အာဖဂန်နစ္စတန်နိုင်ငံမှာ လမ်းဘေးဗုံးပေါက်ကွဲပြီး လူ ၃၄ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံမှာ လမ်းဘေးဗုံးပေါက်ကွဲပြီး လူ ၃၄ ဦး သေဆုံး

ကဘူးလ်၊ ဇူလိုင် ၃၁ ။          ။ အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဖာရတ်ပြည်နယ်က အမျိုးသားအဝေးပြေးမကြီးမှာ ထောင်ထားတဲ့ လမ်းဘေးဗုံး ဇူလိုင် ၃၁ ရက်က ပေါက်ကွဲပြီး ခရီးသည်ကားတစ်စီးကို ထိမှန်တာမှာ လူပေါင်း ၃၄ ဦး ဆေုံးပြီး ၁၇ ဦး ဒဏ်ရာရပါတယ်။

နံနက် ခြောက်နာရီလောက်မှာ ခရီးသည်တွေ တင်ဆောင်ထားတဲ့ ဘတ်စ်ကားဟာ ပါကင်ထိုးချိန် ဗုံးပေါက်ကွဲတာ ဖြစ်ပါတယ်။

ဟာရတ်နဲ့ ကန်ဒါဟာပြည်နယ်တွေ ချိတ်ဆက်ထားတဲ့ လမ်းမမှာ ခုလို ပေါက်ကွဲမှု ဖြစ်တာလို့ ဖာရတ်ပြည်နယ် ရဲဌာန ပြောခွင့်ရသူ မူဟီဘူလက်က ပြောပါတယ်။

သေဆုံးသူ ဦးရေကို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဆီဒက်ဆီဒီကီက အတည်ပြုပြီး တာလီဘန်တွေ ကျူးလွန်တဲ့ လူအစုအပြုံ သတ်ဖြတ်မှုလို့ ပြောဆိုလိုက်ပါတယ်။

“အခု ပေါက်ကွဲမှုက သေဆုံးသူတွေဟာ အမျိုးသမီးနဲ့ ကလေးတွေပါ ပါတဲ့ အရပ်သားတွေချည်းပဲ ဖြစ်တယ်။”လို့ ဆီဒက်က ပြောပါတယ်။

ပေါက်ကွဲမှု ကြုံတဲ့သူတွေအားလုံးကို အနီးက ဟာရတ်ပြည်နယ်ဆီ ခေါ်ဆောင်ထားပြီး ဒဏ်ရာရသူတွေကို ရဲစခန်းတွေမှာ ဦးစွာ ပြုစုကုသမှု ပေးခဲ့ပါတယ်။

အာဖဂန်က တည်ငြိမ်မှုကင်းမဲ့ရာ ဖာရတ်ပြည်နယ်မှာ ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲပဲ ဖြစ်ပြီး ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်းမှာ အရပ်သား သေဆုံးနှုန်းဟာ မြင့်မားလျက် ရှိနေပြီး ၂၀၁၉ ပထမနှစ်ဝက်မှာပဲ သေဆုံးနှုန်းဟာ ၁၃၆၆ ဦး ရှိပြီး ဒဏ်ရာရသူက ၂၄၄၆ ဦး ရှိကြောင်း ကုလသမဂ္ဂ အာဖဂန်နစ္စတန်ရေးရာ မစ်ရှင်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly