အန်ကာရာဗုံးခွဲမှုတွင် အဓိကမသင်္ကာသူမှာ အိုင်အက်စ်ဖြစ်ဟု တူရကီဝန်ကြီးချုပ်ပြော

အန်ကာရာဗုံးခွဲမှုတွင် အဓိကမသင်္ကာသူမှာ အိုင်အက်စ်ဖြစ်ဟု တူရကီဝန်ကြီးချုပ်ပြော

အန်ကာရာ၊ အောက်တိုဘာ ၁၂ ။                 ။ သီတင်းပတ်အကုန်က အန်ကာရာတွင် ငြိမ်းချမ်းစွာ စုဝေးမှုတစ်ခုတွင် ဗုံးခွဲမှုများကြောင့် မသင်္ကာသူ၁၂၈ဦးအထိသေဆုံးစေမှုတွင် အဓိက မသင်္ကာသူအဖြစ် တူရကီသည် အိုင်အက်စ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဝန်ကြီးချုပ် အာမက်ဒါဗူတော့ဂလူက အောက်တိုဘာ ၁၂ တွင်ပြောသည်။

"ဖြစ်ရပ်ဖြစ်ပွားမှုကို လေ့လာပြီးတော့ အဓိကမသင်္ကာသူအဖြစ် အိုင်အက်စ်ကို ကျွန်တော်တို့စုံစမ်းစစ်ဆေးနေပါတယ်။"ဟု ဒါဗူတော့ဂလူက ပြောသည်။ တိုက်ခိုက်မှုများမှာ အသေခံဗုံး ခွဲသမားနှစ်ဦးက ပြုလုပ်ခဲ့သည်မှာ သေချာသည်ဟုလည်း ၎င်းကဆိုသည်။

"ဗုံးခွဲသမားနှစ်ဦးအနက် တစ်ဦးကို ဖော်ထုတ်ဖို့ ကျွန်တော်တို့ နီးစပ်နေပါပြီ"ဟု၎င်းကNTV ရုပ်သံသို့ပြောသည်။ ယင်းသို့ဖော်ထုတ်နိုင်ပါက တိုက်ခိုက်မှုနောက်ကွယ်က အဖွဲ့အစည်းကို သိရှိနိုင်မည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

သို့သော်လည်း ဒါဗူတော့ဂလူက ဖြစ်နိုင်ဖွယ်ရာ အခြားမသင်္ကာသူများတွင် မတရားသင်းကြေညာထားသည့် Kurdistan Workers' Party (PKK)ပါတီနှင့် လက်ဝဲစွန်း Revolutionary People's Liberation Party-Front(DHKP-C) ပါတီလည်းပါဝင်သည်ဟု ပြောသည်။

ခေတ်သစ်တူရကီသမိုင်းတွင် ကြောက်မက်ဖွယ်ရာအကောင်းဆုံး တိုက်ခိုက်မှုအဖြစ် အန်ကာရာမြို့တော်အလယ်တွင် လက်ဝဲဝါဒီနှင့် ကာ့ဒ်တက်ကြွ လှုပ်ရှားသူများကို ထောက်ခံသူများက ပြုလုပ်သော ငြိမ်းချမ်းသည့် ဆန္ဒပြစုဝေးမှုတွင် အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly