သုံးလောင်းပြိုင် လူသတ်တရားခံ ဆယ်ကျော်သက်နှစ်ဦးကို ကနေဒါလေတပ်ပါ တောနင်းရှာဖွေ

သုံးလောင်းပြိုင် လူသတ်တရားခံ ဆယ်ကျော်သက်နှစ်ဦးကို ကနေဒါလေတပ်ပါ တောနင်းရှာဖွေ

အော့တဝါ၊ ဇူလိုင် ၂၉ ။         ။ သုံးလောင်းပြိုင်လူသတ်မှု သံသယတရားခံ ဆယ်ကျော်သက် ဝရမ်းပြေးနှစ်ဦးနောက်ကို တောနင်းရှာဖွေရာမှာ ကနေဒါ တော်ဝင်လေတပ်ပါ ပူးပေါင်းပါဝင်ပြီး ရှာဖွေနေကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။

နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း အစွန်အဖျားမှာ သံသယတရားခံ ကမ်မတ်လီရွိုက်် (အသက် ၁၉ နှစ််)နဲ့ ဘရိုင််ယာရှမ်ဂီစကီ(အသက် ၁၈ နှစ်) တို့နှစ်ဦးဟာ ပုန်းအောင်းထွက်ပြေးနေတာ သီတင်းတစ်ပတ်ကျော်ကြာနေပြီ ဖြစ်ပါတယ်။

အဲဒီ ဆယ်ကျော်သက်နှစ််ဦးဟာ သြစတြေးလျနိုင်ငံသား လူးကပ်ဖော်လာနဲ့ ၎င်းရဲ့ အမေရိကန်ရည်စားတို့့အပြင် ကနေဒါအဘိုးအိုတစ်ဦးတို့ကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ကောက်ချက်ချရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ပြီး ဟူဆန်ဘေးအရပ်မှာ အမဲလိုက်ခွေးတွေ၊ ဒရုန်းယာဉ်တစ်စင်းနဲ့ သံချပ်ကာယာဉ်တွေနဲ့အတူ အဲဒီ ဆယ်ကျော်သက်လူသတ်သမားနှစ်ဦးကို မြေလှန်ရှာဖွေနေတာ ဖြစ်ပါတယ်။

ဒီလို ရှာဖွေမှုမှာ တော်ဝင်ရဲဌာနအကြီးအကဲ ဘရန်ဒါလက်ကီက မေတ္တာရပ်ခံတာကြောင့် လေတပ်ကပါ ပူးပေါင်းကူညီပြီး ရှာဖွေပေးနေတယ်လို့ ပြည်သူဘေးကင်းလုံခြုံရေးဝန်ကြီး ဂွတ်ဒဲလ်က ပြောပါတယ်။

တရားခံပြေးတွေနောက် လိုက်လံရှာဖွေရာမှာ လေတပ်ကို အကူအညီပေးဖို့ တောင်းခံလာတာကို ကာကွယ်ရေးဝန်ကြီး ဟာဂျက်ဆာဂျန်နဲ့အတူ လက်ခံသဘောတူပြီး ကူညီပေးခဲ့ကြောင်း ဂွတ်ဒဲလ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags