အိန္ဒိယမှာ ကျားကောင်ရေ တိုးပွားလာပြီး ကောင်ရေ ၃၀၀၀ နီးပါးအထိ ရှိလာ

အိန္ဒိယမှာ ကျားကောင်ရေ တိုးပွားလာပြီး ကောင်ရေ ၃၀၀၀ နီးပါးအထိ ရှိလာ

နယူးဒေလီ၊ ဇူလိုင် ၃၀ ။       ။ အိန္ဒိယနိုင်ငံရဲ့ ကျားကောင်ရေဟာ ၂၉၆၇ ကောင်အထိ တိုးပွားလာပြီး ၂၀၀၆ ခုနှစ်က ကောင်ရေထက် နှစ်ဆကျော် များပြားလာကြောင်း တနင်္လာနေ့က ထုတ်ပြန်တဲ့ ခန့့်မှန်းချက်အရ သိရပါတယ်။

ကျားကောင်ရေ အသစ်ကောက်ယူမှုအရ မျိုးသုဉ်းမယ့်ဘေး ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်တွေအတွက် အိန္ဒိယနိုင််ငံဟာ ဘေးကင်းတဲ့ စားကျက်နယ်မြေအဖြစ် ရှိနေတာကို ညွှန်ပြနေပါတယ်။

ဒါအပြင်လည်း ရုရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၀ ကမ္ဘာလုံးဆိုင်ရာ ကျားများနှင့် ပတ်သက်သော အစည်းအဝေးက ချမှတ်ထားတတဲ့ ကောင်ရေနှစ်ဆ တိုးပွားရေးကို အိန္ဒိယနိုင်ငံက ပြည့််မီတာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ ကျားများနေ့ ပြုလုပ်ရန် နယူးဒေလီက ပွဲတစ်ရပ်မှာ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက အခု ကျားကောင်ရေ ခန့်မှန်းချက်သစ်ကို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကျားကောင်ရေ ၃၀၀၀ နီးပါး ရှိလာတာနဲ့အတူ ကမ္ဘာမှာ ကျားတွေအတွက် ဘေးအကင်းဆုံး နိုင်ငံဖြစ်လာခဲ့ပြီလို့ မိုဒီက ပြောပြီး ၂၀၁၈ ကျားကောင်ရေခန့်မှန်းချက်ကို ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

အဆိုပါ ခန့်မှန်းချက်အရ ၂၀၁၄ ကစတင်ပြီး အိန္ဒိယနိုင်ငံဟာ ကျားကောင်ရေ ၃၃ ရာခိုင်နှုန်း တိုးပွားလာခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly