တိုင်းရင်းသားများနှင့် EAO များပါဝင်သည့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးကော်မရှင်ဖွဲ့စည်းရန် တစ်သီးပုဂ္ဂလ အမတ်အကြံပြု

တိုင်းရင်းသားများနှင့် EAO များပါဝင်သည့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးကော်မရှင်ဖွဲ့စည်းရန် တစ်သီးပုဂ္ဂလ အမတ်အကြံပြု

ရန်ကုန်၊ သြဂုတ် ၁ ။            ။ ကန့်ကွက်မှုများဖြင့် ကြုံတွေ့နေရသည့် အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ၏ အစီ ရင်ခံစာနှင့်ပတ်သက်၍ တိုင်းရင်းသားများနှင့် EAO များပါဝင်သည့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးကော်မရှင် ဖွဲ့စည်းရန် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ တစ်သီးပုဂ္ဂလအမတ်ဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက အကြံပြုပြောဆိုလိုက်သည်။

သြဂုတ်လ (၁) ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ် မြောက် ပုံမှန် အစည်းအဝေး သတ္တမနေ့၌ ၄၅ ဦး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးစဉ် ထည့်သွင်းအကြံပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အကြံပြုလိုတာက စာအုပ်တစ်အုပ်လုံးအသစ်ရေးဆွဲသလိုတွေ့ရသည်ကြောင့် ပြည်သူအားလုံးနဲ့ဆိုင်သည့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးကော်မရှင်တစ်ရပ်ကို တင်ပြပါ အတိုင်းဖွဲ့စည်းသင့်တယ်။ အထူးသဖြင့်တော့ တိုင်းရင်းသား ၁၅၃ မျိုးက ကိုယ်စားလှယ်တွေပါရသလို ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ EAO အဖွဲ့ တွေလည်းပါရင် ပိုပြီးတော့သင့်တော်မယ်” ဟု ဦးစိုးသိန်းက ပြည် ထောင်စုလွှတ်တော်တွင် တင်ပြခဲ့ခြင်း ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာထဲတွင် အခြေခံ ဥပဒေထဲမှ ပုဒ်မများအပေါ် ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်၊ မူလအတိုင်းထားရန်ဟုဆိုကာ အကြံပြု ချက်ပေါင်း ၃၇၆၅ ချက် ပါဝင်နေခြင်းလည်းဖြစ်သည်။

အဆိုပါအကြံပြုချက် ၃၇၀၀ ကျော်အား ပြည်သူလူထုမှ ကွဲကွဲပြားပြားသိရှိစေရန် ချပြသင့်ကြောင်း ကယား ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြည်ထောင်စု လွှတ်တော်တွင် ပြောဆိုဆွေးနွေးခဲ့သည်။

သြဂုတ် (၁) ရက်နေ့နံနက်ပိုင်းအစည်းအဝေးတွင် ပူးပေါင်းကော်မတီ၏အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးခန့်ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ကြံခိုင်ရေးအမတ်အားလုံးမှလည်း ကန့်ကွက်ခဲ့ကြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်း မရှိပါသဖြင့် ဆက်လက်ဆောင်ရွက်ရန်မသင့်ပါကြောင်း ကန့်ကွက်ပါ ကြောင်းနဲ့ ဖွဲ့စည်းပုံအခြခံဥပဒေ အခန်း ၁၂ အတိုင်းပြင်ဆင်သင့် ပါကြောင်း အကြံပြုဆွေးနွေး တင်ပြ အပ်ပါတယ်” ဟု ပြည်ခိုင်ဖြိုးအမတ်ဖြစ်သူ လွိုင်လင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ ကဆိုသည်။

ယခုပူပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်းကိုလည်း တပ်ကိုယ်စားလှယ်များက အစီရင်ခံစာတွင် သဘောထားမှတ်ချက်ပြုခဲ့ဖူးသည်။

သို့သော် ယခုအစီရင်ခံစာကို လွှတ်တော်တွင်အတည်ပြုပြီးပါက ပူးပေါင်းကော်မတီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲတော့မည်လည်းဖြစ်သည်။

အစီရင်ခံစာကို ဆွေးနွေးရန် ကနဦးက လွှတ်တော်အမတ် ၁၂၅ ဦးက အမည်စာရင်း ပေးထားကြသော်လည်း တပ်မတော်ဘက်မှ ပြန်ရုပ်သိမ်းခဲ့သောကြောင့် စုစုပေါင်း လွှတ်တော်အမတ် ၄၇ ဦးကဇူလိုင် ၃၀ မှစတင်ကာ ပြည်ထောင်စုလွှတ်တော်တွင်ဆွေးနွေးနေ ကြခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly