နိုင်ဂျီးရီးယား အသုဘတစ်ခုကို ဘိုကိုဟာရမ်တွေ တိုက်ခိုက်လို့ ၆၅ ဦး သေဆုံး

နိုင်ဂျီးရီးယား အသုဘတစ်ခုကို ဘိုကိုဟာရမ်တွေ တိုက်ခိုက်လို့ ၆၅ ဦး သေဆုံး

အဘူဂျာ၊ ဇူလိုင် ၂၉ ။        ။ နိုင်ဂျီးရီးယားနိုင်ငံမှာ အသုဘတစ်ခုကို ဘိုကိုဟာရမ်တိုက်ခိုက်ရေးသမားတွေ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက လာရောက်တိုက်ခိုက်ရာမှာ သေဆုံးသူဦးရေဟာ ကနဦးကထက် သုံးဆတိုးလာပြီး ၆၅ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

စနေနေ့က ဖြစ်ပွားတဲ့ ပြည်နယ်မြို့တော် မိတ်ဒူဂူရီအနားက ရွာတစ်ရွာက အသုဘတစ်ခုကို ဘိုကိုဟာရမ်တွေ လာရောက်တိုက်ခိုက်မှုမှာ သေဆုံးရုပ်အလောင်းတွေ ဒါဇင်များစွာကို ရှာဖွေတွေ့ရှိတာ ဖြစ်ပါတယ်။

“သေဆုံးသူဟာ ၆၅ ဦး ရှိတယ်။ ဒဏ်ရာရသူက ဆယ်ဦးပါ။”လို့ ဒေသအစိုးရခေါင်းဆောင် မိုဟာမတတ်ဘူလာမာက ပြောပါတယ်။

အသုဘ လူစုလူဝေးကို လာရောက်တိုက်ခိုက်မှု အစမှာပဲ သေဆုံးသူ ၂၀ ကျော်ရှိပြီး ထွက်ပြေးသူတွေကို လိုက်လံပစ်ခတ်ရာမှာ သေဆုံးသူပေါင်းက ဒါဇင်များစွာ ရှိခဲ့တာပါလို့ ဘူလာမာက ဆိုပါတယ်။

လူ ၂၃ ဦးက အသုဘက အပြန်မှာ သတ်ဖြတ်ခံရတာဖြစ်ပြီး ဒီလို သတ်ဖြတ်သွားတဲ့ ဘိုကိုဟာရမ်တွေနောက် လိုက်လံကြရာမှာ ၄၂ ဦး ထပ်အသတ်ခံရတာဖြစ်တယ်လို့ ဘိုကိုဟာရမ်ဆန့်ကျင််ရေး ပြည််သူ့စစ်ခေါင်းဆောင် ဘူနူဘူကာက ပြောပါတယ်။

ဘိုကိုဟာရမ်အဖွဲ့ဟာ နိုင်ဇိုင်ခရိုင်အတွင်းမှာ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly