ပြန်ပေးဆွဲခံ မိန်းကလေးတစ်ဦး အသတ်ခံရမှုမှာ ရဲတပ်ဖွဲ့ ကိုင်တွယ်ပုံညံ့ဖျင်းခဲ့ဟု ဆိုပြီး ရိုမေးနီးယားရဲချုပ် ရာထူးမှ အထုတ်ခံရ

ပြန်ပေးဆွဲခံ မိန်းကလေးတစ်ဦး အသတ်ခံရမှုမှာ ရဲတပ်ဖွဲ့ ကိုင်တွယ်ပုံညံ့ဖျင်းခဲ့ဟု ဆိုပြီး ရိုမေးနီးယားရဲချုပ် ရာထူးမှ အထုတ်ခံရ

ဇူလိုင် ၂၈ ။             ။ ရိုမေးနီးယားနိုင်ငံမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ပြန်ပေးဆွဲခံခဲ့ရပြီး အရေးပေါ် ကယ်ဆယ်ဖို့ ရဲထံ အခါခါ အကြောင်းကြားခဲ့သော်လည်း အလေးထားမခံရဘဲ နာရီများစွာကြာ လျစ်လျူရှုခံရပြီးနောက် အသတ်ခံခဲ့ရပါတယ်။

ယင်းကိစ္စဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ အားနည်းခဲ့တဲ့အတွက် ရိုမေးနီးယား ပြည်ထဲရေးဝန်ကြီး နီကိုလေး မိုဂါက က ရဲတပ်ဖွဲ့ ရဲချုပ် အိုင်အိုအန် ဘူဒါ ကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယင်း မိန်းကလေးငယ် ပြန်ပေးသမားလက်ထဲ အသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်က နိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေကို ဒေါသထွက်စေခဲ့ပြီး ဇူလိုင် ၂၈ ရက်မှာ ထောင်ချီတဲဲ့ ဆန္ဒပြသူတွေဟာလည်း မြို့တော် ဘူခါရက်မှာ စုရုံးချီတက်ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။

ယင်းဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက်က ပြန်ပေးဆွဲခံရတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးဟာ သူမ ပြန်ပေးဆွဲခံထားရတယ်ဆိုတာနဲ့ သူမ ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာကို သဲလွန်စ ပေးဖို့အတွက် အရေးပေါ် ဖုန်းလိုင်းကို သုံးခါအထိ ခေါ်ခဲ့တယ်လို့ သိရပါတယ်။

သို့ပေမယ့် ရဲတွေကတော့ သူမရဲ့ ဖုန်းခေါ်ဆိုမှုတွေကို အလေးထားခြင်း မရှိခဲ့ဘူးလို့ သူမရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ခုကိစ္စမှာ မိမိတို့အနေနဲ့ သူမရဲ့ နောက်ခြေရာခံဖို့ အခက်အခဲရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ယခုအခါ ယင်းမိန်းကလေးကတော့ ပြန်ပေးသမား လက်ထဲ သေဆုံးခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ယင်းနောက် ယင်း မိန်းကလေးရဲ့ အလောင်း အစိတ်အပိုင်းတွေနဲ့ သူမ ဝတ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာတွေကို အိမ်တစ်အိမ်မှာ ရဲတွေက ရှာတွေ့ခဲ့ပြီးနောက် ယခုအခါ အသက် ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီး စစ်မေးနေလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly