ဘရာဇီးအကျဉ်းထောင်အတွင်း လူမိုက်ဂိုဏ်းကြား ရန်ပွဲဖြစ်လို့ အကျဉ်းသား ၅၇ ဦး သေဆုံး

ဘရာဇီးအကျဉ်းထောင်အတွင်း လူမိုက်ဂိုဏ်းကြား ရန်ပွဲဖြစ်လို့ အကျဉ်းသား ၅၇ ဦး သေဆုံး

ဆော်ပေါလို၊ ဇူလိုင် ၃၀ ။        ။ ဘရာဇီးနိုင်ငံ မြောက်ပိုင်းက ပါရာပြည်နယ်က အကျဉ်းထောင်မှာ တနင်္လာနေ့က ပြိုင်ဖက်ဂိုဏ်းတွေကြား ထိပ်တိုက်တွေ့ရာက လူပေါင်း ၅၇ ဦး သတ်ဖြတ်ခံရပြီး သေဆုံးကြောင်း အာဏာပိုင််တွေက ပြောပါတယ်။

ပြည်နယ်မြို့တော် ဘီလမ်းကနေ မိုင် ၅၀၀ ကျော် ဝေးတဲ့ အယ်တမ်းမီရာအရပ်က အကျဉ်းထောင်မှာ ခုလို အကျဉ်းသားတွေကြား ခိုက်ရန်ဖြစ်ပွားလို့ ငါးနာရီကျော်ကြာ ထောင်ဆူမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဥပဒေစိုးမိုးရေး လက်နက်ကိုင်အဖွဲ့တွေက နောက်ဆုံးမှာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

သေဆုံးသူ အကျဉ်းသားတွေမှာ ၁၆ ယောက််က ခေါင်းဖြတ်အသတ်ခံရတာဖြစ်ပြီး လူမိုက်ဂိုဏ်းတစ််ဂိုဏ်းက အဆောင်ကို မီးရှို့တာကြောင့် မီးခိုးမွှန်ပြီး ၄၁ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ထောင်ထဲက ပြိုင်ဖက်ဂိုဏ်းတွေကြားမှာ ဖြစ်ပွားတဲ့ လူသတ်မှုကြီးပါပဲ။”လို့ အကျဉ်းဦးစီးချုပ် ဂျာဘတ်စ်ဗက်စ်ကွန်ဆီလိုက ပြောပါတယ်။

အကျဉ်းထောင်ရဲ့ စားဖိုဆောင်မှာ အကျဉ်းသားတွေ နံနက်စာ စားသောက်နေကြတဲ့ အချိန်မှာ အခြားအဆောင်က အကျဉ်းသားတွေက ဝင်ရောက်လာပြီး ထောင်ထဲမှာ လုပ်ထားတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

ဒီလို တိုက်ခိုက်ချိန်မှာ အစောင့်နှစ်ဦးကို ဖမ်းဆီးထားတာဖြစ်ပြီး နောက်ပိုင်းမှာ ဒီအစောင့်နှစ်ဦးဟာ ထိခိုက်မှု မရှိဘဲ လွတ်မြောက်လာခဲ့တာပါ။ ဒဏ်ရာရသူနှစ်ဦးကိုတော့ ဆေးရုံတင်ပို့ပေးထားပါတယ်။

အဲဒီအကျဉ်းထောင်ဟာ အကျဉ်းသား ၂၀၀ အတွက်ပဲ ဝင်ဆံ့အောင် တည်ဆောက်ထားတာဖြစ်ပေမယ့် လက်ရှိမှာ အကျဉ်းသားပေါင်း ၃၁၁ ဦးကို ထားရှိထားတာဖြစ််တယ်လို့ အကျဉ််းဦးစီးက ပြောပေမယ့် အမျိုးသားတရားရေးကောင်စီကတော့ ဝင်ဆံ့အကျဉ်းသား ၁၆၃ ဦးထက် နှစ်ဆပိုပြီးအကျဉ်းသား ၃၄၃ ဦးကို ထားရှိထားတာလို့ ဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly