အူကျရောဂါ ဘယ်လိုကာကွယ်မလဲ

By မျိုးသန့်(မဇ္စျိမ)
30 July 2019
အူကျရောဂါ ဘယ်လိုကာကွယ်မလဲ

မင်္ဂလာပါ မဇ္စျိမ ပရိသတ်များခင်ဗျား ။ အပတ်စဉ် မဇ္စျိမ ကနေ တင်ဆက်ပေးနေကြဖြစ်တဲ့ 4R Health Talk  အစီအစဉ်ကနေ ကြိုဆိုပါတယ်  ။

ဒီကနေ့မှာတော့ ကျွန်တော်တို့ အမျိုးသမီး အမျိုးသား ကလေးသူငယ် လူကြီး ကျားမ မရွေးမှာ ဖြစ်တတ်တဲ့ အူကျွံရောဂါနှင့်ပတ်သက်ပြီးတော့ ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။  ဒီကနေ့မှာတော့ ကျွန်တော်တို့ အူကျွွံရောဂါနှင့် ပတ်သက်ပြီးတော့ ဆွေးနွေးသွားမယ့် ဆရာဝန်ကြီးကို မိတ်ဆက်ပေးရမယ် ဆိုလို့ရှိရင်တော့ ဆရာကြီးပါမောက္ခဒေါက်တာ ဦးသိန်းလွင် ဖြစ်ပါတယ်။ ဆရာကြီးက ရန်ကုန်ခွဲစိတ်ကုပညာဌာနရဲ့ ပါမောက္ခလည်း ဖြစ်ပါတယ်။ နောက်တစ်ယောက်နဲ့ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ 4R Health Talk အစီအစဉ်ကို ကမကထလုပ်ပေးနေတဲ့    Mr. Ravindra Jain ဖြစ်ပါတယ်။ Mr. Ravindra Jain ကတော့ 4R Consultancy Co. Ltd ရဲ့ Managing Director လည်းဖြစ်ပါတယ်ခင်ဗျား။

မေး။              ။အူကျွံတယ်လို့ ပြောကြတယ်၊ တစ်ချို့တွေကလည်း အူကျတယ်ပြောကြတယ်ပေါ့လေ။ အူကျွံတာနှင့် အူကျတာအတူတူပဲလား ဘယ်အခြေအနေမျိုးကို ပြောတာလဲ ။

ဖြေ။    ။ အူကျွံတယ် အူကျတယ်ဆိုတာတော့ အတူတူပါပဲခင်ဗျာ။  အဲဒီတော့ လူဆိုတာတော့ သူရဲ့ ဝမ်းခေါင်းထဲမှာ အူတွေရှိတာပေါ့နော် ။ အဲဒီတော့ သူရဲ့ သဘာဝအတိုင်းဆိုရင်တော့ ဝမ်းခေါင်းထဲမှာပဲ အူတွေက နေရမယ် ၊ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့်ပေါ့နော်၊ ဒီဝမ်းခေါင်းနံရံက အားနည်းသွားလို့၊ ဒါမှမဟုတ်လို့ရှိရင်လည်း အဲဒီတစ်နေရာမှာဆိုလို့ရှိရင် ပျော့ပျောင်းနေတဲ့နေရာ တစ်ခုခုပေါ်လာလို့ရှိရင် အဲဒီနေရာကနေပြီးတော့ ဝမ်းခေါင်းထဲကနေ အူတွေက အပြင်ထိုးပြီးတော့ ဖုထွက်လာတာပေါ့နော်။ အဲဒီဟာကို ကျွန်တော်တို့က အူကျွံတဲ့ရောဂါလို့ပဲ သတ်မှတ်ပါတယ်။    

မေး။              ။ အူကျွံရောဂါက အမျိုးသားနှင့် အမျိုးသမီးမှာ ဘယ်လိုလူက အဖြစ်များလည်းဆရာကြီး ။

ဖြေ။              ။ သူတို့က ပထမတော့ ထင်ကြတာပေါ့နော်၊ အသက်ကြီးတဲ့လူတွေမှ အူကျွံရောဂါ အူကျရောဂါ ဖြစ်တယ်လို့ ။ တကယ်တော့ မဟုတ်ပါဘူး ကလေးတွေမှာလည်း မွေးရာပါ အူကျွံရောဂါ ရှိပါတယ်။ မွေးကတည်းကနေ ပါလာတဲ့ ရောဂါတွေရှိပါတယ်။ တစ်ချို့ကလည်း မွေးတဲ့အချိန်မှာ သိပ်ပြီးမသိသာပေမယ့် ၁ လ၊ ၂ လ၊ ၃ လ လောက်နေမှ ပေါ်လာတာလည်းရှိတယ်။ တချို့တွေကလည်း ၅ နှစ် ၆ နှစ် ကနေ ၁ဝနှစ် ၁၁ နှစ်ကျမှ ပေါ်လာတာတွေလည်းရှိတယ်။ ဒါပေမယ့် တကယ်တော့ သူတို့က မွေးရာပါတဲ့ အူကျွံရောဂါပဲ ။ အမျိုးသမီးတွေကလည်း ဒီလိုပါပဲ ၊ အဲဒီတော့ တချို့ အမျိုးသမီးတွေက အမျိုးသားတွေ လောက်မဖြစ်ဘူး လို့ထင်တာ ။ တကယ်တော့ အမျိုးသမီးတွေမှာလည်း အူကျွံရောဂါရှိပါတယ်။ လူလတ်ပိုင်းတွေမှာ ဆိုလို့ရှိရင်လည်း အူကျွံရောဂါတွေ ဖြစ်ကြပါတယ်။ အထူးသဖြင့်ဆိုရင် ဒီလို သွားလာလှုပ်ရှားတာပေါ့နော်၊ အဲဒီလိုမျိုးပေါ့ ကြွက်သားတွေနှင့် အားကစားတွေ လုပ်တဲ့လူတွေ  အဲဒီလိုမျိုးလူတွေမှာဆိုလို့ရှိရင် အူကျွံရောဂါတွေက ဖြစ်တတ်ပါတယ်။   အသက်ကြီးတဲ့လူတွေကတော့ ကြွက်သား အင်အားတွေက နည်းလာတယ် ။ ကိုယ်ခန္ဓာတွေက ပျော့ပျောင်းလာတယ် ။ အဲဒီလိုမျိုးပေါ့၊ အဲဒီီမှာ ဆိုလို့ရှိရင် အူကျွံရောဂါတွေက ဖြစ်တတ်ပါတယ်။ ခြုံပြီးတော့ ပြောရမယ်ဆိုလို့ရှိရင်တော့ ကလေးတွေရော လူကြီးတွေရော လူလတ်ပို်င်းတွေရော ပြီးတဲ့ အခါကျတော့ အမျိုးသမီးတွေရော အမျိုးသားတွေရော လူလတ်ပိုင်းတွေရော ဖြစ်တတ်ပါတယ်။

မေး။              ။  အူကျွံရောဂါ ဖြစ်တဲ့အခါမှာ ဘယ်လိုမျိုး စတင်ခံစားရလဲခင်ဗျ။ သူ့ လက္ခဏာက ဘယ်လိုတွေပြလဲဗျ။

ဖြေ။              ။  အူကျွံတဲ့နေရာတွေကတော့ အမျိုးမျိုးရှိတယ်ပေါ့။ အဲ့ဒီ ကိုယ့် ဝမ်းခေါင်းရဲ့ နံရံပေါ့နော်။ ဒီဗိုက်ရဲ့ အလယ်တည့်တည့်မှာလည်း မျဉ်းကြောင်း တစ်လျှောက်မှာလည်း အူက ကျွံနိုင်တယ်။ ချက်ပတ်ပတ်လည်မှာလည်း အူကကျွံနိုင်တယ်။ ဒါမှမဟုတ်လို့ရှိရင် ပေါင်ခြံတွေမှာဆိုလို့ရှိရင်လည်း အူက  ကျွံနိုင်တယ်။ တစ်ချို့တွေက ပေါင်ခြံမှာ ကျွံတာကိုပဲ အူကျရောဂါလို့ထင်တယ်ပေါ ့။ တကယ်တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အားပျော့သွားတဲ့ နေရာမှာဆိုလို့ရှိရင် အူကကျွံပြီးတော့ ထွက်လာနိုင်တယ်။ အဲဒီလို ထွက်လာတယ်ဆို လူက သွားလာလှုပ်ရှားနေထိုင်ရင်းနှင့်ပေါ့နော်။ တစ်ခါတလေကျတော့ အလေးအပင်လေးပဲ မလိုက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လို့ရှိရင် ချောင်းဆိုးတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ကိုယ်ခန္ဓာရဲ့ နေရာတစ်ခုခုကနေ သဘာဝမဟုတ်ဘဲ ဖုထွက်လာတာမျိုးတွေရှိပါတယ်။  အဲဒီလို ဖုထွက်လာတာမျိုးတွေ ရှိတဲ့အခါကျတော့ ကိုယ်ချောင်းဆ်ိုးတာ ရပ်လိုက်တယ်၊ ဒါမှမဟုတ် အလေးပင်မလိုက်တာ ရပ်လိုက်တဲ့အခါမျိုးတွေ ဆိုလို့ရှိရင် ပြန်ပျောက်သွားတယ် ၊ အဲဒီဟာမျိုးဆိုလို့ရှိရင် ပထမဦးဆုံးလက္ခဏာပဲလို့ ကျွန်တော်တို့ ပြောရမှာပေါ့။  အဲဒီကနေမှ တဖြည်းဖြည်းနဲ့ အလိုလိုနေရင်းနဲ့ မတ်တပ်ရပ်လိုက်ရင်ကို အဖုလေးကပေါ်လာတယ်။  အဆင့်က တိုးတက်လာပြီ အဆင့်က မြင့်လာပြီပေါ့နော်။  တဖြည်းဖြည်းနှင့် သူ့ဟာနှင့်သူတောင် ပြန်မဝင်တော့ဘူး၊ တစ်ခါတလေကျရင် ပက်လက်လေး လှန်အိပ်လိုက်တော့မှ ဝင်သွားတယ်။ ဒါမှမဟုတ် လက်ကလေးနှင့် ဖိသွင်းလိုက်တော့မှ ဝင်သွားတယ်ဆိုတော့ သူက တဖြည်းဖြည်းနှင့် အူကျွံတဲ့ရောဂါတွေက တစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်လာတယ် ဆိုတဲ့ သဘောကိုပြပါတယ်။

မေး။              ။ကမ္ဘာမှာလည်း အူကျွံရောဂါက အဖြစ်များတယ် ၊ မြန်မာမှာလည်း အဖြစ်များတယ် ဆိုတဲ့အခါကျတော့၊ တကယ့်တကယ် ဆရာကြီးတို့ ကုသနေတဲ့အခါမှာ  ဘယ်လောက်ထိ စိုးရိမ်ရသလဲပေါ့နော်။

ဖြေ။     ။ ဒီရောဂါကတော့ ကမ္ဘာမှာရော မြန်မာမှာရောပေါ့နော်၊ တော်တော်လေးကို အဖြစ်များတဲ့ရောဂါပါ ။ ကျွန်တော်တို့ Common ဖြစ်တာပေါ့နော်။ ကျွန်တော်တို့ ကလေးတွေမှာလည်းဖြစ်တယ်။ လူတွေက ရုတ်တရက် ချက်ချင်းကြီးကျတော့ ဘာမှသိပ်ပြီး ဒုက္ခ္ခမပေးဘူးပေါ့နော်။ ကလေးတွေဆိုလို့ ရှိရင်လည်း အဲဒီနေရာ အဖုကလေးပေါ်လာမယ်၊ တအားငိုတဲ့အချိန်မှာပေါ်လာမယ် ၊ လူလတ်ပိုင်းတွေဆိုလို့ရှိရင်လည်း ဒီ အားကစားတွေ လုပ်တဲ့အချိန်မှာ ဖုလာမယ် ၊ ခဏနားလိုက်တဲ့အခါမှာ ပြန်ပျောက်သွားတယ်ဆိုတော့ လူတွေက ပေါ့ပေါ့တန်တန်ပဲ နေတာပေါ့နော် ၊ ပေါ့ပေါ့တန်တန်ပဲ နေတဲ့အခါကျတော့ ဒီဆရာဝန်တွေ ဆေးရုံတွေက ပေါ့နော်၊ အကူအညီကိုလည်း အချိန်မှီမတောင်းဘူး၊ မတောင်းတဲ့အခါကျတော့ သူရဲ့ တဖြည်းဖြည်းနဲ့ အူကျွံတဲ့ ပမာဏက ကြီးလာတာပေါ့။ နောက်ပြီး အူကျွံတဲ့ထဲကိုဝင်လာတဲ့ အရွယ်အစားကလည်း နည်းနည်းများလာတာပေါ့။ များလာတဲ့အခါကျတော့ တစ်ချိန်ချိန်ကျလို့ရှိရင် သူက ပြန်မဝင်တော့ဘူး၊ ပြန်မဝင်တော့တဲ့အချိန်မှာ အဲဒီလို အရေးပေါ်ဖြစ်ပါတယ်။ အဲ့ဒီလို အရေးပေါ်ဖြစ်တော့မှ ကုသမယ်ဆိုလို့ရှိရင် ကုသမူတွေက သိပ်ပြီးတော့ မထိရောက်တော့ဘူး။ ဘာလို့လဲဆိုတော့ အရေးပေါ်ဖြစ်သွားလို့ ၊ တကယ်တော့ စောစောစီးစီးမှာ ကုသမယ် ဆိုလို့ရှိရင် ဒီဥစ္စာက ပျောက်ကင်းမယ့်ရောဂါ ဖြစ်ပါတယ် ။ ဒါပေမယ့် မြန်မာပြည်မှာ ဆိုလို့ရှိရင် လူတွေကပေါ့ပေါ့တန်တန်ပဲ နေနေလိုက်တဲ့အခါကျတော့ တော်တော်လေးဆိုးပြီးတော့ ဒီအူတွေက အထဲထဲမှာ လိမ်ပြီးတော့ ညှပ်ပြီးတော့ ပြန်မဝင်နိုင်ဘဲနဲ့ နောက်ဆုံးမှာ ပုပ်သွားပြီးတော့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှပဲ ကျွန်တော်တို့ဆီ ရောက်လာတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း အရေးပေါ်ခွဲရစိတ်ရတဲ့ အခါကျတော့ ရလဒ်ကောင်းတွေ မရလာဘူးပေါ့နော်။ အဲ့ဒီအခါကျရင် ပြည်သူလူထု အနေနဲ့လည်း ကျေနပ်မူ မရှိတာတွေ တွေ့ရတာပေါ့နော် ။

မေး ။             ။ အားကစား ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမှာ အလေးအပင် မတာပေါ့။ ဒါက အူကျွံရခြင်း အကြောင်းအရင်းတွေမှာ ပါတယ်ပေါ့နော် ။ တခြားအချက်တွေရော ဘာတွေများရှိသေးလဲ  ။

ဖြေ ။             ။ ပထမဦးဆုံးကတော့ ကျွန်တော်တိ်ု့ မွေးရာပါပေါ ့နော် ။ ဒါကတော့ မွေးရာပါဆိုလို့ရှိရင် ကိုယ်ခန္ဓာမှာဆိုလို့ရှိရင် ကြွက်သားတစ်နေရာရာက ပျော့ပျောင်းနေတယ် လမ်းကြောင်းလေးပေါ်နေတယ် ၊ အဲ့ဒီလို နေရာမျိုးကနေမှ မွေးပြီးတဲ့အခါမှာဆိုရင် အူတွေက အဲ့ဒီလမ်းကြောင်းအတိုင်း အပြင်ကို ထွက် လိုက်လာတာပေါ့နော် ။ ဒါကတော့မွေးရာပါ အူကျွံတဲ့ရောဂါ ပေါ့နော် ။ ကျန်တဲ့အပိုင်းကတော့ ကိုယ်ခန္ဓာက Pressure များလို့ရှိရင် သူက အပြင်ကို တွန်းမှာပဲ ၊အဲဒီလို Pressure များတဲ့ အကြောင်းအရာတွေရှိလို့ ရှိရင် ဒီအူကျွံတဲ့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အဓိကက လူလတ်ပိုင်းတွေမှာဆိုရင် ဗိုက်ထဲမှာ Pressure များတာ၊ သူက တအားညစ်ပြီး အလုပ်လုပ်ရတာတွေများတော့ အားကစားပဲဖြစ်ဖြစ် ဒါမှမဟုတ် အလေးအပင် မတာပဲဖြစ်ဖြစ် အဲဒီအခါကျရင် ဝမ်းခေါင်းထဲက ကြွက်သားတွေကို အရမ်းညစ်တဲ့ အခါကျတော့ ဝမ်းခေါင်းထဲမှာ pressure အရမ်းများတယ်၊ pressure များတဲ့အခါကျတော့ အထဲကပစ္စည်းတွေက အပြင်ကိုထိုးထွက်ပါတယ် ။ အဲဒီလိုထိုးထွက်တဲ့ အတွက်ကြောင့်မို့လို့ အူကျွံရောဂါဖြစ်ပါတယ် ။ ဒါကြောင့်မို့လို့ အားကစားလုပ်ရင် ဖြစ်ပါတယ် ။ အလေးအပင် မရတဲ့ အလုပ်လုပ်ရတဲ့ ပြင်းပြင်းထန်ထန် လုပ်ရတဲ့ လူတွေဆိုလို့ ရှိရင် အူကျွံရောဂါတွေ ဖြစ်နိုင်ပါတယ် ။ နောက်တစ်ခုက ဗိုက်ထဲမှာပေါ့နော် အကြောင်းတစ်ခုခုကြောင့်ပေါ့ သဘာဝမဟုတ်ဘဲနဲ့ pressure များတဲ့ အကြောင်းရင်တွေရှိတယ် ။ တစ်ခါတလေကျရင် ရေဖျဉ်းဆွဲတယ်ဆို ဗိုက်ထဲမှာ ရေတွေ တအားများလာတာပေါ့နော်၊ အသဲရောဂါတို့ ဘာတို့မှာဆို ရေဖျဉ်းဆွဲတယ်ပေါ့ ။ အဲ့ဒီလိုမျိုး ဖြစ်တဲ့အခါကျလို့ရှိရင်လည်း အူကျွံရောဂါဖြစ်တယ် ၊ ဒါမှမဟုတ်ရင် သဘာဝမဟုတ်ဘဲနဲ့ ဗိုက်ထဲမှာ ကင်ဆာလို အလုံးတွေ အကျိတ်တွေ ကြီးလာတယ်ဆိုလို့ရှိရင်လည်း သူက နဂိုရှိတဲ့ ပစ္စည်းထက် ပစ္စည်းတစ်ခုထပ် ပိုလာတဲ့အခါကျတော့ pressure ပိုများလာတယ် ၊ Pressure ပိုများလာတဲ့အခါကျရင် ရှိတဲ့အူတွေကိုဆိုရင် သူက တွန်းထုတ်ရတယ် ။ အဲ့ဒီလို တွန်းထုတ်တဲ့အတွက်ကြောင့်မို့လို့ ဒီအူကျွံရောဂါ ဖြစ်လာပါတယ် ။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါကျတော့     အကုန်လုံးက အားနည်းသွားပြီ၊ ကြွက်သားတွေကလည်း အားမရှိတော့ဘူး ။ အဲဒီအခါကျရင် ကိုယ်ခန္ဓာရဲ့ ဝမ်းခေါင်းနံရံတွေက အားနည်းလာရော အားနည်းလာတဲ့အခါ ဘာဖြစ်လဲဆိုရင် တစ်ချိန်ထဲမှာပဲ အသက်ကြီးတဲ့သူတွေက ဝမ်းချုပ်တာတို့ ဆီးချုပ်တာတို့ ဖြစ်လာတယ် ။ အသက်ကြီးတဲ့သူတွေက ဆီးကျိတ်ရောဂါလည်း ဖြစ်ပါတယ် ။ ဆီးကျိတ်ရောဂါဖြစ်လို့ရှိရင် သူက ဆီးညှစ်ရတယ် ။ နောက်တစ်ခါကျတော့ ဝမ်းကို မှန်မှန် မသွားလို့ ဝမ်းချုပ်တဲ့ အတွက်ကြောင့်မို့လို့ အိမ်သာထဲမှာ အကြာကြီးထိုင်ပြီးတော့  ဝမ်းသွားတာမျိုးတွေရှိတယ် ။ အဲ့ဒီလိုမျိုး ဖြစ်တဲ့အခါကျတော့ ဝမ်းခေါင်းကြွက်သားတွေကလည်း  မကောင်း၊ ကိုယ်ခန္ဓာအနေနဲ့လည်း ဝမ်းချုပ်တဲ့ ဆီးချုပ်တဲ့ အတွက်ကြောင့်မို့လို့ ညှစ်ရတဲ့အခါတွေ များလာတဲ့အခါကျတော့ အသက်ကြီးတဲ့သူတွေမှာဆိုရင် အူကျရောဂါ၊ အူကျွံရောဂါတွေ ပိုဖြစ်လာတယ် ။

မေး။              ။ စဖြစ်ဖြစ်ခြင်းမှာ ခွဲစိတ်ကုသဖို့ လိုသလားတဲ့ ။ ဘယ်လိုမျိုး ဆင်ခြင်ပြီးနေရမလဲ။

ဖြေ ။             ။ အူကျွံရောဂါက တခြားနည်းနဲ့ ကုစရာမရှိဘူး ။ အဲ့ဒီအတွက်ကြောင့် စဖြစ်ဖြစ်ပဲဖြစ်ဖြစ် နောက်မှပဲဖြစ်ဖြစ် ဘယ်တော့မဆို ကုသရမှာပဲ ။ အဲ့ဒီတော့ စဖြစ်တဲ့အချိန်မှာကုရင် ခံရတာ သက်သာတယ်။ ကုခံရတဲ့သူလည်း ခံရတာသက်သာပါတယ် ။. ကုတဲ့လူလည်း ကုခံရတာ သက်သက်သာသာ ရှိပါတယ် ။ ရောဂါရင့်လာမှ ကုရတာဆိုရင်မကောင်း ပါဘူးဗျာ ။

မေး။              ။ အူကျတာနှင့် အူကျွံတာ အတူတူပဲလားဆိုတာ ဆရာကြီး  ထပ်ဖြည့်ပြောလို့ ရမလား။

ဖြေ။              ။ ဘာလို့လည်းဆိုတော့ တစ်ချို့တွေက  ချက်တို့၊ နောက်ပြီးကျတော့ ဗိုက်ခွဲထားတဲ့နေရာ တွေက ပျော့နေတာရှိတယ် ။ အားနည်းနေတာ ကြွက်သားအားနည်းနေတာ ။ အဲ့ဒီနေရာကနေ ထွက်လာတဲ့အခါကျတော့ ထွက်လာတဲ့နေရာလေးပဲ ဖောင်းလာတာပေါ့နော် ။ အဲဒီအခါကျတော့ ဒါကို အူကျတယ်လို့ သူတို့က မပြောချင်ကြဘူး ။ အူကျတာက ပေါင်ခြံနားမှာဖြစ်တဲ့ အူကျတာမျိုးကျတော့ အူက အောက်ထဲကို ဆင်းသွားတဲ့ အတွက်ကြောင့်မို့လို့ သူက အူကျတယ်လို့ပြောကြတာ ။ ကျန်တဲ့နေရာတွေ ကျတော့ အူက အပြင်ကိုထွက်လာတဲ့ အတွက် ကျွံတာပေါ့့နော် ။ ဒါပေမယ့် တကယ်တော့ ၂ ခုစလုံးက အပြင်ကိုထွက်လာတာပဲ အပြင်ကိုထွက်လာတယ် ဆိုရင်တော့ အူကျွံတယ်လို့ပဲ ကျွန််တော် ကပြောချင်တာပါ။

မေး။              ။ ချက် ရှေ့တည့်တည့်မှာ ကျွံပြီးတော့မှ ခွဲစိတ်မူခံယူလိုက်ရတဲ့ လူနာတွေအနေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုနေထိုင်သင့်သလဲ ဆိုတာပြေပေးပါဦး။

ဖြေ။              ။ ချက်မှာ ဖြစ်တဲ့ အူကျွံတာတွေကတော့နော် အများအားဖြင့် အမျိုးသမီးတွေမှာ များပါတယ်။ အထူးသဖြင့် အဆီတွေများတဲ့ ဒီဝမ်းဗိုက်မှာဆိုလို့ရှိရင် အဆီပြင်တွေ လိုတာထက်ပိုနေတဲ့အခါ အဲ့ဒီနေရာတွေက၊ အားပျော့တယ်ပေါ့နော် ၊ အားအပျော့ဆုံးနေရာဟာ ချက် ပဲ ။ အဲ့ဒီတော့ ချက်နေရာမှာ ဆိုရင် တဖြည်းဖြည်း စူလာပြီးတော့ အပြင်ကိုထွက်လာတာပေါ့နော် ။ အဲ့ဒီလိုနေရာမျိုးက ဆိုလို့ရှိရင် ချက်ကနေ ထွက်တဲ့ အတွက်ကြောင့် ချက်က အပေါက်လေးကလည်း သေးသေးလေး၊ သေးတဲ့အခါကျတော့ အူထွက်လာပြီးလို့ရှိရင် ပထမတော့ ပြန်ဝင်သွားတာပေါ့ ၊ နောက်ပိုင်းပြန်မဝင်လို့ရှိရင်   အူတွေက ညှပ်ပြီး ပုပ်သွားတာတွေ များပါတယ်။ အဲ့ဒီလိုဆိုလို့ရှိရင် သူတ်ို့ကို ကျွန်တော်တို့က အချိန်မီ ခွဲစိတ်ကုသဖို့ အတွက် အကြံပေးပါတယ်။ ခွဲပြီးစိတ်ပြီးသွားပြီဆိုလို့ရှိရင်လည်း သူတို့အနေနဲ့ ကိုယ်ခန္ဓာ ဝိတ်ကို ထိန်းပါပေါ့နော် ။ ဝိတ်ကိုထိန်းဖို့လိုပါတယ် ။ ပိုပြီးတော့ ဝလာမယ် အဆီတွေပြန်စုလာမယ်ဆိုရင်  ပြန်ဖြစ်နိုင်ပါတယ် ။ နောက်တစ်ခုက ဒီ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ အဲ့ဒါတွေကိုဆိုလို့ရှိရင် အနည်းဆုံး ၆ လ လောက် ထိန်းထိန်းသိမ်းသိမ်းလုပ် ဖို့လိုပါတယ် ။ အနာကောင်းကောင်း မကျက်သေးလို့၊ နောက်တစ်ခုက ဆိုရင် သူတို့က ဝမ်းချုပ်တာတို့ ဆီးချုပ်တာတို့ တတ်နိုင်သမျှ မဖြစ်အောင် ထိန်းသိမ်းပေးဖို့ လိုပါတယ် ။ နောက်ပြီး အလေးအပင် မတာတွေကိုလည်း မလုပ်ဖို့လိုပါတယ်။ နောက်ပြီးတော့ အနာကိုဆိုရင် မကျက်သေးတဲ့အထိ ဗိုက်စည်းလေးနှင့်နေရင် ပိုကောင်းပါတယ် ။ ခွဲထားပြီးတော့ ပြန်ပြီးတော့ ပြုပြင်ထားတဲ့့နေရာကိုဆိုလို့ရှိရင်လည်း အထောက်အကူပြုပါတယ် ။ ဒါပေမယ့် ညအိပ်တဲ့အခါမှာတော့ ဗိုက်စည်းနဲ့ စည်းထားစရာမလိုပါဘူး ။

မေး။              ။  ဆရာကြီးခုနက ပြောတာဆိုရင် ဒီချက်ကနေ ဖြစ်တယ်၊ ပေါင်ခြံကနေ ကျတယ်ပေါ့နော် ၊ ဆိုတော့ အဲ့ဒီအူကျွံတာမှာ ခန္ဓာကိုယ်ရဲ့ အဲ့ဒီနေရာပဲဖြစ်တာလား၊ တခြားဘယ်နေရာမှာရော ဖြစ်သေးလဲ ။

ဖြေ။              ။ ကျွန်တော်ပြောသလိုပဲ ဘယ်နေရာမှာမဆိုလေ ခန္ဓာကိုယ်ရဲ့ ဝမ်းခေါင်းကြွက်သားတွေ အားပျော့သွားတဲ့ နေရာတွေပေါ့နော်။ အများအားဖြင့် ဒီအလယ် ခလယ်မျဉ်းကြောင်းတစ်လျှောက်ပေါ့နော်၊ ဗိုက် ရဲ့ အလယ်တည့်တည့် တစ်လျှောက်ဆိုလို့ရှိရင်လည်း အဲ့ဒီလိုနေရာမျိုးတွေက ဘယ်ဘက်နှင့် ညာဘက် ၂ခု ဆက်စပ်တဲ့ နေရာဆိုတော့ ခလယ်မှာဆို အားနည်းတယ်လေ၊ အဲ့ဒီလိုနေရာမျိုးကလည်း ထိုးထွက်လို့ရတယ် ။   တခြားဆိုလို့ရှိရင် ဒဏ်ရာရတဲ့နေရာမှာဆိုလို့ရှိရင်လည်း ထိုးထွက်လို့ရတယ် ၊ ခွဲထားတဲ့နေရာတွေမှာလည်း ထိုးထွက်လို့ရတယ် ။ နောက်ပြီးရင်တော့ ခုနကလို ပေါင်ခြံတို့ ချက်တို့နေရာတွေမှာလည်း ထိုးထွက်လို့ရတယ် ။  နောက်ပိုင်း ယုတ်စွအဆုံး ကျွန်တော်တို့ ကျောဘက်တို့လို နေရာကနေလည်း ထိုးထွက်လို့ရပါတယ်။ ထွက်စရာနေရာတွေ အများကြီးပဲ ။

မေး ။        ။ ဝမ်းခဏခဏချုပ်လို့ရှိရင် အူကျွံတတ်သလား။ စအိုဝကနေ အသားတစ်လေး ထွက်တာကရော အူကျွံတာပဲလား။ ဝမ်းအမြဲကျန်တာကရော အူကျွံတာပဲလားဆိုတာ ဖြေပေးပါ ဆရာ။

ဖြေ။              ။ ဝမ်းချုပ်တာက ဘယ်ဟာမှမကောင်းပါဘူး ။ တခြားပြဿနာ အများကြီးရှိတာပေါ့နော် ၊ ဥပမာ လိပ်ခေါင်းထွက်တာပေါ့နော်၊ အခုပြောတာဆိုလို့ရှိရင် လိပ်ခေါင်းထွက်တာဆိုရင် သွေးတွေလည်း ထွက်တတ်တယ် ၊ စအိုဝကနေပြီးတော့ လိပ်ခေါင်းထွက်တာပေါ့ ။ နောက် ဝမ်းတအားချုပ်လို့ရှိရင် ဒီထက်ပိုပြီးတော့ တအားညှစ်ရပြီးတော့ ကြွက်သားတွေကလည်း အားမရှိဘူးဆိုလို့ရှိရင် ဒီစအိုဝဘေး ပတ်ချာလည်း နံရံကြီး တစ်ခုလုံးက အားမရှိဘဲနဲ့ ဝမ်းသွားတဲ့ လမ်းကြောင်းကြီး တစ်ခုလုံးက ကျလာတယ် ။ အဲ့ဒီဟာ စအို ကျွံတယ်လို့ခေါ်ပါတယ် အူကျွံတာမဟုတ်ပါဘူး ။ အဲဒီတော့ အူကျွံတယ်ဆိုတာ ကျွန်တော်တို့က ကိုယ်ခန္ဓာရဲ့ နံရံပေါ့နော်၊ ဝမ်းခေါင်းရဲ့ နံရံ တစ်နေရာရာက ထွက်လာတာပါ ။ အဲ့ဒီတော့ စအိုဝကနေပြီးတော့ စအိုဝကြီးနှင့်  အူတွေတစ်ခုလုံး အထဲကို ပြောင်းပြန်ထွက်ကျလာတာက ကျွန်တော်တို့ စအိုကျွံတယ်လို့ ပြောပါတယ် ၊ ဒါ တစ်ခါတစ်လေ ကလေးတွေမှာလည်း တွေ့ရပါတယ် ။ ဝမ်းလျှောတဲ့ ကလေးတွေမှာ ဆိုလို့ရှိရင် နီရဲပြီးတော့ အဲ့ဒီလို ထွက်ကျလာတာလဲ ရှိပါတယ်။  

မေး။              ။ အူကျွံတဲ့လူတွေက ဘယ်လိုမျိုးခံစားရလဲ ဆိုတာ ဆရာကြီး နည်းနည်းများ ထပ်ဖြည့် ပြောပေးလို့ရမလား ။

ဖြေ ။   ။ အူကျွံတာကတော့လေ အဓိကက တစ်နေရာရာမှာဖုနေတာ၊ ဖုပေမယ့် သူက သိပ်တော့ မနာဘူး ။ ဒါပေမယ့် တအားကြီး ထွက်လာတယ်၊ ပုံမှန်ဆိုလို့ရှိရင်တော့ ဖုထွက်လာတဲ့အခါမှာတော့ ညှပ်နေတာ၊ တအား အလေးအပင် မနေတာတို့ ၊ လျော့လိုက်တာနှင့် ပြန်ဝင်သွားတာပေါ့နော် ။ နောက်ပိုင်းကျလို့ရှိရင်တော့ သူက ပြန်မဝင်တော့ဘူး ။ မဝင်တော့တဲ့အခါကျတော့ အဲ့ဒီနေရာမှာ အဖုကြီး ဖြစ်နေတယ် ။ အဲ့ဒီလို အဖုကြီးဖြစ်နေတဲ့ အခါကျတော့ တစ်ချို့တွေကလည်း ပက်လက်လှန်ပြီး အိပ်လိုက်တဲ့အခါကျရင် ပြန်ဝင်သွားတယ် ။ တစ်ချို့ကလည်း လက်ကလေးနဲ့ ဖိသွင်းလိုက်တဲ့အခါကျရင်လည်း ပြန်ဝင်သွားတယ်။ တစ်ချို့တွေကကျတော့ ရေခဲလေး တင်လိုက််တဲ့အခါကျရင်လည်း ပြန်ဝင်သွားတယ် ။ အဲ့ဒီလို ပုံစံမျိုးလည်းရှိပါတယ်။ အဲ့ဒီတော့ တစ်ချိိန်ချိန်ကျလို့ရှိရင်တော့ အူရယ် ဝမ်းခေါင်းထဲမှာရှိတဲ့ အဆီပြင်တွေက အထဲမှာ ညှပ်နေတဲ့အခါကျတော့ စပြီးတော့ ဝင်လည်း မဝင်ဘူး နာလည်း နာလာတယ် ။ အဲ့ဒီလို အဆင့်မျိုးကိုရောက်ပြီဆိုလို့ရှိရင်တော့ အခြေအနေက သိပ်မကောင်းဘူး ။ နီးစပ်ရာဆရာဝန်တွေနှင့် ခွဲစိတ်ကုသမူတွေ လိုအပ်လာပြီဆိုတာကို သိထားဖို့လိုလာပါပြီ ။

မေး။              ။ အူအတက်ပေါက်လို့ ခွဲထားတာ ၁ နှစ်ခွဲ ရှိပြီ ။ ခွဲထားတဲ့နေရာ ဘေးက ဖောင်းနေတယ် ။ ဆရာကြီးပြောသလို အူကျွံတာပေါ့ ။ ခွဲစိတ်ဖို့လိုသလား၊ နောက်ပြီးတော့ ဆေးလိပ်သောက်လို့ရောရလား၊  အခုဆိုလို့ရှိရင် ဒီနေရာက နာနေပါတယ်။

ဖြေ ။             ။ အူအတက်ပေါက်တဲ့နေရာကလေ သာမန် ဆိုလို့ရှိရင်တော့ ကျက်သွားလို့ရှိရင်တာ့ သူက အူကျွံစရာ အကြောင်း မရှိဘူးပေါ့နော် ။ ဒါပေမယ့် အကြောင်း တစ်ခုခု ကြောင့်ပေါ့၊ အနာကျက်နေတဲ့ အခါမှာ ဆိုလို့ရှိရင် တအားညှစ်လိုက်တာမျိုး၊ အဲ့ဒီ့အတွက်ကြောင့်မို့လို့ ချုပ်ကြိုးတွေက ပြတ်သွားတာတို့ လျော့သွားတာတို့ ဒါမျိုးတွေဖြစ်တတ်တယ် ။ နောက်တစ်ခါ အဲ့ဒီ့အနာမှာပိုးဝင်ပြီး အနာရင်းပြီးတော့ အနာကပြည်တည်တယ်  အဲ့ဒီလိုမျိုးပေါ့ ၊အနာက ရင်းပြီးတော့ မကျက်ဘူးဆိုလို့ရှိရင်  အဲ့ဒီနေရာက တခြားအနာတွေထက် ပိုပြီးတော့ အားမရှိပါဘူး အားနည်းပါတယ်၊ အဲ့ဒီလို အားနည်းတဲ့နေရာမျိုးးမှာဆိုလို့ရှိရင် အူကျွံနိုင်ပါတယ် နော် ။ အဲ့ဒီတော ့အူကျွံနိုင်တဲ့အခါကျတော့  တဖြည်းဖြည်းနဲ့ အဲ့ဒီနေရာလေးက ဖောင်းလာမယ် ။ အဲ့ဒီဖောင်းလာပြီးလို့ရှိရင်လည်း တဖြည်းဖြည်း အဲ့ဒီ အရွယ်အစားက ကြီးလာမယ်။ တနေ့နေ့ကျရင် ညပ် သွားပါလိမ့်မယ် ။ အဲ့ဒီအတွက်ကြောင့် အဲ့ဒါက ခွဲစိတ်ကုသဖို့ လိုပါတယ် ။ နောက် ဆေးလိပ်သောက်တယ်ဆိုတာ ဘယ်သူနဲ့မှ မသင့်တော်တဲ့ကိစ္စပါ ။ အထူးသဖြင့် ဆေးလိပ်သောက်ရင် ချောင်းဆိုးပါတယ် ။ နောက်ပြီးတော့ မနက်မိုးလင်းရင်လည်း ဆေးလိပ်မသောက်ရရင်လည်း ချောင်းဆိုးပါတယ် ။ အဲ့ဒီလို အခြေအနေမျိုးမှာဆိုရင် ချောင်းဆိုးတိုင်း ချောင်းဆိုးတိုင်းက ဗိုက်ထဲမှာ Pressure များပါတယ် ။ pressure များလို့ရှိရင် အူကကျွံတာ ပိုပိုပြီးတော့ ထွက်လာပါတယ် ။

မေး။              ။ ဆေးလိပ်သောက်တာ ချောင်းဆိုးတာကနေ ဖြစ်တာပေါ့ ။ အဲ့ဒီလို ဆက်စပ်တာလား။

ဖြေ ။             ။ ဆေးလိပ်သောက်တာက အကြောင်းတစ်ချက်ပေါ့နော် ။ တခြားကတော့ သူ အလုပ်အကြာကြီး လုပ်ရတာ၊ အလေးအပင် မရတာ၊ မတ်တတ်အကြာကြီးရပ်ရတာ၊ အားကစားလုပ်ရတာ၊ ဝမ်းချုပ်တာ အဲ့ဒီဟာတွေအကုန်ပါတာပေါ့။

မေး ။             ။ ကလေးတစ်ယောက်ပေါ့နော်၊ ခွဲစိတ်ကုသ ပြီးသွားပြီရင် ဘာတွေ သတိထားရမလဲ၊ ရေကူးချင်တယ်ပေါ့လေ ၊ ရေကူးလို့ရမလား ။

ဖြေ။              ။ ကလေးတွေကတော့လေ အများအားဖြင့် မွေးရာပါဖြစ်လာတာ များတယ်ပေါ့နော် ။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့က အူကျွံလာတဲ့ လမ်းကြောင်းလေးကို ကျွန်တော်တို့က ပိတ်ပြီးတော့ ပြုပြင်ပေးလိုက်တယ်ဆိုလို့ရှိရင်တော့ အနာကျက်သွားရင် ဘာမဆို လူကောင်းပကတိအတိုင်း တစ်သက်လုံး နေသွားလို့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ကတော့ အလွန်ဆုံး စောင့်ရရင် တစ်လခွဲပေါ့၊ အဲ့ဒါဆိုလို့ရှိရင်တော့ နောက်ပိုင်းက ပုံမှန်အတိုင်းပဲနေလို့ရပါတယ် ။ အားကစားလည်းလုပ်လို့ ရပါတယ် ။ ရေကူးလို့လည်း ရပါတယ်။

မေး။              ။ တကယ်လို့ အူကျွံတာကို မကုဘဲထားတဲ့ ဒီလိုမျိုး ရောဂါဝေဒနာ ခံစားနေရတဲ့ လူတွေအနေနဲ့ဆိုရင်ရော ဘာဖြစ်နိုင်လဲ ။

ဖြေ ။             ။ အဲ့ဒီတော့ အူကျွံတာက ပထမက သူ ဝင်လိုက််ထွက်လိုက်ပေါ့နော်၊ အူက အပြင်ကို ထွက်လာတယ်၊ ပြီးရင် ဝမ်းခေါင်းထဲကို ပြန်ဝင်သွားတယ် ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူက အပြင်ကို ထွက်လာပြီးရင် ပြန်မဝင်တော့ဘူး ။ ပြန်မဝင်ဘဲနဲ့ အပြင်မှာ ဒီ အဖောင်းကြီး ဖြစ်ပြီးတော့ တစ်နေတာပေါ့နော် ။ တစ် နေပြီးတဲ့အခါကျရင် အူက တဖြည်းဖြည်းနဲ့ လိမ်သွားတာပေါ့နော် ။ ပုံမှန် အစာတွေသွားတဲ့ လမ်းကြောင်း ပိ်တ်သွားတာပေါ့နော် ။ အဲ့ဒီအတွက်ကြောင့် အူပိတ်ရောဂါဆိုတာ ဖြစ်လာတာပေါ့နော် ။ နောက်ပြီး အဲ့ဒီ အူကျွံတဲ့နေရာမှာရှိတဲ့ အူတွေကလည်း ဒီတိုင်းပဲ အူပိတ်ပြီးတော့ ဒီတိုင်းပဲနေနေမှာ မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ ကြာတဲ့အခါကျရင် သူကပုပ်သွားပါလိမ့်မယ် ။ အဲ့ဒီလို ပုပ်သွားလို့ရှိရင် ကိုယ်ခန္ဓာက ဒီအူထဲမှာရှိတဲ့ ရောဂါပိုးတွေရော ခန္ဓာကိုယ်ထဲကို ပြန့်သွားပြီး နောက်ဆုံးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

မေး။              ။   အမျိုးသားဆိုရင်ပေါင်ခြံ ကနေ အူကျတယ်၊ ကလေးဆိုရင် ချက်ကနေထွက်တယ်ပေါ့နော် ။ အမျိုူသမီးတွေကျတော့ အူကျတယ်ဆိုတာ ဘယ်လိုမျိုး အခြေအနေလဲဗျ ။

ဖြေ ။             ။ အမျိုးသမီးတွေလည်း ပေါင်ခြံမှာပဲ ထွက်တာပါ။ ဒါပေမယ့် ချက်ကလည်း အမျိုးသမီးတွေက ပိုတောင်ထွက်သေးတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေက အဆီပိုများတယ် ။ အဲဒီအတွက်ကြောင့် ချက်ပတ်ချာလည်မှာ အူကျရောဂါဆို အမျိုးသမီးတွေက ပိုများတယ် ။ ပေါင်ခြံမှာတော့ အမျိုးသားနှင့် အမျိုးသမီးက တူတူပါပဲ ။

မေး ။             ။   အူကျနေတဲ့ အတွက် under wear အမြဲ ဝတ်ထားရတယ်။ အသက် ၇၀ ရှိပြီပေါ့နော် ။ အဲ့ဒီတော့ ခွဲစိတ်ကုသလို့ရနိုင်လား။

ဖြေ။              ။ အသက် ၇၀ ကတော့ ကျွန်တော်က သိပ် အသက်ကြီးသေးတယ်လို့ မထင်ပါဘူး ။ ဒါပေမယ့် သူ့မှာက ဘာရောဂါတွေရှိလဲ ပေါ့နော် ။ ဥပမာအားဖြင့် ရင်ကျပ် ပန်းနာ ရှိလား၊ ဒါမှမဟုတ် ဆီးချိုရှိလား သွေးတိုး နှလုံးရောဂါရှိလား   စသဖြင့်ပေါ့ ။ အဲဒီဟာတွေတော့ ကျွန်တော်တို့ စစ်ဆေးရမှာပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာဆိုလို့ရှိရင် သူ့မှာရှိတဲ့ရောဂါတွေကို ထိန်းပြီးတော့ ကျွန်တော်တို့ ကုသပေးလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါကပျောက်သွားမယ့် ရောဂါမဟုတ်ဘူး၊ ပိုပိုဆိုးလာမယ့် ရောဂါ။ အဲ့ဒီတော့ သူ ၇၀ မှာ ဒီလောက်အနေအထားဆို ၇၅ ၊ ၈၀ မှာ ဒီထက်ပိုဆိုးမယ်။ အဲ့ဒီလိုအချိန်မျိုးမှ ကျွန်တော်တို့ကို လာပြီးတော့ ခွဲပါဆို ပြောမယ့်အချိန်မှာ ကျွန်တော်တို့လည်း အခက်အခဲ တွေရှိပါတယ် ။မေ့ဆေးပေးတာ အခက်အခဲရှိမယ်၊ ခံရမယ့်လူ အနေနဲ့လည်း အခက်အခဲ ရှိတယ်။ ဒါကြောင့် စောနိုင်သမျှ စောပြီးခွဲတာအကောင်းဆုံးပဲ။

မေး ။         ။မိန်းကလေးက အူကျွံနေတာ ၊ အသက် ၆နှစ်ရှိပြီ။ ဘယ်အချိန်မှာခွဲစိတ်သင့်ပါသလဲ ။

ဖြေ ။          ။ခွဲစိတ်တာက အူကထွက်လာပြီး အထဲမှာ အူက လိမ်သွားပြီးတော့ ပုပ်တော့မယ်ဆို ဒါက  အရေးပေါ်ပေါ့ ။ ပုံမှန်ဆိုရင် အူကျွံရောဂါမှာ အူကဝမ်းခေါင်းထဲကနေ အပြင်ကို တွန်းထွက် လာတယ် ၊ ပြီးရင် ပြန်ဝင်သွားတယ် ။ အဲ့ဒီလိုအချိန်မှာတော့ နီးစပ်ရာဆေးခန်း ဆေးရုံ ခွဲစိတ်ဆရာဝန် တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး၊ ဒီကလေး၊ ဒီလူကြီး၊ သူ့ကိုခွဲစိတ်လို့ရလားဆိုတာ အကုန်လုံးစစ်ဆေးပါ တယ်။ ရောဂါအခံတွေရှိရင်လည်း ကုပေးပါတယ် ။ ကုပေးပြီးရင် အစောဆုံးဖြစ်နိုင်တဲ့အချိန်မှာ သူ့ကို ခွဲလိုက်ပါတယ် ။ အဲ့ဒီတော့ကျွန်တော်တို့က ဒီနေ့လာလို့ ဒီနေ့ခွဲရမယ်လို့ ပြောတာ မဟုတ်ဘူး ။ သူသည် အစောဆုံး ဖြစ်နိုင်တဲ့ အချိန်မှာ သူ့ကိုခွဲဖို့ လိုပါတယ် ၊ စောင့်နေလို့မရပါဘူး။

မေး။          ။ အူကျွံတဲ့ရောဂါကို ဆေးနဲ့ကုသလို့ ရပါသလား။ ဘယ်လိုမျိုး ကုသလို့ရပါမလဲ။ ဆရာကြီး အဓိကပြောသွားတာက ခွဲစိတ်ဖို့ ဆိုတော့ တခြားနည်းလမ်းတွေ ရှိသေးလား။

ဖြေ ။          ။ အူကျွံတဲ့ရောဂါကလေ သူကရောဂါလို့ ပြောရတာတောင်မှ ခက်ခဲပါတယ် ။ သူက ကြွက်သားတွေ အားနည်းပြီးတော့ အူတွေက ဝမ်းခေါင်း နံရံကနေ ထိုးထွက်လာတာဆိုတော့ ဒီဥစ္စာကို ကျွန်တော်တို့က ခွဲစိတ်ကုသပြီးတော့ ပြင်ဆင်ရတာကလွဲလို့ တခြားနည်းမရှိပါဘူး ။ ဆေးသောက်လို့၊ ဆေးလိမ်းလို့မရပါဘူး ။ တချို့ အသက်အရမ်းကြီးတဲ့ ခွဲစိတ်ကုသဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အသက်ကြီးတဲ့ အဖိုးအိုတွေ ဘာတွေ၊ အဲ့ဒီလိုမျိုးတွေ မှာဆိုရင်တော့ အူကျွံခါးပတ် ဆိုတာမျိုးတွေနဲ့ ဖိထားရတာမျိုးတွေတော့ ရှိတာပေါ့ ။ ဒါမျိုးတွေက ဆေးကုထားတာမဟုတ်ပါဘူး။ သက်သာအောင် လုပ်ထားတာပါ။

မေး ။            ။ ခွဲစိတ်ပြီးမှ ပြန်ကြီးလာတယ်၊ အဲ့ဒီဟာကိုရော ပြန်ထပ်ခွဲဖို့ လိုသလား ။

ဖြေ ။             ။ ပြန်ဖြစ်လာပြီဆိုရင်တော့ ပြန်ခွဲဖို့လိုတာပေါ့နော်။ ဘာကြောင့် ပြန်ဖြစ်လာသလဲပေါ့၊ အူကျွံတာကဆိုလို့ရှိရင် နေရာမျိုးစုံမှာ ဖြစ်နိုင်တယ် ။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ် ပေါ့နော်။ ဒါ အခြားအကြောင်း တစ်ခုခုကြောင့် တခြားနေရာမှာ ဖြစ်လာတယ်ဆို၊ ဒါ အသစ်ပေါ့ ။ တကယ်လို့ ဒါမှမဟုတ်လို့ရှိရင်တော့ ဒီနေရာကပဲ ပြန်ဖြစ်လာတယ်ဆိုရင် ဘာအကြောင်းလဲပေါ့။ သူက ခွဲစိတ်ပြီးတဲ့အချိန်မှာ ဒီမြန်မြန်ဆန်ဆန် အလေးအပင် မလိုက်လို့  ဖြစ်သွားတာလား ။ ဒါမှမဟုတ် ခွဲစိတ်တဲ့အချိန်မှာ ပိုးဝင်သွားပြီး အဲ့ဒီနေရာမှာ မန်းတွေ ဖြစ်သွားပြီး အဲ့ဒီနေရာကနေပဲ အားပြန်ပျော့ပြီး ပြန်ထွက်လာတာလား ။ ဒါ ဖြစ်တဲ့အကြောင်းကို လိုက်ရှာရမှာပေါ့၊ ရှာပြီးလို့ရှိရင် ပြန်ကုရမှာပ၊ဲ ပြန်ဖြစ်ပြီ ဆိုရင်တော့ ပြန်ကုရမှာပဲ ။

မေး ။            ။ ခွဲထားတာ ၃ခါရှိပြီ။ နောက်ထပ်မဖြစ်အောင် ဘာတွေဂရုစိုက်ရမလဲ။ ဆရာကြီး ပြောပြပေးပါအုံး။

ဖြေ ။              ။သူဘာကြောင့်ပြန်ဖြစ်လဲဆိုတာ ကျွန်တော်တို့မသိဘူးပေါ့နော် ။ သူဘာကြောင့် ပြန်ဖြစ်သလဲသိဖို့ ကျွန်တော်တို့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ခွဲစိတ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သေချာစမ်းသပ်ဖို့ လိုပါတယ် ။ သူကို ကုတာရော ဘယ်လိုကုတာလဲ၊ ဘယ်လိုနည်းနဲ့ကုတာလည်း ၊ ပြန်ကြည့်ဖို့ လိုပါတယ်။ အဲ့ဒီအကြောင်းအရင်းကို ဖယ်နိုင်မှ ကျွန်တော်တို့ နောက်တစ်ခါ ပြန်မဖြစ်မှာပါ ။ အထူးသဖြင့် ပန်းနာရင်ကျပ်ဖြစ်ပြီး ချောင်းတွေ အမြဲဆိုးနေသူ၊ ဝမ်းအမြဲချုပ်နေသူ၊ ဒါမျိုးတွေဆိုရင်တော့ ခွဲပြီးရင်လည်း မအောင်မြင်နိုင်တာလည်း ရှိတာပေါ့နော် ။

မေး ။            ။ ကျေးဇူးပါဆရာကြီး၊  အူကျတာ ညာဘက်ခွဲပြီး သွားပြီပေါ့နော်၊ နောက်တစ်ဖက်က ဘယ်ဘက်က ပြန်ကျပြန်တယ်။ အဲ့ဒီတော့ ဒါကို ဆက်ခွဲရင်လုံးလုံး အဆင်ပြေလောက်သလား။ ဘယ်ရော ညာရောခွဲရမယ့် သဘောရှိနေလား ။

ဖြေ ။              ။ဘယ်ဘက်နဲ့ ညာဘက်က မဆိုင်ပါဘူး ။ ဘယ်ဘက်တစ်ခုဖြစ်ပြီးသွားရင် ညာဘက်က ဖြစ်တာအသစ်ပဲ။ အသစ်ပဲ ဆိုတဲ့အခါကျတော့ ပြန်ခွဲရမှာပဲ၊ တစ်ချို့တွေဆို ဘယ်ညာ တပြိုင်နက်ထဲဖြစ်ရင် တပြိုင်နက်ထဲ ခွဲလို့လည်းရပါတယ်။

မေး ။              ။ အစာအိမ်ရောဂါ ခံစားနေရသူဖြစ်တယ်။ အူကျရောဂါလည်း ခံစားနေရတယ် ဆိုတော့ ဘယ်လိုကုသလို့ ရမလဲဆိုတာ နည်းနည်းလောက်ပြောပြပေးပါလား ဆရာ ။

ဖြေ ။              ။ ဒါကျတော့ စောစောက ကျွန်တော်ပြောတဲ့ တတ်ကျွမ်းတဲ့ ဆရာဝန်တွွေ ခွဲစိတ်သမားတော်တွေနဲ့ သေချာဆွေးနွေးပြီး စမ်းသပ်ကြည့်ရမှာပေါ့။ အဲ့ဒီတော့ ဒီ ၂ ခုမှာ ဘယ်ရောဂါက သူ့အတွက် ပိုအရေးကြီးလဲဆိုတာကြည့်ရမယ်။ ဘယ်ရောဂါကို ကျွန်တော်တို့ ဦးစားပေးရမလဲပေါ့နော်၊ အစာအိမ် ရောဂါက အသက်အန္တရာယ်ပေးနေလား။ အူကျရောဂါက အသက်အန္တရာယ်ပေးနေလား ။ ဒါတွေကို ကျွန်တော်တို့ကြည့်ရမယ် ။ ကြည့်ပြီးတော့မှ ဘယ်ဟာကို အရင်ခွဲစိတ်ဖို့လိုသလဲ၊ ဘယ်ဟာကတော့ ဆေးကုလို့ရသလဲ ဒါကိုတော့ဆုံးဖြတ်ပေးရမယ်။ ဒီတိုင်းကြီးတော့ ပြောပေးလို့ မရဘူး။

မေး ။      ။ဆရာကြီး ဒီရောဂါက ဆေးလည်းသောက်လို့မရဘူး ခွဲစိတ်ကုသမှရမယ်ဆိုတော့ တကယ့်တကယ်ကျလို့ရှိရင် မဖြစ်အောင် ကာကွယ်လို့မရဘူးလား ၊ နည်းလမ်းတွေရော ဘယ်လိုမျိုးရှိမလဲ။

ဖြေ ၊     ။ မွေးရာပါကတော့ ကာကွယ် လို့မရဘူး ။ ကျန်တဲ့အပိုင်းတွေကတော့ ကိုယ်ခန္ဓာအတွင်းက ဝမ်းခေါင်းထဲကို pressure မများနိုင်အောင် လုပ်ရမှာပေါ့နော် ။ မများအောင်ဆိုတော့ တအားပြင်းထန်တဲ့ လေ့ကျင့်ခန်းမလုပ်မိအောင် ခါးဆိုလည်း သင့်လျှော်တဲ့ခါးပတ်၊ ဘောင်းဘီဆိုလည်း ကျပ်ကျပ်၊ သူ့ဟာနဲ့သူ အကာအကွယ် လုပ်ထားဖို့လိုပါတယ်၊ မဟုတ်လို့ရှိရင်တော့ ကြွက်သားတွေက သူဟာသူ ပရမ်းပတာပဲ၊ အထဲက pressure များရင် များသလို အပြင်ဖက်ကို တွန်းမှာပဲ  အပြင်ဖက်ကို တွန်းမှာဆို ပြန်ပြီးတော့ ခံပေးနိုင်မယ့် အကာအကွယ်မျိုးတွေ လုပ်ထားပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ နောက်ပြီးလို့ရှိရင်တော့ အသက်ကြီးတဲ့လူတွေကတော့ ကြွက်သားတွေ အားနည်းလာတာကိုတော့ ဘယ်လိုမှရှောင်လွဲလို့မရဘူး ။ ဒါပေမယ့် ဝမ်းချုပ်ခြင်း ဆီးချုပ်ခြင်း ၊ နောက်ပြီးတော့ ချောင်းတွေ ဆိုးနေတာ ဒါတွေကို ချက်ချင်းကုပေးမယ်ဆိုရင်တော့ ဒီရောဂါတွေ မဖြစ်နိုင်အောက် ကာကွယ်ပေးနိုင်ပါတယ်။

မေး။      ။ ချက်မှာ အူကျွံလို့ ၊ အဲ့ဒီချက်ကို ခွဲထုတ်ပြီး ဇကာခံထားတယ်။ အဲ့ဒီဇကာက ဘယ်လောက် ထိ သက်တမ်းခံလည်း။ နောက်ပြီး ရှောင်ဖို့ ဆောင်ဖို့လေးတွေပြောပြပါလား ဆရာ ။ (ဇကာ = ဆန်ခါ)

ဖြေ။      ။ဇကာက သက်တမ်း တစ်သက်လုုံးခံတယ်။ ကြာလေခိုင်လေပဲဆိုတော့ ဇကာက ရှိတာ ပိုကောင်းတယ် ပေါ့နော်။ အဲ့ဒါကြောင့် အခုခေတ်မှာဆိုလို့ရှိရင် ခွဲစိတ်ကုသတဲ့အခါမှာ အမြဲတမ်းဇကာ ထည့်တယ်။ နဂိုရှိတဲ့ ကြွက်သားတွေ အရေပြားတွေ အရွတ်တွေနဲ့ အားကိုသုုံးပြီးတော့ အူကျွံတဲ့နေရာမှာ ပိတ်ထားတာထက် ဇကာကိုသုံးတာ ပိုအားရှိပါတယ် ။ ဇကာက်ိုသုံးတယ်ဆိုတာထက် သူကစ်ိတ်ချပြီ၊ ကိုယ်လုပ်ချင်တာ လုပ်လို့ရပြီ၊ အဲ့ဒီလိုမျိုးမဟုတ်ဘူးပေါ့နော်။ စောစောက ကျွန်တော်ပြောသလို သူဝိတ်ကို ထိန်းဖို့လိုပါတယ် ။ သူတဖြည်းဖြည်း ဝလာလို့ရှိရင် ကြွက်သားတွေကြားထဲမှာ အဆီတွေဝင်လာမယ်၊ အဲ့ဒီအခါ ကြွက်သားတွေလို အဆီတွေက အားမရှိဘူး။ ဒါကြောင့်မို့ ပြန်ဖြစ်တတ်တယ်။ အမြဲတမ်း ညှစ်နေမယ်၊ အလေးအပင်တွေ မနေမယ်၊ ဝမ်းအမြဲချုပ်နေမယ်၊ ဆီးချုပ်နေမယ်။ ဒါမျိုးတွေ ဖြစ်နေမယ်ဆိုရင်တော့ ပြန်ဖြစ်လာမှာပဲ၊ ဒါကြောင့်မို့ အဲဒီဟာတွေကို ထိန်းဖို့လိုပါတယ်။

မေး။        ။ အူကျနေတဲ့ အမျိုးသမီးတယောက်အနေနဲ့ ကိုယ်ဝန်ဆောင်လို့ရလား ဆရာ။

ဖြေ။       ၊ အူကျတာ ဘယ်နေရာမှာ ကျတာလဲ၊ အဲ့ဒီဟာလည်း ရှိသေးတာပေါ်နော်။ သူကတော့ အတိအကျပြောထားမယ်မထင်ပါဘူး၊ အဲ့ဒီဟာလည်း ကျွန်တော် ပြောထားသလိုပေါ့နော်။ ဘယ်ရောဂါက သူ့ကိုချက်ချင်း လက်ငင်း ဒုက္ခပေးနိုင်သလဲ ဆုံးဖြတ်ရမှာ ။ အဲ့ဒီဟာကလည်း တတ်ကျွမ်းတဲ့သူတွေ ပြဖို့လိုပါတယ်။ ဘယ်ကိစ္စကို အရင်ရှင်းရမလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ပေးလို့ရပါတယ်။

မေး ။        ။     အူကျွံလို့ရှိရင် ခွဲစိတ်ကုသတယ်။ ခွဲစိတ်ကုသတဲ့ နည်းလမ်းဘယ်နှခုလောက် ရှိလဲ။ နောက်တစ်ခုက ဘယ်အချိန်မှာပေါ့နော် အစောဆုံး ကုသလို့ရနိုင်လဲ။

ဖြေ။      ။ပထမဦးဆုံးက အချိန်ပေါ့နော်၊ ရောဂါ တစ်ခုဖြစ်လာပြီဆို နောက်တစ်ဆင့် တက်ဖို့ကို စောင့်နေလို့ မရဘူးပေါ့နော် ။ အစောဆုံး ခွဲတာ အကောင်းဆုံးပါပဲ။ ဒါပေမယ့်် ဒီနေ့လာလို့ မနက်ဖြန်မနက် ခွဲရမယ်လို့ မဟုတ်ပါဘူး။ အစစအရာရာ ပြင်ဆင်ပြီး၊ အကောင်းဆုံး အစောဆုံး အချိန်မှာ သူ့ကိုခွဲတာ အကောင်းဆုံးပါ ။ နောက်ပြီး ခွဲစိတ်တာကတော့ ရှေးထဲကနေပြီး အခုခေတ်အထိပေါ့နော်။ တစ်မျိုးပြီးတစ်မျိုး ရွေ့လျောလာတာပေါ့နော်၊ အဲ့ဒီတော့ ရှေးတုန်းတော့ အူကျတဲ့အပိုင်းကို ဖယ်လိုက်တယ်၊ နောက် အူတွေ အဆီပြင်တွေဆို ဝမ်းခေါင်းထဲပြန်ထည့် လိုက်တယ်။ ပြီးတော့ အဲ့ဒီနေရာကို ကျွန်တော်တို့ ပိတ်လိုက်တယ်၊ ပိတ်လိုက်တဲ့အခါကျတော့ အနီးအနားမှာရှိတဲ့ ကြွက်သားတွေ အရေပြားတွေ အရွတ်တွေ အားလုံးနဲ့ပေါင်းပြီး  ပိတ်လိုက်တာပေါ့ နော်။ အဲ့ဒီလို ပိတ်လိုက်ပြီး အနာကို ကျက်အောင်ပြန်စောင်၊့ နောက်ပိုင်းကျတော့ ဒီထက်ပိုကောင်းအောင် အပြင်ကနေပဲ လူလုပ်တဲ့ ဇကာပေါ့နော်၊ ဆေးပညာနဲ့ သေချာတီထွင်ပြီး ထုတ်လုပ်ထားတဲ့ ဇကာကို အဲ့ဒီနေရာမှာ ခံလိုက်တော့ ပိုပြီးကောင်းလာပါတယ် ။ ပိုစိတ်ချရတာကို တွေ့ရပါတယ် ။ ပြန်ဖြစ်ဖို့လည်း chance က နည်းလာတာကို တွေ့ရပါတယ် ။ နောက်ပိုင်းမှာ ဒီထက်ပ်ိုပြီးတော့ ခေတ်တွေ ရွေ့လျားလာတဲ့အခါ ( Key hole )  ဆိုတာပေါ့နော်။ ကျွန်တော်တို့ အပေါက်ကလေးတွေ ဖောက်ပြီး သည်းခြေထုတ်တယ် ကြားဖူးမှာပေါ့၊ အဲ့ဒီလိုမျိုးပဲ အပေါက်လေးတွေ ဖောက်ပြီး အူကျရောဂါကို ခွဲစိတ် ကုသလို့ရပါတယ်၊ ချက်မှာလည်း လုပ်ပါတယ်၊ ပေါင်ခြံမှာလည်း အူကျရောဂါကို အပေါက်ကလေးဖောက်ပြီးတော့ key hole surgery လုပ်လို့ရပါတယ်။

မေး ။    ။   အသက်ကတော့ ၈၀ ရှိပြီ။ နှလုံး သွေးတိုး ဆီးချို ရှိတယ်။ အူကျွံတာတော့ တစ်လလောက် ရှိပြီပေါ့နော်၊ နာကျင်တာတော့ မရှိသေးဘူး။ အဲ့ဒီတော့  ဆရာကြီးရယ် ခွဲစိတ်ကုသ သင့်သလားဆိုတာ ဖြေပေးပါဦး။

ဖြေ ။    ။ စောစောက ကျွန်တော်ပြောသလိုပဲ၊  ဒီရောဂါသည် ပျောက်မယ့် ရောဂါမဟုတ်ဘူး။ တနေ့နေ့မှာ အူကကျပြီးတော့ အူပြန်မဝင်ဘဲနဲ့ အူက လိမ်သွားတာ ခေါက်သွားတာ ပုပ်သွားတာဆိုလို့ရှိရင် အန္တရာယ်များပါတယ်။ အဲ့ဒီတော့ နည်းနည်းကောင်းနေတဲ့အချိန်မှာ ဆရာဝန်တွေ သမားတော်တွေနဲ့ ပြပြီးခွဲမယ်ဆို ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကျွန်တော်ပြောခဲ့သလိုပဲ ၈၅နှစ် ကျရင် ပိုဆိုးမယ်၊ ၉၀ ကျရင် ပိုဆိုးမယ်၊ ၉၀ ထိတောင်မစောင့်ဘဲ ၈၀ မှာ ခွဲတာ ပိုကောင်းတယ် ပိုမှန်မယ် ။ နောက်တစ်ခုက ကျွန်တော်တို့က အူကျရောဂါက အများအားဖြင့် ခန္ဓာကိုယ်အောက်ပိုင်းမှာ ပိုဖြစ်တာဆိုတော့ ခါးမှာ ထုံဆေး ထိုးပြီးတော့ ခွဲလို့လည်းရပါတယ် ။ ကျွန်တော်တို့ မေ့ဆေးပေးသလောက် အန္တရာယ် မများဘူး၊ ဒီထက် ပိုပြီးတော့ ခါးထုံဆေးပေးလောက်အောင် မသင့်တော်ဘူးဆိုရင် အူကျတဲ့နေရာလေးမှာပဲ ထုံဆေးပတ်ထိုးပြီး ခွဲရင်ရပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့က သူနဲ့သင့်လျော်မယ့် မေ့ဆေးတို့ ထုံဆေးတို့ကို သမားတော် တွေနဲ့တိုင်ပင်ပြီးကုသရင်ရပါတယ် ။

မေး။      ။ ဆရာကြီး အဲ့ဒီတော့  ခုနကပြောသလို အူကျခြင်းရဲ့ နောက်ဆက်တွဲ ပေါ့နော် ၊   အူက ခေါက်ခွေပြီးတော့ အူပုပ်သလို ဖြစ်တတ်တယ်။      နောက်ဆက်တွဲက ဘာတွေ ဖြစ်လာနိုင်သေးလဲ ခင်ဗျာ့၊

ဖြေ ။             ။ အူက ပုပ်သွားပြီဆိုလို့ရှိရင်တော့ အူထဲမှာရှိတဲ့ မကောင်းတဲ့  ပိုးမွှားတွေရော၊ ပစ္စည်းတွေရော အူနံရံထဲက ဖောက်ထွက်ပြီးတော့ ကိုယ်ခန္ဓာကိုထဲကို ဝင်လာပြီး ကိုယ်ခန္ဓာ သွေးကြောတွေထဲကို စိမ့်ဝင်သွားပြီးတော့ တစ်ကိုယ်လုံး ရောဂါတွေ ပျံ့နှံ့ သွားတာပေါ့နော် ။ အဲ့ဒီလို ဖြစ်သွားပြီဆိုရင်တော့ အခြေအနေမကောင်းတော့ဘူး ။ အဲ့ဒီအခါ ဆိုလို့ရှိရင် ကျွန်တော်တို့က အရေးပေါ် ခွဲစိတ်ကုသရတယ် ။ ပုပ်သွားတဲ့ အပိုင်းကို ကျွန်တော်တို့က ဖြတ်ပစ်ရတယ် ။ ဖြတ်ပစ်ပြီးတဲ့အခါကျမှ ပြန်ဆက်ရတယ် ၊ ပြန်ဆက်တဲ့ အခါကျတော့လည်း ပြန်ဆက်တဲ့ အဆက်က လုံမယ် မလုံဘူး မသေချာတော့ဘူး ။ ပြီးတဲ့အခါကျတော့ နဂို အဲ့ဒီအူ ထွက်ကျလာတဲ့အပိုင်းကိုလည်း ပြန်ပိတ်ပစ်ရတယ် ၊ အပေါက်ကိုလည်း ပြန်ပိတ်ရတယ် ၊ အဲ့ဒီလိုမျိုးတွေနဲ့ ပြန်ပြီးတော့  ပြင်းပြင်း ထန်ထန် ခါတိုင်းပုံမှန်အူကျရောဂါကို ခွဲတာမျိုး မဟုတ်ဘဲနဲ့ အရေးပေါ် အန္တရာယ်မြောက်မြားစွာ နှင့် ခွဲစိတ်ရမယ် ။ နောက်ပြီး တစ်ကိုယ်လုံးမှာ ပြန့်နေတဲ့ ရောဂါပိုးတွေကိုလည်း နှိမ်နင်းဖို့အတွေက် ပဋိဇီဝဆေးတွေ နှင့် အကြောဆေးတွေ သွင်းပြီးတော့  ရက်ရှည်များများကုရတယ်။ ဒါပေမယ့် ရလာဒ်ကလည်း ကောင်းချင်လည်း ကောင်းမယ် ။ မကောင်းတဲ့ လူတွေလည်းမကောင်းပါကြဘူး။

မေး ။            ။ သမီးလေးက ၄ နှစ်ထဲမှာပေါ့နော်။ အူကျွံနေတယ်လို့ သိရပါတယ် ။ သမီးလေးက အားထုတ်ပြီဆိုလို့ရှိရင် ငိုပြီး မိန်းမကိုယ် တစ်ဖက်က ဖောင်းလာပါတယ် ၊ ဒိီအတိုင်းနေတယ် ဆိုရင်တော့ မဖောင်းပါဘူး ။ အဲ့ဒီတော့   ဘယ်လိုလုပ်ရမလဲ ဆရာရယ်၊ ပြန်ပြီးတော့ ဖြေပေးပါဦး။

ဖြေ ။             ။ ကလေးတွေကတော့ မွေးရာပါပေါ့နော် ။ ယောက်ျားလေးတွေမှာလည်းဖြစ်တယ် ၊ မိန်းကလေးတွေမှာလည်းဖြစ်တယ် ၊ အဲ့ဒီမှာဆိုလို့ရှိရင် သူရဲ့ပေါင်ခြံမှာ မွေးရာပါ လမ်းကြောင်းလေး တွေလည်း ရှိတယ် ။ နောက်ပြီးတော့ အားနည်းနေတဲ့ အပေါက်ကလေးတွေလည်း ရှိပါတယ် ။ အဲ့ဒီနေရာကနေပြီးတော့ အူတွေက ကျွံထွက်လာပါတယ် ။ အဲ့ဒီတော့ သူတအားကြီးကို ဖျစ်ညှစ်ပြီး ငိုမယ်ဆိုလို့ရှိရင် အဲ့ဒီနေရာက ဖောင်းပြီးတော့ ပြန်မကျဘဲနဲ့ ဒုက္ခရောက်ပါလိမ့်မယ် ။ အဲ့ဒီလို မဖြစ်ခင်မှာ သူ့ကို ဆရာဝန်နဲ့ပြလိုက်ရင် ဘာမှ အခက်အခဲမရှိဘဲနဲ့ ခွဲစိတ်လိုက်ရင် ဘာမှအခက်အခဲမရှိဘဲနဲ့ တစ်ပတ် ၁၀ ရက် အတွင်းကောင်းသွားပါလိမ့်မယ် ။

မေး။             ။ ဆရာကြီးလည်း အသက်အရွယ်နှင့် ပတ်သက်ပြီး တော်တော်လေး ပြောပြီးသွားပါပြီ ။ အမေက အသက် ၇၅ နှစ်ရှိပြီ။ မန္တလေးမှာ ခွဲစိတ်ပါမယ်၊ ခွဲစိတ်ကုသမူ မခံခင်မှာ ဘာတွေများ အကြံပေးနိုင်ပါ့မလဲ ခင်ဗျာ ။

ဖြေ ။             ။ သူက ဘယ်နေရာကနေ အူကျတာလဲဆိုတာ တစ်ခုပေါ့နော် ၊ နောက်တစ်ခုက သူ့မှာ ဘာရောဂါတွေရှိလဲ ၊ နှလုံးရောဂါ သွေးတိုးရောဂါ အသက်ကြီးတော့ ပိုရှိတာပေါ့နော် ၊ နောက်ပြီးတော့ ဒီ ဆီးချိုရောဂါရော ၊ အဲ့ဒီရောဂါတွေ အကုန်လုံးကို ကျွန်တော်တို့ ရှာရမယ် ၊ သူ့ရဲ့ရောဂါ အဆင့်တွေ ကို ကျွန်တော်တို့က သတ်မှတ်ရမယ် ၊   သမားတော်တွေနှင့် တိုင်ပင်ပြီးတော့ အဲ့ဒီရောဂါတွေကို ထိန်းချုပ်ရမှာပေါ့နော် ၊ ရောဂါတွေဆိုတာ ရောဂါတိုင်းကို ပျောက်အောင်ကုသလို့ မရဘူး ၊ အဲ့ဒီတော့ ကျွန်တော်တို့က ဆီးချိုရောဂါဆို ဆီးချိုကို ထိန်းချုပ်ပေးရတယ် ၊ အဲ့ဒီလိုမျိုး ထိန်းချုပ်ပြီးပြီဆိုလို့ရှိရင် မေ့ဆေးတို့ ထုံဆေးတို့ သင့်တော်တဲ့ အနေအထားကိို ရောက်ပြီဆိုတော့ မှ လုပ်လို့ရပါတယ် နော် ၊ အဲ့ဒီတော့ သူက ဒီအချိန်မှာ အသက် ၇၀ တစ်ခုထဲ အနေနဲ့တော့ ကျွန်တော် မပြောနိုင်ဘူး ။

မေး ။            ။   အူကျွံတာနှင့် ရေမုတ် ရောဂါ က အတူတူပဲလား။ သူတို့ လက္ခဏာက ဘယ်လို ကွဲ ပြားလဲ ခင်ဗျ။

ဖြေ။              ။ အူကျွံတယ်ဆိုတာကတော့လေ ကိုယ်ခန္ဓာ ဝမ်းခေါင်းထဲက အူတွေက အပြင်ကို ထိုးထွက်လာတာပေါ့နော် ၊ ရေမုတ်ရောဂါဆိုတာကတော့ ကပ်ပယ်အိတ်ထဲမှာဆိုရင် ရေတွေ စုပြီးတော့  အကြီးကြီး ဖြစ်လာတဲ့ရောဂါပဲနော် ။  အဲ့ဒီတော့ အဲ့ဒီ ၂ ခုက ဘာမှ မဆိုင်ပါဘူး ၊ လူတွေက အဲ့ဒီ ၂ ခုကိုရောပြီးတော့ လူတွေက ထင်နေကြတာ ရှိတယ်ပေါ့နော် ၊ တကယ်တော့ အဲဒီဟာ ၂ခုကို ခွဲခြားဖို့ကျတော့ ဆရာဝန်တွေမှပဲ ခွဲပေးနိုင်တာပေါ့နော် ၊ အဲဒီတော့ တချို့တွေက အူကျွံတယ်ဆိုပြီးလာတယ် ၊ ရေမုတ်ရောဂါဖြစ်နေတယ် ၊ တစ်ချို့ကျတော့ ရေမုတ်ရောဂါဆိုပြီးလာတယ်၊ အူကျွံတာဖြစ်နေတယ် ၊ အဲ့ဒီတော့ ကျွန်တော်တို့ အနေနဲ့ ဆရာဝန်တွေကို ပြပြီးတော့မှ ဒါကိုခွဲခြားပြီးတော့ ၂ မျိုး စလုံးကတော့ ခွဲစိတ်ကုသရတဲ့ရောဂါ ဖြစ်ပါတယ် ။  

မေး ။            ။ သူက အပြင်ပန်းလက္ခဏာကျတော့ရော အတူတူလောက်ပဲလား ဆရာကြီး ။

ဖြေ ။             ။အူကျွံတဲ့ ရောဂါကျတော့ ဗိုက်ထဲမှာ စတာပေါ့နော် ၊ ဗိုက်ထဲက စတဲ့ အတွက်ကြောင့် ကိုယ်ခန္ဓာရဲ့ ဝမ်းခေါင်းနံရံ တစ်နေရာကနေ ဖုထွက်လာပြီးတော့ အဲ့ဒီ ဖုထွက်လာတဲ့ အမြှောင်းလိုက်ကြီးဟာဆိုလို့ရှိရင် ကပ်ပယ်အိတ်ထိအောင် ထိုးဆင်းသွားတာ ။ ရေမုတ်ရောဂါကျတော့ အဲဒီလို ခန္ဓာကိုယ်ထဲကနေ ထိုးထွက်လာတာ မရှိဘူး၊ ကပ်ပယ်အိတ်ကမှ ကြီးလာတာပါ။

မေး။             ။ အမျိုးသမီးက အသက် ၄၀ လောက်မှာ အူကျွံတာ ဗိုက်မခွဲဘဲ ဆရာကြီးပြောသလို အပေါက်လေးဖောက်ပြီးတော့ ၊  ရန်ကုန်မှာ ကုသမူခံယူလို့ ရပါလား။

ဖြေ ။             ။ ဒါလည်း လူပေါ်မှာ မူတည်တာပေါ့နော် ၊ ကျွန်တော်တို့ ကြည့်ရမယ်၊ တချို့တွေက အူကျွံတယ်ဆိုတာ သေးသေးလေး ရှိတယ် ၊ အူမှာ ကြက်ဥလောက် ဒါမှမဟုတ်ရင် မာလကာသီးလောက် အဲ့ဒီလိုမျိုးတွေရှိတယ် ၊ တချို့တွေကကျတော့ အုန်းသီးလောက်  ရှိတယ်။ အဲ့ဒီတော့ အူကျွံတဲ့ အရွယ်အစားအပေါ်မှာလည်း မူတည်တာပေါ့နော် ၊ နောက်ပြီးတော့ သူ့မှာ ဘာရောဂါတွေရှိလည်း ၊ အသက် ၄၀ ဆိုတာတော့ သိပ်ပြီးတော့ အသက်မကြီးသေးဘူးလို့ ထင်ပါတယ် ။ သူ့ကို ကြည့်ပြီးတော့မှ သူသည် Key Hold surgery နှင့် သင့်တော်တယ် ၊ ဖွင့် ပြီးတော့ ခွဲစိတ်တာနှင့် သင့်တော်တယ် ၊ အဲ့ဒီလိုမျိုး ဆုံးဖြတ်ပေးရပါတယ် ။ သူကဆိုရင် ဇကာမထည့် ဘဲနှင့် ရတယ် ၊ သူဆိုရင် ဇကာ ထည့်ရမယ် ၊ ဒါတွေကိုလည်း  ကြည့်ပြီးမှ ဆုံးဖြတ်လို့ရပါမယ် ။

မေး။             ။   အူကျွံတာနှင့် ပတ်သက်ပြီး ဆွေးနွေးပြီးပြီဆိုတော့  ရေမုတ်ရောဂါနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ဖြည့်ပြောပေးပါဦး ။ ဒါကတော့ ယောက်ျားလေးတွေပဲ အဖြစ်များတယ်လို့ ထင်ပါ တယ် ။

ဖြေ ။             ။ အမျိုးသားတွေပဲ ဖြစ်တာများပါတယ် ၊ ဘာလို့လဲဆိုတော့ ကပ်ပယ်အိတ်ထဲမှာ ဆိုလို့ရှိရင် ရေတွေ စုလာတာပေါ့ ၊ အကြောင်းတစ်ခုခုကြောင့်ပေါ့နော် ၊ တစ်ခါတလေ ကျတော့လည်း ရောင်ပြီးတော့မှ ရေတွေ တဖြည်းဖြည်း များလာတာ ရှိတယ် ၊ ဒါမှမဟုတ်လို့ ရှိရင်လည်း ရေတွေက တဖြည်းဖြည်း များလာတာ ရှိတယ် ။ ဒါမှမဟုတ်လည်း ရေဆိုတာက ထုတ်လုပ်တာနဲ့  ပြန်ပြီးတော့ စုပ်သွားတာနဲ့ အဲ့ဒီ ၂ခု မျှနေတဲ့ အခါကျရင် အရည်က မများဘူးပေါ့နော် ၊ တစ်ခါတလေကျတော့ ထုတ်လုပ်မူက ပိုများနေပြီးတော့ ကိုယ်ခန္ဓာက ပြန်ပြီး စုပ်ယူသွားတာ နည်းနေတယ်ဆိုရင် ၊ ရေက များလာတာပေ့ါ ၊ များပြီးတော့ ကြီးလာတာပေါ့ ၊ ဒါပေမယ့် အဲ့ဒီလို လူတွေ အူကျွံတာလောက် ဒုက္ခ မရောက်ဘူးပေါ့နော် ၊ ဒါပေမယ့် လေး ပြီးတော့ ရေမုတ်ရောဂါနှင့် အဲဒီလို ဖြစ်နေတာပေါ့ နော် ၊ ဘယ်ဟာပဲဖြစ်ဖြစ်  မြန်မာပြည်မှာ လူတွေက ရောဂါ အသေးလေးဆိုပြီး ပေါ့လို့ မရပါဘူး ၊ ဘယ်ဟာပဲ ဖြစ်ဖြစ် ကိုယ့်အနားမှာ ခွဲစိတ်ဆရာဝန် မရှိဘူးဆိုရင်တောင်မှ အထွေထွေရောဂါကု ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်လိုက်ရင် ၊ ဒါက ဘယ်သူနှင့် သင့်တော်တယ် ၊ ဒါက ဘယ်သူနှင့် တိုင်ပင်ဖို့ လိုတယ်ဆိုတာ ဆွေးနွေးလို့ ရတယ် ။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့က ခွဲစိတ်ဆရာဝန်ဆီ သွားမယ်ဆိုရင် မြန်မာပြည်မှာ လူတွေက အရမ်းကြောက်ကြတယ် ။ ခွဲတော့မယ် စိတ်တော့မယ် အဲ့ဒီလိုမျိုးပေါ့နော် ။ ကျွန်တော်တို့ အနေနဲ့ကလည်း တကယ်လိုတဲ့ လူနာမှ ကျွန်တော်တို့က ခွဲစိတ်တာပါ ၊ လူတိုင်းကိုလည်း လိုက်ခွဲမစိတ်ပါဘူး ။ ကျွန်တော်တို့ ဆီကို လာဖို့ ဝန်မလေးပါနဲ့ ကျွန်တော်တို့ဆီကို မလာချင်ရင်တောင်မှ နီးစပ်ရာ ဆရာဝန်တွေဆီ သွားရင် သူတို့တွေဆီက အကြံဉာဏ်တွေ တောင်းလို့ရပါတယ် ၊ သူတို့ အကြံဉာဏ် ပေးနိုင်ပါတယ် ။ ဒါကြောင့် အမြန်ဆုံး အကြံဉာဏ်ယူဖို့တော့ ကျွန်တော် တိုက်တွန်းချင်ပါတယ် ။ နောက်တစ်ခုက  ရေမုတ်ဆိုတာ ရေတွေ တဖြည်းဖြည်း များလာတယ်ဆိုပေမယ့် ကြာလာရင် ဒီတိုင်းပဲနေမှာ မဟုတ်ဘူး၊ သူက အဲ့ဒီထဲမှာ သွေးကြောလေးတွေက ပေါက်သွားလို့ရှိရင် ၊ အထဲမှာ သွေးမုတ်ကြီးဖြစ်သွားမယ် ၊ သွေးတွေ ပြည့်သွားမယ် ၊ ဒါမျိုးတွေ ရှိတယ် ။ တစ်ခါတလေ ပိုးဝင်သွားရင် အထဲမှာ ပြည်တွေနဲ့  ပြည့်သွားရော  ဒါဆိုရင် အသက်အန္တရာယ် ဖြစ်လာပြီ ။

မေး ၊             ။ ဆရာကြီး သူက အဓိက ဖြစ်ရတဲ့ အကြောင်းအရင်းကရော ဘာကြောင့်များလဲ။

ဖြေ။              ။အဓိက ဖြစ်ရတဲ့ အကြောင်းရင်းကတော့ စောစောက ကျွန်တော်ပြောခဲ့ သလိုပေါ့နော် တခါတလေ ယောက်ျား ကပ်ပယ်အိတ်ထဲမှာ ဥက အရမ်းရောင်ပြီးတော့ အဲ့ဒီကနေ အရည်တွေ ထုတ်တာ ရှိတယ် ။ အရည်တွေ ထုတ်ပြီးရင်လည်း တဖြည်းဖြည်းများလာပြီးတော့ ပြန်ပြီးတော့ စုပ်တဲ့ ခန္ဓာကိုယ်က စုပ်ယူတဲ့ ပမာဏထက် ထုပ်ယူတဲ့ ပမာဏက ပိုပြီးတော့ များလာတဲ့ အတွက် တဖြေးဖြေးများလာတာပါ ။

မေး ၊             ။ အဲ့ဒီလူတွေ အနေနဲ့ ဆောင်ဖို့ ရှောင်ဖို့ ဘာရှိလဲ ဆရာ။

ဖြေ။              ။အဲ့ဒီလိုတော့ ပြောလို့မရဘူး ဒါကရောဂါတစ်ခုလို ဖြစ်နေတာ။ ရောင်ကိုင်းလာတာပေါ့နော် ။ ရောင်ရမ်းတာ ကပ်ပယ်အိတ်ထဲမှာ ရောင်ရမ်းတာ ၊ ပြီးတဲ့အခါကျတော့ ပိုးဝင်တာ ၊ ဒါမျိုးတွေကကျတော့ ရောဂါ ဆိုတော့ ရှောင်ရှားဖို့တော့ သိပ်မလွယ်ဘူးပေါ့နော် ။ တစ်ချို့တွေက ဒဏ်ရာကြောင့်လည်း ဖြစ်တတ်တယ် ။ ဒဏ်ရာရရင်လည်း သူကရောင်တာပဲလေနော်၊ ဥပမာ ဘောလုံးကန်တယ် ခိုက်မိတယ် ။ အဲ့ဒီအခါ အပြင်းအထန်ထိသွားတယ်၊ ပြီးရင်ရောင်တယ် ၊ ရောင်ပြီးလို့ရှိရင် သူက အရည်တွေ ထွက်လာတယ်၊ ပြီးရင် တဖြည်းဖြည်းနဲ့ ကြီးလာတယ် ၊ အဲ့ဒီလိုမျိုးတွေရှိတာပေါ့နော် ၊ ဘောလုံးကန်တယ်ဆိုလည်း ဒဏ်ရာမရအောင် ၊ ပိုးမဝင်အောင် ဒါကတော့ ကာကွယ်တဲ့ သဘောပဲ ဖြစ်မှာပေါ့နော် ၊

မေး၊              ။ဒီရောဂါဖြစ်တော့မယ်ဆိုရင် လက္ခဏာက ဘယ်လိုမျိုး ပြလဲ။

ဖြေ။              ။သူကတော့ ဒီဥစ္စာက အများအမြင် နာကျင်ခြင်း မရှိပါဘူး ၊ ဒါပေမယ့် တဖြည်းဖြည်းတော့ ကြီးလာတာပေါ့နော် ရေမုတ်ရောဂါကတော့ ကပ်ပယ်အိတ်ထဲမှာပဲ ကြီးလာပြီးတော့ ကိုယ်ခန္ဓာ ဝမ်းခေါင်း နံရံကတော့ ဘာမှ မဖြစ်ဘူးပေါ့နော် ၊ ကပ်ပယ်အိတ်ထဲမှာပဲ ဖြစ်တာပေါ့နော် ။ ဒါပေမယ့် နောက်ပိုင်းသွေးမုတ်တို့၊ ပြည်တည်တာ ဖြစ်လာတဲ့အခါ လူက ဖျားလာမယ်၊ နာလာမယ်၊ နေလို့ ထိုင်လို့ မကောင်းဘူး။ အဲ့ဒီလိုမျိုးဆိုရင် အခြေအနေမကောင်းတော့ဘူးပေါ့ ။

မေး။                   ။   သားလေးက ၅ နှစ်ရှိပြီ ၊   အမြင့် ခုန်တာ ဘာညာဆို အူကျတယ်တဲ့ ၊ အမြဲတမ်းတော့ မဟုတ်ဘူး ၊ အမြင့်ခုန်လိုက်ပြီဆို အူကျလာတယ်ပေါ့နော် ၊ အဲဒီတော့ ခွဲစိတ်ကုသမှ အဆင်ပြေမှာလားဆရာ။

ဖြေ။              ။ကလေးတွေက အမြင့်ခုန်လို့ အားကစားလုပ်လို့ အူကျတာမဟုတ်ဘူး ၊ ကလေးတွေ က မွေးရာပါ ပါ။ မွေးရာပါပေမယ့် အဲ့ဒီလို လုပ်လိုက်ရင် ပိုသိသာလာတာ ၊ အဲ့ဒါ ခွဲရမှာပါ ။

မေး။             ။မွေးရာပါကျတော့ရော ရာခိုင်နူန်း ဘယ်လောက်ထိ အဖြစ်များလဲဆရာ။

ဖြေ။              ။ကျွန်တော်တို့ Population ပေါ့နော် ၊ Population မှာဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာပြည်မှာဆိုလို့ရှိရင် တစ်လ တစ်လကို ကလေးဆေးရုံမှာ ခွဲရတဲ့လူနာက ၁၀ ယောက်လောက် ရှိပါတယ်။ ဒါရန်ကုန်မြို့က ကလေးဆေးရုံ တစ်ခုပဲ ရှိပါသေးတယ် ၊ မြန်မာတစ်ပြည်လုံး တွက်ရမယ် ဆိုလို့ရှိရင်တော့ ရာခိုင်နူန်းတော်တော်များပါတယ် ။

မေး။             ။ခွဲစိတ်ပြီးတဲ့ ကလေးတစ်ယောက်ကို အိမ်ပြန်သွားရင် မိဘတွေအနေနဲ့ ဘယ်လိုမျိုး ဂရုစိုက်သင့် ပါသလဲ ။

ဖြေ။              ။ ကလေးတွေက လူကြီးတွေထက်ပိုပြီး နလန်ထတာ မြန်ပါတယ် ။ လူကြီးနဲ့ မတူပါဘူး။   ဒါကြောင့် ကျွန်တော်တို့က လူကြီး အသက် ၇၀ - ၈၀ ကို ပိုပြီးတော့ အလေးထား ပါတယ် ၊  ကလေးက ခွဲစိတ်ကုသလိုက်ရင် အလွန်ဆုံး ၁ လ ပဲ ၊ ဘာမှတောင် လုပ်ပေးစရာမလိုဘူး။ ခွဲပြီးခါစ ၁ ပတ် ၁၀ ရက်ပဲ ချော့ထားဖို့လို့ လိုတာ။

 
မေး ။             ။ အသက်အရွယ်ကြီးတဲ့ လူကြီးတွေအတွက်ကျတော့ ဘယ်လိုဖြစ်သွားနိုင်လဲ နည်းနည်းလေး ဖြည့်ပြောပေးပါ။

ဖြေ။              ။အသက်အရွယ်ကြီးတဲ့ လူကြီးတွေကျတော့  အနာကျက်တာလည်း နှေးလာတယ် ။ တခြားရောဂါတွေလည်း များလာတယ် ။ အဲ့ဒီဟာကျတော့ ကျွန်တာ်တို့  အနာကျက်စေနို်င်တဲ့ ပရိုတင်းဓာတ်၊ အသားဓာတ် ဒါမျိုးတွေကို ကျွေးပေးရမယ် ။ လိုအပ်လို့ရှိရင်လည်း ဆေးတွေပေးဖို့လိုတယ် ။ နောက်ပြီး တစ်ချိိန်ထဲမှာ သူ့ကို ဝမ်းချုပ်တာတို့၊ ဆီးချုပ်တာတို့၊ ချောင်းဆိုးတာတို့ အဲ့ဒီဟာတွေ အကုန်လုံးကို ကျွန်တော်တို့ ထိန်းပေးရမယ် ။ ဆီးချိုက ပရမ်းပတာ ဖြစ်နေတယ်ဆိုရင် အနာမကျက်နိုင်ဘူး။ အဲ့ဒါကြောင့် ဆီးချိုကိုလည်း ထိန်းပေးရမယ် ။ အဲဒီတော့ သူ့ကို အဖက်ဖက်ကနေ ကျွန်တော်တို့က ထိန်းပေးဖို့ လိုပါတယ် ။ မဟုတ်လို့ရှိရင် လူကြီးဆိုတာ ပျောက်ဖို့ ပိုပြီးခဲယဉ်းပါတယ် ။

မေး ။             ။ ကလေးက တစ်ကြိမ်ခွဲပြီးသွားပြီ၊ အူပြန်ကျွံနေတယ် ။ တစ်နှစ်ကျော်ပြီ၊ ပြန်ခွဲရမလား။  အမျိုးသမီး တစ်ယောက်က အသက်က ၄၀ လောက်ရှိပြီ၊ အူကျွံတာ ချက်ကပေါ့နော် ၊ အဲ့ဒါ ဘယ်လို လုပ်သင့်ပါသလဲ ဆရာ။

ဖြေ ။             ။ ကလေးပဲဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ်ပေါ့နော်၊ အူကျွံလာလို့ရှိရင်တော ့ခွဲရမှာပဲ ။ မဟုတ်လို့ရှိရင် တခြားနည်းနှင့် သူပျောက်စရာ အကြောင်း မရှိဘူး။ ဆေးသောက်လို့လည်းမရဘူး၊ ဆေးလိမ်းလို့ လည်းမရဘူး၊ ဘာကြောင့် ပြီးခဲ့တဲ့ တစ်ခေါက် ခွဲစိတ်တုန်းက မအောင်မြင်တာလဲ ။ ဒါမှမဟုတ် တခြားရောဂါ အသစ်တစ်ခု ဖြစ်လာတာလား ။ ရောဂါ အသစ်တစ်ခုဖြစ်လာရင်လည်း ကုရမှာပဲ ။ အောင်မြင်တာဆိုလို့ရှိရင်တော့ မအောင်မြင်တဲ့ အားနည်းချက်ကို ရှာရမှာပေါ့ ။ မအောင်မြင်တဲ့ အားနည်းချက်တွေကို မရှောင်ဘဲနဲ့ နောက်တစ်ခါလည်း ဒီလိုပဲပြန်ခွဲမယ်ဆိုရင်တော့ နောက်တစ်ခါလည်း အောင်မြင်မှာမဟုတ်ဘူး ။ ဒါကြောင့် အရင်တုန်းကဘာဖြစ်တာလဲ  ။ ဒါကိုလည်း ကျွန်တော်ကြည့်ဖို့လိုပါတယ် ။

အသက် ၄၀ အမျိုးသမီးကကျတော့ ချက်မှာ ဖြစ်ပြီဆိုရင် ခွဲဖို့ပဲ။ ဘာဖြစ်လို့လဲဆို ချက်က အပေါက် အင်မတန် သေးပါတယ် ။ ဒီအပေါက်လေးထဲက တော်ရုံ အူမထွက်နိုင်ဘူးလို့ မထင်ပါနဲ့ ၊ တအားညစ်လိုက်ရင် အူတွေက တစ်ပြုံလုံး ထွက်သွားတယ်၊ ပြီးရင် ပြန်မဝင်တော့ဘူး ။ အဲ့ဒီမှာ တစ်သွားတယ်။ အဲဒီလိုဆိုရင်တော့ အသက်အန္တရာယ်ရှိပါတယ်။

မေး။              ။ အူကျပြီး ခွဲထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြန်မဖြစ်အောင် ဆင်ခြင်သင့်တာ ဘာတွေလဲ ဆရာ ။

ဖြေ ။             ။ ခွဲထားတာက တတ်သိ နားလည်တဲ့ ခွဲစိတ်ဆရာဝန်တွေနဲ့၊ နောက်ပြီးတော့ ခေတ်မီတဲ့ ဆေးရုံတွေနဲ့ နည်းပညာတွေနဲ့ ခွဲထားလို့ရှိရင် ပြန်ဖြစ်စရာ အကြောင်း သိပ်မရှိဘူး ။ တစ်ရာခိုင်နှုန်း အောက်မှာပဲ ရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့်သာ ပြန်ဖြစ်တာပေါ့နော် ။ အဲ့ဒီ အကြောင်း အရင်းခံကို ရှာဖို့လိုပါတယ်။ သူကတောနယ်မှာဆိုတော့ မသိမတတ်ကျွမ်းတဲ့ တစ်ယောက်ကပဲ လုပ်သွားတာလား၊ တခြား ဆရာဝန်မဟုတ်တဲ့ လူတစ်ယောက်ကပဲ  ခွဲပေးသွားတာလား။ ဒါတွေ ကျွန်တော်တို့ ပြောလို့မရဘူး ။ အဲ့ဒါတွေ အကုန်လုံး အကြောင်းအရင်းခံတွေကို လိုက်ဖို့လိုပါတယ်။ ဘယ်သူပဲခွဲခွဲ ကောင်းမယ်လို့ အာမခံလို့မရဘူး ။ နောက်တစ်ခုက ခွဲပြီးသွားပြီဆိုရင်၊ အကြောင်း အခိုက်အတန့် တစ်ခုပေါ့ ။  ၃ လ ကနေ ၆လ အတွင်း အလေးအပင် မတာ၊ ပြင်းထန်တဲ့ အားကစားလုပ်တာတွေ၊ ဝမ်းချုပ်တာ၊ ဆီးချုပ်တာကို ကာကွယ်ရမယ်။ ဒါမျိုးတွေ လုပ်ထားရင် ဒီ ၆ လ နောက်ပိုင်းမှာ လူကောင်းပကတိလို နေထိုင် သွားလာနိုင်ပါတယ်။

မေး။              ။ အစားအသောက်နဲ့ ပတ်သက်ပြီး အူကျတာ ဖြစ်နိုင်လား၊ ဘယ်လို အစားအစာတွေက ဖြစ်နိုင်လဲ ။

ဖြေ။              ။အဲ့ဒီလိုမျိုးတော့ မရှိဘူး ။ဒါပေမယ့် ဝမ်းချုပ်တဲ့ အစားအစာတွေ စားရင်တော့ အူကျတာ ဖြစ်နိုင်တယ် ။ ဘယ်သူပဲဖြစ်ဖြစ် ဝမ်းမှန်မှန်သွားမယ် ။ ဟင်းသီးဟင်းရွက် များများစားပေးမယ်။ အမျှင်ဓာတ်ပါတာ စားမယ်ဆိုရင်၊ ရေများများသောက်ပေးမယ်ဆိုရင်၊ တစ်နေ့ တစ်ခါ ဝမ်းမှန်အောင်ကြိုးစားမယ်ဆိုရင် ရောဂါရဲ့ တစ်ဝက်လောက်ကို ဖယ်ရှားနိုင်တယ် ။

မေး။              ။ဆရာကြီးက ဘယ်ဆေးခန်းမှာ ထိုင်ပါသလဲခင်ဗျာ။

ဖြေ။              ။ကျွန်တော် ရန်ကုန်ဆေးရုံကြီးမှာ ရှိပါတယ်။ ခွဲစိတ်ကုပညာဌာနမှာ ရှိပါတယ်။

မေး။              ။ Mizzima ပရိတ်သတ်တွေကို အူကျတာပဲဖြစ်ဖြစ် အူကျွံတာပဲဖြစ်ဖြစ် ရေမုတ်ရောဂါနှင့် ပတ်သက်ပြီ  ထပ်ဖြည့်ပြောစရာရှိပါသေးလား ဆရာ။

ဖြေ။              ။ ကျွန်တော်တို့ အနေနဲ့  အခုဆွေးနွေးတာ အူကျွံရောဂါပေါ့နော်။ ဆက်စပ်ပြီး ရေမုတ်ရောဂါလည်း နည်းနည်း ပါသွားတာပေါ့နော် ။ တချို့တွေက ထင်ကြတာ ကလေးတွေဆို ဖြစ်ဖူးလား ။ လူလတ်ပိုင်းတွေဆို ဖြစ်ဖူးလား ။ ဒီနေ့ အနှစ်ချုပ်လိုက်ရင် ကလေးမွေးရာပါကနေ စဖြစ်တယ်။ လူလတ်ပိုင်းတွေမှာလည်း ဖြစ်နိုင်တယ်။ အသက်ကြီးတဲ့ လူတွေမှာလည်း ဖြစ်နိုင်တယ်။ ယောက်ျားမိန်းမ မရွေးဖြစ်နိုင်တယ် ။ ကိုယ်ခန္ဓာရဲ့ အားနည်းတဲ့ အားပျော့တဲ့ အစိတ်အပိုင်းတွေမှာလည်း ဖြစ်နိုင်တယ်။ ချက်မှာ ပေါင်ခြံမှာရယ်လို့ မဟုတ်ဘူး။ တခြား အူကျွံနိုင်တဲ့နေရာတွေလည်း အများကြီးရှိနိုင်တယ်။ အဲ့ဒီလို ရောဂါက ဆေးနဲ့ကုလို့ရတဲ့ ရောဂါမဟုတ်ပါဘူး ။  ကျွံလာတဲ့အူနဲ့ အဆီပြင် အစိတ်အပိုင်းတွေကို ဗိုက်ထဲကို ပြန်သွင်းပြီးတော့ ကျွံတဲ့နေရာကို ကျွန်တော်တို့က ဖာထေး ပြုပြင်လိုက်မှသာ သူ့ရောဂါက ကောင်းသွားမှာဖြစ်ပါတယ်။  နောက်ပြီး သူ့ရောဂါက ကင်ဆာတို့ ဘာတို့လို ပြင်းပြင်းထန်ထန်ကြီး ကုရတဲ့ ရောဂါ မဟုတ်တဲ့ အတွက်ကြောင့် မို့လို့၊ လုံးဝ ဥဿုံ ပျောက်ကင်းနိုင်တဲ့ရောဂါလည်း ဖြစ်ပါတယ် ၊ အဲ့ဒီလိုပျောက်ကင်းနိုင်တဲ့ ရောဂါကို မွေးထားပြီးတော့ ရောဂါရင့်မှ ကျွန်တော်တို့ဆီကို ရောက်လာလို့ရှိရင်တော့ သူ့ရဲ့နောက်ဆက်တွဲ ဖြစ်ရပ်ဆိုးတွေ ကြုံပြီးမှ ကျွန်တော်တို့ဆီ ရောက်လာလို့ရှိရင် ကျွန်တော်တို့ကလည်း အဲ့ဒီတော့မှ မရမက ကုရတဲ့ အခါကျရင်တော့ ရလဒ်တွေက ကောင်းချင်မှ ကောင်းလာပါလိမ့်မယ် ၊ ဒါကြောင့် အူကျွံရောဂါလို့ ကိုယ့်ကိိုယ်ကိုယ် သံသယရှိတယ်ဆိုရင် နီးစပ်ရော အထွေထွေကုဆရာဝန် ၊သမားတော်တွေ နဲ့လည်းပြလို့ ရပါတယ်။ ဘယ်ဆရာဝန်နှင့်ပဲ ပြပြ သူတို့က ခွဲခြမ်းစိတ်ဖြာကြည့် ပြီးတော့ ဒီ ရောဂါကို ဘယ်သူနဲ့ အကြံဉာဏ်ယူသင့်တယ်၊ ဘယ်သူနှင့် ပြသသင့်တယ်ဆိုတာ အကြံပေးပါလိမ့်မယ် ၊ အဲ့ဒီအခါ ကျွန်တော်တို့ဆီကို ရောက်လာခဲ့ရင် ကျွန်တော်တို့က သူ့ကိုကြည့်မယ်၊ ဒါသည် အူကျွံတာ သေချာတယ်ဆို ခွဲစိတ်ဖို့အတွက် ပြင်ဆင်ပါမယ် ။ ခွဲစိတ်ဖို့ ပြင်ဆင်တာလည်း လူတစ်ယောက်လာတာနှင့် တစ်ခါတည်းခွဲစိတ်တာ မဟုတ်ပါဘူး ။ ခွဲစိတ်ဖို့ သင့်တော်ရဲ့လားဆိုတာ မျိုးစုံ စမ်းသပ်မှုတွေ  လုပ်ပါတယ် ၊ ပြီးတဲ့အခါကျမှ သူက ခွဲစိတ်ဖို့သင့်တော်တယ် မေ့ဆေး ထုံဆေးဒဏ်လည်းခံနိုင်တယ်ဆိုမှ ခွဲစိတ်ကုသဖို့ စီစဉ်ပေးပါတယ် ။ လောလောဆယ် ခွဲစိတ်ဖို့ မဖြစ်နိုင်သေးဘူး၊ တခြားရောဂါတွေလည်း ရှိသေးတယ် ဆိုရင်တော့ လိုအပ်တဲ့ အထွေထွေသမားတော်တွေနှင့် ကျွန်တော်တို့က တိုင်ပင်ပြီးတော့ တခြားဖြစ်နေတဲ့ ရောဂါတွေကိုလည်း ကျွန်တော်တို့က ပြန်ထိန်းချုပ်ပါတယ် ။  အဲ့ဒီလို ထိန်းချုပ်ပြီးတဲ့အခါကျရင် ဒီဟာကို ဖြစ်နိုင်တဲ့နည်းနဲ့ မေ့ဆေးဆိုလည်း မေ့ဆေး၊ ထုံဆေးဆိုလည်း ထုံဆေး၊ ဒီနေရာမှာပဲ ထုံဆေးလေး ပတ်ပြီးထိုးတာလည်းဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် ခါး ထုံဆေးလေး၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက် အသင့်တော်ဆုံး နည်းစနစ်ကို အသုံးပြုပြီးတော့ မနာကျင်ဘဲနဲ့ ပျောက်အောင် စီစဉ်ပေးနိုင်ပါတယ် ။  အဲ့ဒီတော့ ပျောက်နိုင်တဲ့ရောဂါ တစ်ခုကို ဖြစ်နေရဲ့သားနှင့် လိုအပ်တဲ့ အကူအညီကို မရယူဘဲနဲ့ အသက်အန္တရာယ်အထိ ဒါမှ မဟုတ် အသက်အန္တရာယ် ဆုံးပါးသွားတဲ့အထိ အဖြစ်ခံမယ်ဆိုတာတော့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စလို့ပဲပြောချင်ပါတယ် ။

မေး။              ။ ဆရာကြီး တစ်ချို့ဆို ပေါ့ပေါ့တန်တန် နေတတ်တော့ နောက်ဆက်တွဲဖြစ်တာတွေ ကိုလည်း ရှင်းပြပေးပါလား ။

ဖြေ ။             ။ ပထမတော့ အူက ဝင်လိုက်ထွက်လိုက် ဖြစ်နေတာပေါ့၊ အူက အပြင်ကို ထွက်တယ်၊ ပြီးရင် ပြန်ဝင်သွားတယ် ။ နောက်ပိုင်းကျရင် ပြန်မဝင်တော့ဘူး။ ဒါပေမယ့် တစ်ချို့တွေက အူက မခေါက်ဘူး၊ ဒါပေမယ့် ပြန်မဝင်ဘူး၊ ဒီလိုလည်းရှိတာပေါ့ ။ အဲဒီတော့ အဲ့ဒီအတိုင်းပဲလည်း နေကြတာပဲ၊ ဒါပေမယ့် တစ်နေ့နေ့မှာ အူက ခေါက်သွားတယ်၊ အူခေါက်ပြီး ဝမ်းသွားလို့ မရတော့ဘူး၊ အန်လာမယ် ၊ ဗိုက်ကြီးက ဖောင်းလာမယ် ၊ ပြီးလို့ရှိရင် ဝမ်းလည်းမသွား လေလည်း မလည်တဲ့အခါကျတော့ ဗိုက်က တင်းကားပြီးတော့ အစာလည်းစားလို့ မရတော့ဘူး၊  အရေးပေါ် ဖြစ်မယ် ၊ အဲဒီအူကျတဲ့နေရာကြီးကလည်း ပြောင်ပြီးတော့ ရောင်တက်လာမယ် ။ နီရဲလာမယ် ပုပ်သွားမယ်၊ အထဲမှာဆိုရင် အူထဲမှာရှိတဲ့ မကောင်းတဲ့ အရာဝတ္ထုတွေနဲ့ ရောဂါပိုးတွေက အကုန်လုံး ကိုယ်ခန္ဓာကို ပျံ့နှံ့လာမယ် ၊ အဲ့ဒီလို ပျံ့နှံ့သွားတဲ့အခါ ရောဂါကို ကုသရင်တောင်မှ တစ်ကိုယ်လုံးမှာ ပျံ့နှံ့နေတဲ့ ရောဂါပိုးတွေကို ကုသဖို့ အောင်မြင်မယ် မမြင်ဘူး ပြောလို့မရဘူးပေါ့ ၊ ဒါကြောင့် လူနာတစ်ယောက် အနေနဲ့ အဲ့ဒီ အဆင့်ထိရောက်အောင် မစောင့်ပါနဲ့လို့ ကျွန်တော်ပြောချင်ပါတယ် ။

မေး။              ။ကျေးဇူးပါ နောက်ထပ် ဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးပါဦး ဆရာကြီး ။

ဖြေ ။             ။   အခုလိုပြောရတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။    ရောဂါလေးက ဘာမှမဟုတ်ဘူးဆိုပေမယ့် အသက်ကို အန္တရာယ်ပေးပါတယ်။ အဲ့ဒီတော့ မြန်မာလူမျိုးတွေ အနေနဲ့ ဆေးခန်း သွားရမယ်ဆို အင်မတန် ဝန်လေးပါတယ် ။  ဘာပဲဖြစ်ဖြစ် ဆေးရုံတွေကတော့ ဒီရောဂါသည် အရေးကြီးသည် မကြီးသည် ၊ စီစစ်ပေးနိုင်ပါတယ်။ ဘာလုပ်သင့်တယ်ဆိုတာလည်း အကြံဉာဏ်ပေးနိုင်ပါတယ် ၊  ဒီလိုမျိုး Comment, Chat box တွေကနေ တိုက်ရိုက်ဖြေကြားပေးလို့ မလွယ်ပါဘူး ၊ အဲဒီတော့ လူကိုယ်တိုင်လာဖို့လည်း ဝန်မလေးပါနဲ့၊ ဆရာဝန်နဲ့ တွေ့ဖို့လည်း ဝန်မလေးပါနှင့် ။ ကုသမူ ခံယူဖို့လည်း ဝန်မလေးပါနှင့် အချိန်မီကုသလို့ရှိရင် ဘယ်ရောဂါမဆို ပျောက်ကင်းနိုင်ပါတယ် ဆိုတာလေးပဲ သတင်းပါးချင်ပါ တယ်။    ။ (မဇ္စျိမ)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly