ပညာရေးစနစ်သစ်မှာ ကျူရှင်ထပ်တက်စရာမလိုဟု ဆို

30 July 2019
ပညာရေးစနစ်သစ်မှာ ကျူရှင်ထပ်တက်စရာမလိုဟု ဆို

ယခင် အလွတ်ကျက်မှတ်တဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲထားတဲ့ ပညာရေးစနစ်သစ်မှာ ပြင်ပကျူရှင်ကို ထပ်ယူစရာမလိုအပ်တော့ဘူးလို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

“အခုသင်နေတဲ့ သင်နည်းတွေက တကယ်ဆိုရင် အပြင်က အဲ့လို အလွတ်ကျက်ပြီးတော့ ဒီစာတွေ အလွတ် ကျက် ပြန်ရွတ်ပြဆိုတဲ့ ပုံစံ မဟုတ်ဘူး။ မဟုတ်တာဖြစ်တဲ့အတွက် တကယ်တော့ စနစ်သစ်က ကျူရှင် မလိုဘူး။” လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ယခုပညာရေးစနစ်သစ်တွင် ကလေးငယ်များကို ကျူရှင်ထပ်ယူခိုင်းနေတဲ့ အပေါ် ယခုလို ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနမှာ ဇူလိုင်လ ၂၉ရက်က ပြုလုပ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပညာ ရေးဝန်ကြီးဌာနကို အခြေခံပညာအလယ်တန်းအဆင့် “ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး စာစောင်” ဆရာကိုင်အုပ်ရေ ၄ဝဝဝဝလွှဲပြောင်းပေးအပ်သည့် အခမ်းအနားအပြီး မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

အခြေခံပညာရေးစနစ်သစ် KG+12 ကို ၂၀၁၆-၂၀၁၇ ပညာရေးနှစ်ကစပြီး ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။

ရိုက်ကူး - အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly