ဆူပူအုံကြွမှုနဲ့ ဆန္ဒပြသူတွေ ဖမ်းဆီးထားရာ ရဲစခန်းရှေ့ ဟောင်ကောင်ပြည်သူ ရာပေါင်းများစွာ စုရုံးဆန္ဒပြ

ဆူပူအုံကြွမှုနဲ့ ဆန္ဒပြသူတွေ ဖမ်းဆီးထားရာ ရဲစခန်းရှေ့ ဟောင်ကောင်ပြည်သူ ရာပေါင်းများစွာ စုရုံးဆန္ဒပြ

ဟောင်ကောင်၊ ဇူလိုင် ၃၁ ။       ။ ဟောင်ကောင် ဆန္ဒပြမှုတွေအတွင်း ဆူပူအုံကြွမှုနဲ့ တက်ကြွလှုပ်ရှားသူ ၄၄ ဦးကို ဖမ်းဆီးထားတဲ့ ကွေ့ချောင်းရဲစခန်းရှေ့မှာ ပြည်သူ ရာပေါင်းများစွာက လာရောက်စုရုံးပြီး ဆန္ဒပြကြပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက တရုတ်ကိုယ်စားလှယ်ရုံးကို အကာအကွယ်ပေးနေတဲ့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ််ပွားအပြီးမှာ ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတာပါ။

တရုတ်ဆီ တရားခံလွှဲပြောင်းပေးအပ်တဲ့ ဥပဒေကြမ်းကို  ဆန့်ကျင်ရာကနေ ရေရှည်ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေအတွင်းမှာ ခုလို အဓိကရုဏ်အုံကြွမှုနဲ့ ဖမ်းဆီးတာဟာဆိုရင် ပထမဆုံးလည်း ဖြစ်ပါတယ်။

ကွေ့ချောင်းရဲစခန်းမှာ လာရောက်စုရုံးဆန္ဒပြကြသူတွေကို ဟောင်ကောင်ရဲပ်ဖွဲ့က ငရုတ်ကောင်းမှုတ်ဆေးတွေနဲ့ လူစုခွဲခဲ့ပါတယ်။ ရဲတာဝန်ရှိသူတစ်ဦးက ဆန္ဒပြလူအုပ်ကို သေနတ်ဝှေ့ယမ်း ခြောက်လှန့်တဲ့အထိလည်း ဖြစ်ပွားပေါ်ပေါက်ပါတယ်။

ဟောင်ကောင်မှာ အဓိကရုဏ်းအုံကြွမှုပြစ်ချက်ဟာ ထောင်ဒဏ်အများဆုံး ဆယ်နှစ်အထိ ချမှတ်နိုင်တတာပဲ ဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေကတော့ သူတို့ဟာ ဘယ်လို ရာဇဝတ်မှုမျိုးကိုမှ ကျူးလွန်ခြင်း မရှိဘူးလို့ ဆိုရင် တရားမျှတရေးအတွက် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်က လမ်းတွေကို ပိတ်ဆို့ပြီး ဝင်ရောက်စီးနင်းဖို့ လုပ်ဆောင်တဲ့ ဆန္ဒပြသူတွေရဲ့ လက်ကနေ တရုတ်ကိုယ်စားလှယ်ရုံးကို ရဲတပ်ဖွဲ့က ကာကွယ်ရင်း မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရာဘာကျည်တွေနဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းပြီး ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags