ဖြစ်ပါတယ်။

သူတို့တွေကို ကြိမ်တုတ်နဲ့ ရိုက်ပြီး အပြစ်ပေးနေတာကို စုရုံးကြည့်ရှုနေတဲ့ လူတွေမှာ တစ်ချို့က လက်ကိုင်ဖုန်းတွေနဲ့ ကြိမ်ဒဏ်အပြစ်ပေးနေတာကို ဗီဒီယို ရိုက်ယူကြပါတယ်။

အာချေးပြည်နယ်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ တင်းကြပ်တဲ့ ရှာရီယာဥပဒေကို ကျင့်သုံးနေတဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး ဒီလို အလယ်ခေတ်က အမူအကျင့်ဓလေ့တွေ ကျင့်သုံးနေဆဲ ဖြစ်တာကြောင့် ကမ္ဘာ့လူအခွင့်အရေး အုပ်စုတွေက ဝေဖန်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly