လေကြောင်းတိုက်ခိုက်မှုအတွင်း အီရတ်အကြီးအကဲ ဘက်ဒါဒီကို ထိမှန်ခဲ့ဟု အီရတ်ပြောကြား

လေကြောင်းတိုက်ခိုက်မှုအတွင်း အီရတ်အကြီးအကဲ ဘက်ဒါဒီကို ထိမှန်ခဲ့ဟု အီရတ်ပြောကြား

ဘဂ္ဂဒက်၊ အောက်တိုဘာ-၁၂ ။                ။ ဆီးရီးယားနယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် အိုင်အက်စ်အုပ်စုခေါင်းဆောင် အဘူ ဘခါ ဘက်ဒါဒီ စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းကို ထိမှန်သွားခဲ့သော်လည်း ဘက်ဒါဒီ၏ ကံကြမ္မာကိုမူ မသိရကြောင်း အီရတ်က အောက်တိုဘာလ ၁၁ရက်နေ့က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယားနိုင်ငံတွင်လည်း ရုရှက လေကြောင်းမှ ကူတိုက်ပေးနေသောကြောင့် အစိုးရစစ်တပ်များမှာ စစ်မျက်နှာနှစ်ခုတွင် ရှေ့သို့ တိုးတက်လာနိုင်ခဲ့ကြပြီဖြစ်သော်လည်း အခြားသူပုန်အုပ်စုများကိုပါ တိုက်နေရသည်ဟု ဆိုသည်။

အိုင်အက်စ်အကြဖမ်းဖက်ခေါင်းဆောင်များ၏ အစည်းအဝေးသို့ တက်ရောက်ရန် ကာရာဘာလာသို့ ဦးတည်ရွေ့ရှားနေသည့် ဘက်ဒါဒီ၏ အစောင့်ယာဉ်တန်းကို အီရတ်လေယာဉ်က ပစ်ခတ်ရာ ထိမှန်သွားခဲ့သည်ဟု အီရတ် လုံခြုံရေးဌာန ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ကာရာဘာလာမှာ ဆီးရီးယားနယ်စပ်မှ ၅ကီလိုမီတာ (၃မိုင်)အကွာ ယူဖရေးတီးမြစ်ကမ်းပေါ်တွင် ရှိပြီး ခေတ်အဆက်ဆက် စွန်နီသူပုန်များ၏ ခြေကုတ်စခန်းဖြစ်ခဲ့သည်။

အီရတ် စစ်မီဒီယာအဖွဲ့၏ ကြေညာချက်တွင်မူ တိုက်ခိုက်မှုအပြီးတွင် ဘက်ဒါဒီကို ယာဉ်တစ်စင်းဖြင့် သယ်ဆောင်သွားခဲ့ပြီး ၎င်း၏ ကျန်းမာရေးအခြေအနေကိုမူ မသိရကြောင်း ပြောကြားခဲ့သည်။

စစ်ဆင်ရေးအတွင်း အစည်းအဝေးကျင်းပရာနေရာကိုလည်း တိုက်ခိုက်ခဲ့သောကြောင့် ထိုနေရာတွင် ရောက်နှင့်နေသည့် အိုင်အက်စ်ခေါင်းဆောင် နှစ်ယောက်သုံးယောက်မှာ   သေဆုံးဒဏ်ရာရ သွားခဲ့သည်ဟုလည်း အဆိုပါကြေညာချက်တွင် ပြောကြားထားသည်။

ဘက်ဒါဒီသေဆုံးမှုမှာ ခေတ်သစ်သမိုင်းတွင် အရက်စက်အကြမ်းကြုတ်ဆုံး ဂျီဟတ်အဖွဲ့ကို ဆန့်ကျင်တိုက်ဖျက်နေသည့် စစ်ပွဲအတွက် အရေးကြီးသော တွန်းအားတစ်ရပ်ဖြစ်သော်လည်း ယခင်ကလည်း အီရတ်လုံခြုံရေးသတင်းရင်းမြစ်များက အလားတူကြေညာချက်များ ထုတ်ပြန်ဖူးသော်လည်း မမှန်ကန်ခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly