ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအချက်များကို ပြည်ထောင်စုလွှတ်တေ်ာတွင် တပ်မတော်သား ကိုယ်စား လှယ်များက ဝင်ရောက်ဆွေးနွေးခြင်းမရှိတော့သည့်အတွက် အချိန်ကုန်သက်သာသွားကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ကပြောသည်။
“အချိန်ကုန်သက်သာသွားတာပေါ့။ နောက်ပြီးတော့ အကြိတ်အနယ်တွေဖြစ်စရာတွေ အခုခံ တွေဖြစ်စရာတွေ မရှိဘူးဆိုတော့ လုပ်ငန်းစဉ်လေးတစ်ခုကတော့ ဒီအဆင့်တစ်ဆင့်မှာတော့ ချောချောမွေ့မွေ့နဲ့ အချိန်တိုတိုနဲ့ ပြီးသွားနိုင်တာပေါ့”ဟု ဦးအောင်ကြည်ညွန့် က ဆုသည်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်၊ မူလအတိုင်းထားရှိရန် ဆိုပြီး အချက်ပေါင်း ၃ရဝဝကျော်ပါဝင်ထားပြီး အဆိုပါအချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၂၅ဦးက ဆွေးနွေးရန် ကနဦး စာရင်းပေးထားသည်။ အဆိုပါ ၁၂၅ဦး၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၈ရဦးပါဝင်ခဲ့ပြီး ဇူလိုင်လ ၂၉ရက်နေ့တွင် တပ်မတော်မှ ဆွေးနွေးမည့် စာရင်းကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။
ရိုက်ကူး- အောင်မြတ်သူ