ရုရှား ဆန္ဒပြပွဲ လူ ၁,၀၀၀ ကျော် ဖမ်းဆီးခံရ

ရုရှား ဆန္ဒပြပွဲ လူ ၁,၀၀၀ ကျော် ဖမ်းဆီးခံရ

ဇူလိုင် ၂၈ ။             ။ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဇူလိုင် ၂၇ ရက်က ပေါ်ပေါက်ခဲ့တဲ့ အတိုက်အခံ ဆန္ဒပြပွဲတစ်ခုအတွင်း လူပေါင်း ၁,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မော်စကိုမြို့မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးရေး အာဏာပိုင်တွေကို တောင်းဆိုတဲ့ ယင်း ဆန္ဒပြပွဲအတွင်း ခုလို ဆန္ဒပြသမား ထောင်ချီ ဖမ်းဆီးထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဘက်ကတော့ အဓိက အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေကို မဲစာရင်းမှာ ချန်လှန်ထားတဲ့ ဆုံးဖြတ်ချက်တွေ ပြန်ပြင်ဆင်ဖို့ မော်စကိုမြို့အာဏာပိုင်တွေအား တောင်းဆိုတာဖြစ်ပါတယ်။

ခုလို စုရုံး ဆန္ဒပြပွဲအတွင်း ဆန္ဒပြသမား ထောင်ချီ ဖမ်းဆီးခံရမှု ဖြစ်စဉ်ကတော့ ယခုနောက်ပိုင်းနှစ်တွေအတွင်း အာဏာပိုင်တွေဘက်က အတိုက်အခံတွေအပေါ် နှိပ်ကွပ်တဲ့ အကြီးဆုံးသော ဖြစ်ရပ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ယမန်နေ့ ဆန္ဒပြပွဲအတွင်း လုံံခြုံရေး တပ်ဖွဲဲ့ဝင်တွေက နံပါတ်တုတ်တွေသုံးပြီး ဆန္ဒပြလူအုပ်ကို ရိုက်နှက်လူစုခွဲခဲ့သလို ဆန္ဒပြသူတွေကိုလည်း မြို့တော်ခန်းမကနေ တရွတ်တိုက်ဆွဲခေါ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

ခုလို ဆန္ဒပြမှုတွေကတော့ လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း မော်စကို မြို့တော်ဝန် ဆာဂေး ဆိုဗြန်နင်က ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly