Brexit သည် ကြီးမားသည့် စီးပွားရေးအခွင့်အလမ်း ဖြစ်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ပြော

Brexit သည် ကြီးမားသည့် စီးပွားရေးအခွင့်အလမ်း ဖြစ်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ပြော

ဇူလိုင် ၂၈ ။          ။ Brexit ( အီးယူကနေ ဗြိတိန် နုတ်ထွက်မှု) ဟာ တကယ်တော့ ကြီးမားတဲ့ မဟာ စီးပွားရေး အခွင့်အလမ်းကြီး ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ ဘောရစ် ဂျွန်ဆင်က ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် ယခင် ဝန်ကြီးချုပ် ထရီဇာမေရဲ့ လက်ထက်တုန်းကတော့ Brexit ကို ဆိုးဝါးတဲ့ သဘာဝဘေးဖြစ်ရပ်ဆိုးတစ်ခု ကျရောက်တော့အံ့ ဆဲဆဲအခြေအနေတစ်ခုလို ကိုင်တွယ်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

မန်ချက်စတာမြို့မှာ ပြောဆိုတဲ့ အခမ်းအနားတစ်ခုမှာ ဂျွန်ဆင်က ပြောကြားရာမှာတော့ ၎င်းရဲ့ လက်ထက်မှာ Brexit အလွန် ကုန်သွယ်ရေး သဘောတူညီချက်စာချုပ်တွေအတွက် ညှိနှိုင်းဆွေးနွေးမှုတွေကို  အရှိန်မြင့်လုပ်ဆောင်သွားမယ်လို့ ကတိပြုသွားပါတယ်။

ဒါ့အပြင် ဗြိတိန် စီးပွားရေးတိုးတက်ဖို့အတွက် သင်္ဘောဆိပ်ကမ်းတွေ ထူထောင်သွားမယ်လို့့ ၎င်းက ပြောပါတယ်။

 “ တကယ်တော့ အီးယူကနေ နုတ်ထွက်ခြင်းဟာ ကျွန်တော်တို့ အရင် ဆယ်စုနှစ်တွေတုန်းက လုပ်ခွင့်မရခဲ့တဲ့ ကြီးမားတဲ့ စီးပွားရေး အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ပြောချင်ပါတယ်” လို့ ဂျွန်ဆင်က ပြောသွားပါတယ်။

“ ကျွန်တော်ကတော့ ဗြိတိန်ကို အီးယူကနေ ထွက်ဖို့ဘက်ကို တိုက်တွန်းလုပ်ဆောင်ခဲ့ပါတယ်၊ ဒါက ဗြိတိန်ရဲ့ ဦးတည်ချက် လမ်းကြောင်းကို ပြောင်းနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒီအခွင့်အရေးနဲ့အတူ ဗြိတိန်ကို ကမ္ဘာပေါ်မှာ နေထိုင်ဖို့ အကောင်းဆုံး နိုင်ငံဖြစ်အောင် လုပ်သွားလိုပါတယ်” လို့ ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags