ဆင်းရဲမှုမျဉ်းအောက်ရှိနေသော ပြည်သူသန်း ရ၀ကို ခြောက်နှစ်အတွင်း ဆွဲထုတ်ရန် စီစဉ်နေဟု တရုတ်ပြော

ဆင်းရဲမှုမျဉ်းအောက်ရှိနေသော ပြည်သူသန်း ရ၀ကို ခြောက်နှစ်အတွင်း ဆွဲထုတ်ရန် စီစဉ်နေဟု တရုတ်ပြော

ပေကျင်း၊ အောက်တိုဘာ ၁၂ ။                    ။ တရုတ်တွင် ရှိနေသည့် ဆင်းရဲမှုမျဉ်းအောက်ရှိ ပြည်သူ သန်း ၇၀ ကို တစ်လလျင်ပျမ်းမျှ တစ်သန်းနှုန်းဖြင့် လာမည့်ခြောက်လအတွင်း ဆွဲထုတ်ပစ်ရန် စီစဉ်နေသည်ဟု ကက်ဘိနက်ဝန်ကြီးတစ်ဦးက အောက်တိုဘာ ၁၂ တွင်ပြောကြားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း စီးပွားရေးတိုးတက်မှုလျင်မြန်ခဲ့သော်လည်း ဆင်းရဲမွေတေမှုမှာ ပြသနာကြီးတစ်ခုအဖြစ် တရုတ်တွင်ရှိနေသေးပြီး အထူးသဖြင့် ကျေးလက်ဒေသများတွင် အလုပ်အကိုင်မရှိသဖြင့် ကျန်းမာသောလူကြီးများမှာ ကလေးနှင့် အသက်ကြီးသူများကို ထားရစ်ကာ အခြားအရပ်သို့ သွားရောက်အလုပ်လုပ်နေရသည်။

"ဆင်းရဲမွဲတေမှုအားလုံးကို ကျွန်တော်တို့ ခြောက်နှစ်အတွင်း တိုက်ဖျက်ပစ်မယ်"ဟု တရုတ် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးရေးနိုင်ငံတော်ကောင်စီဦးဆောင်အဖွဲ့ရုံးမှ ဒု-ညွှန်ကြားရေးမှူး ဟုန်ထျန်ယွန်က ပြောကြားမှုကို အစိုးရ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်တွင် အများအားဖြင့် ကျေးလက်ဒေသမှ ပြည်သူသန်း ၇၀မှာ ဆင်းရဲမှုမျဉ်းအောက်တွင် ရှိနေပြီး တစ်နှစ်လျင် ယွမ် ၂,၃၀၀ (၂၃၆ပေါင်) သာဝင်ငွေရရှိသည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ ရှင်ဟွာက အမျိုးသားစာရင်းအင်းဗျူရိုကို ကိုးကား၍ လွန်ခဲ့သည့်လက အစီအရင်ခံခဲ့သည်။

"အထူးတလည်ချမှတ်ထားတဲ့ ရှေ့ဆောင်ရှေ့ရွက်အစီအစဉ်ကြီးတွေမရှိဘူးဆိုရင် ဒီမစ်ရှင်အောင်မြင်မှုရဖို့က အတော်ကြီးကို ခက်ခဲသွားပါလိမ့်မယ်။ ဒါ့ကြောင့် ဗဟိုကနေ ဒေသခံအာဏာပိုင်တွေအထိ၊ ထိပ်ဆုံးကနေ အောက်ခြေအထိ ဖိအားတွေက ရှိလာနေမှာပဲ"ဟု ဟုန်ကပြောသည်။

လွန်ခဲ့သည့်နှစ်က လျော့နည်းသည့်အတွက် ယခုနှစ်တွင် ဗဟိုဘဏ်မှ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် နောက်ထပ်ဘဏ္ဍာငွေများပို၍ ရောက်ရှိလာမည်ဟု လေ့လာသူများက ပြောသည်။

၂၀၁၄ခုနှစ်က ဆင်းရဲမှုမျဉ်းအထက်သို့ရောက်ရန် လူ ၁၂ဒသမ၃သန်းခန့်သည် လုံလောက်သည့်ဝင်ငွေရရှိခဲ့သော်လည်း ၂၀၁၁ခုနှစ်ကမူ ၄၃ဒသမ၃သန်းအထိရှိခဲ့သည်ဟု ရှင်ဟွာကဖော်ပြခဲ့သည်။

အခမဲ့အသက်မွေးဝမ်းကျောင်း ကျောင်းများ၊ ပိုမိုကောင်းမွန်သည့် ပြည်သ့ဝန်ဆောင်မှုလုပ်ငန်းများ၊ လုပ်ငန်းသစ်များအတွက် ငွေကြေးထောက်ပံ့မှုများနှင့် ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှုနှင့် လမ်းများတိုးတက်ရေးတို့ပါဝင်သည့် အစီအစဉ်တစ်ခု အဆိုပြုခဲ့ပြီး နိုင်ငံ၏နယ်နိမိတ်အတွင်း ဆင်းရဲမွဲတွေမှုတိုက်ဖျက်ရေးပန်းတိုင်အဖြစ် ၂၀၂၀ပြည့်နှစ်ကို ယခင်ကချမှတ်ခဲ့သည်။

သို့သော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံကြီး၏ စီးပွားရေးနှေးကွေးမှုနှင့်အတူ ဆင်းရဲချမ်းသာ ကွာဟမှုကျယ်ပြန့်လာခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများလည်း မြင့်မားလာသည်။ ပေကျင်းသည် တက္ကသိုလ်ဘွဲ့ရများအတွက် အလုပ်အကိုင်ဖန်တီးပေးရေးအတွက် ကြီးမားသည့်ဖိအားနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly