အိန္ဒိယက မြန်မာသို့ ရေငုပ်သင်္ဘောတစ်စင်း လွှဲပြောင်းပေးရန် အသင့်ဖြစ်နေဟု ဆို

By Economic Times
30 July 2019
အိန္ဒိယက မြန်မာသို့ ရေငုပ်သင်္ဘောတစ်စင်း လွှဲပြောင်းပေးရန် အသင့်ဖြစ်နေဟု ဆို

ဇူလိုင် ၃၀ ။       ။ အိန္ဒိယက မြန်မာ့တပ်မတော်ထံသို့ ရေငုပ်သင်္ဘောတစ်စင်း လွှဲပြောင်းပေးရန် အသင့်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

မြန်မာသို့ လွှဲပေးမည့် Kilo အတန်းအစား ယင်း ရေငုပ်သင်္ဘောကိုတော့ ယခုနှစ်အတွင်း လွှဲပြောင်းပို့ဆောင်ပေးနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။

အဆိုပါ အိန္ဒိယလွှဲပေးမည့် ရေငုပ်သင်္ဘော INS Sindhuvir ကိုတော့ မြန်မာ့ ရေတပ်က အသုံးပြုသွားမှာဖြစ်ကြောင်း၊  မြန်မာ့ရေတပ်အနေနဲ့ လာမယ့် နှစ်တွေအတွင်း လေ့ကျင့်ရေး ရည်ရွယ်ချက်အတွက် ယင်းရဲ့ ကိုယ်ပိုင် ရေငုပ်သင်္ဘော အစုအဖွဲ့ကို ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းနေလျက်  ရှိကြောင်း Economic Times သတင်းမှာ ဖော်ပြပါတယ်။

Kilo class ရေငုပ်သင်္ဘောကိုတော့ ရုရှားနိုင်ငံကနေ ဝယ်ယူထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Hindustan Shipyard Limited (HSL) က ထိန်းသိမ်းမွမ်းမံမှုတွေလုပ်ဆောင်နေလျက် ရှိကြောင်း သိရပါတယ်။

လက်ရှိမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ် သွားရောက်သည့် အချိန်ကာလနှင့် တိုက်ဆိုင်ကာ ယခု သတင်းလည်း ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly