Hard Rock က ပေ ၄၀၀ အမြင့်ရှိ ကမ္ဘာ့ပထမဆုံး ဂစ်တာပုံ ဟိုတယ်တည်ဆောက်

Hard Rock က ပေ ၄၀၀ အမြင့်ရှိ ကမ္ဘာ့ပထမဆုံး ဂစ်တာပုံ ဟိုတယ်တည်ဆောက်

၀ါရှင်တန်၊ ဇူလိုင် ၂၇ ။        ။ အမေရိကန်နိုင်ငံ တောင်ပိုင်းဖလော်ရီဒါမှာ ကမ္ဘာ့ပထမဆုံး ဂစ်တာပုံ ဟိုတယ်ကို ဟိုတယ်နှင့် ကာစီနိုလုပ်ငန်းစု Hard Rock က တည်ဆောက်ပြီး ဖြစ်ပါတယ်။

ပေ ၄၀၀ အမြင့်ရှိတဲ့ အဲဒီ ဂစ်တာဟိုတယ်ဟာ အဆင့်မြင့်ဟိုတယ်ဝင်းတစ်ခုမှာ တည်ရှိတာဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ဂစ်တာဟိုတယ်ကို တောင်ပိုင်းဖလော်ရီဒါရဲ့ အထင်ကရဖြစ်လာဖို့လည်း ရည်မှန်းထားပါတယ်။

ဂစ်တာပုံစံ အဆောက်အအုံ ဆောက်လုပ်ရတာဟာ ဆောက်လုပ်ရေးပညာအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။

“ဒီလို ဒီဇိုင်းမျိုးကို ဘယ်သူ တည်ဆောက်သလဲ။ တကယ်ပဲ ကျွန်တော်တို့ လိုချင်တဲ့ အရာလည်း ဖြစ်တယ်။ ဒီ ဂစ်တာပုံ ဟိုတယ်ဟာ ကျွန်တော်တို့ရဲ့ အိပ်မက်လိုပါပဲ။”လို့ Hard Rock ရဲ့ လုပ်ငန်းခန့်ခွဲမှု ဒုတိယဥက္ကဌ ဒရူးရှာဆင်းဂါးက ပြောပါတယ်။

ဂစ်တာပုံဟိုတယ်ဟာ အထပ်ပေါင်း ၃၅ ထပ်ရှိပြီး အခန်းပေါင်း ၆၃၈ ခန်း ပါရှိပါတယ်။ ဟိုတယ်တည်းခိုခအဖြစ် ရာသီပေါ်မူတည်ပြီး တစ်ညကို အမေရိကန်ဒေါ်လာ ၂၅၀ ကနေ ၅၀၀ အထိ သတ်မှတ်မှာ ဖြစ်ပါတယ်။

ဟိုတယ်မှာ အထူးခန်းတွေဆိုရင် ဧည့်ခန်းနှစ််ခန်း၊ ရေချိုးခန်းသုံးခန်း၊ ရေပန်းရေချိုးကန်၊ မီးဖိုချောင်နဲ့ တစ်ချို့အခန်းတွေဆိုရင် ကိုယ်ပိုင်ရေကူးကန်ပါ ပါရှိပါတယ်။

“အထူးခန်းတွေမှာ တစ်ချို့အခန်းတွေဆိုရင် စတုရန်းပေ ၄၀၀၀ အထိကို ကြီးမားကျယ်ပြောတဲ့ အထူးခန်းတွေ ဖြစ်ပါတယ်။”လို့ ရှာဆင်းဂါးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly