ပါကစ္စတန်မှာ ဆိုင်ကယ်ဗုံးပေါက်ကွဲလို့ ငါးဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရ

ပါကစ္စတန်မှာ ဆိုင်ကယ်ဗုံးပေါက်ကွဲလို့ ငါးဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရ

ကရာချိ၊ ဇူလိုင် ၃၁ ။         ။ ပါကစ္စတန်အနောက်တောင်ပိုင်းမှာ ရဲကားတစ်စီးကို ဆိုင်ကယ်တစ်စီးက ဝင်တိုက််ပြီး ဗုံးဖောက်ခွဲရာမှာ လူ ငါးဦး သေဆုံးပြီး ၂၅ ဦးကျော် ဒဏ်ရာရပါတယ်။

အီရန်၊ အာဖဂန်နစ္စတန်တို့နဲ့ နယ်စပ်ထိစပ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝရာ ဘာလူချီစတန်ပြည်နယ်က ကွီတာမြို့မှာ အဝေးထိန်းခလုပ်နဲ့ ဆိုင်ကယ်ကို ဖောက်ခွဲပြီး တိုက်ခိုက်ခဲ့မှု ဖြစ်ပွားတာပါ။

“ရဲစခန်းအပြင်ဖက်မှာ ရပ်ထားတဲ့ ရဲကားကို ပစ်မှတ်ထားပြီး ဆိုင်ကယ်ဗုံး ဖောက်ခွဲခဲ့တာပါ။”လို့ ပြည်နယ်ရဲချုပ် မိုရှင်းဟာဆန်က ပြောပြီး သေဆုံးသူတွေမှာ ရဲတာဝန်ရှိသူနှစ်ဦး ပါဝင်ကြောင်း ဖြည့်စွက်ပြောပါတယ်။

“ဒဏ်ရာရသူတွေမှာ အခြေအနေ စိုးရိမ်ရသူတွေ ရှိတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ခြေရှိတယ်။”လို့လည်း ၎င်းက ဆိုပါတယ်။

အခု တိုက်ခိုက်မှုကို ပြည်နယ်အစိုးရရုံး ပြောခွင့်ရသူ ရှာဝါနီက အတည်ပြုပြီး တိုက်ခိုက်မှုဟာ မြို့ရဲ့ လူစည်ကြားရာ စျေးအတွင်း လူအသွားအလာ များပြားချိန်မှာ ဖြစ်ပွားခဲ့တာလို့ အေအက်ဖ်ပီကို ပြောပါတယ်။

“ဒဏ်ရာရသူ တော်တော်များများက လမ်းသွားလမ်းလာတွေ ဖြစ်တယ်။”လို့ ရှာဝါနီက ပြောပါတယ်။

အခု တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ ၎င်းတို့ ကျူးလွန်ကြောင်း ကြေညာလာခြင်း မရှိသေးပါ။

ဘာလူချီစတန်ပြည်နယ်ဟာ ပါကစ္စတန််ရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ဖြစ်ပြီး အစ္စလာမ္မစ် စစ်သွေးကြွ တိုက်ခိုိက်မှုတွေ၊ ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုတွေနဲ့ ခွဲထွက်ရေး ပုန််ကုန်ထကြွမှုတွေရဲ့ ဒဏ်ကို ခါးစည်းခံနေရတဲ့ ပြည်နယ်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly