ချယ်လ်ဆီးအသင်းတွင်ရုန်းကန်နေရခြင်းကို ရှင်းမပြတတ်အောင်ဖြစ်နေဟု ဟာဇက်ပြော

ချယ်လ်ဆီးအသင်းတွင်ရုန်းကန်နေရခြင်းကို ရှင်းမပြတတ်အောင်ဖြစ်နေဟု ဟာဇက်ပြော

အောက်တိုဘာ ၁၂၊ လန်ဒန် ။          ။ ချယ်လ်ဆီးအသင်းနှင့်အတူ ရာသီအစ ၁၀ ပွဲကစားပြီး တစ်ဂိုးမှမသွင်းနိုင်သေးသည့် ကွင်းလယ်ဖန်တီးရှင် ဟာဇက်က ခက်ခဲသည့်ကာလ တစ်ခုကို   ဖြတ်သန်းနေရ သည်ဟု ဝန်ခံပြောဆိုလိုက်သည်။

ဘယ်လ်ဂျီယံက အန်ဒိုရာကို ၄-၁ ဂိုးဖြင့်နိုင်သည့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့် ဟာဇက်သည် ချယ်လ်ဆီးအသင်းတွင်မူ ပြီးခဲ့သည့်ရာသီက ပရီးမီး ယားလိဂ်အကောင်းဆုံး ကစားသမား ဆုရသည့် ခြေစွမ်းမျိုးပြန်မရသေးဘဲ ဖြစ်နေသည်။

ယင်းသို့ဖြစ်နေသော်လည်း အသက် ၂၄ နှစ်အရွယ် တိုက်စစ်အားသန်ကွင်းလယ်ကစားသမားတွင် မြင့်မားသည့်စိတ်ဓါတ်ပြင်းပြမှုရှိနေဆဲဖြစ် ပြီး ခြေစွမ်းအမှန်   ပြန်ရရန်   ပြင်းပြင်းထန်ထန် ကြိုးစားနေသည်ဟု ဆိုသည်။

"အခုလိုခက်ခဲတဲ့အချိန်ကိုကြုံနေရတာက ကျွန်တော့်ကစားသမားဘဝမှာ ပထမဆုံးအကြိမ်ပါ။ ဘာလို့လဲဆိုတာကို ကျွန်တော်တကယ်ပဲ မရှင်းပြတတ်ဘူး။ ကျွန်တော်သိတာအားလုံးကတော့ ပုံမှန်ခြေစွမ်းပြန်ရဖို့ ပြင်းပြင်းထန်ထန်ကြိုးစားရမယ်ဆိုတာပဲ။ ချယ်လ်ဆီးမှာတော့ ကျွန်တော်တို့ဟာ တစ်ဦးချင်းရော၊ အသင်းလိုက်ရော စိုးရိမ်စရာဖြစ်နေတယ်။ အာဆင်နယ်ကိုနိုင်တုန်းက ကျွန်တော်တို့ကိုမြင့်တက်စေတယ် လို့ ထင်ခဲ့ကြပေမယ့် ဆိုးရွားတဲ့နေ့တွေဆီကိုပဲ ပြန်ဦးတည်ခဲ့ကြတယ်"ဟု ဟာဇက်က ပြောသည်။

နည်းပြမော်ရင်ဟိုကိုလည်း ထောက်ခံကြောင်း လိုင်လီကစားသမားဟောင်း ဟာဇက်က ပြသခဲ့သည်။ "ကျွန်တော်သူ့ကို သိပ်စိုးရိမ်တယ်။ မော်ရင်ဟို ဖိအားတွေနဲ့အကျွမ်းဝင်တဲ့ ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ယောက်ပါ။ ကျွန်တော်က အကောင်းမြင်သမားဖြစ်ပြီး ခက်ခဲတဲ့ကာလ တွေကနေ သင်ယူနိုင်မယ်ဆိုတာ သိနေတယ်"ဟု ဟာဇက်က အဆုံးသတ်ပြောဆိုသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly