ပေါင်သန်း ၅၀၀ ကုန်ကျမယ့် အနာဂတ် ရေပေါ်ကွင်းသစ်ဒီဇိုင်းကို ချပြလိုက်တဲ့ အဲဗာတန်

ပေါင်သန်း ၅၀၀ ကုန်ကျမယ့် အနာဂတ် ရေပေါ်ကွင်းသစ်ဒီဇိုင်းကို ချပြလိုက်တဲ့ အဲဗာတန်
Photos: Everton/Twitter

အဲဗာတန်အသင်းဟာ ပေါင်သန်း ၅၀၀ ကုန်ကျမယ့် ရေပေါ်ဘောလုံးကွင်းကြီးကို အနာဂတ်မှာ အသုံးပြုသွားမယ့် အစီအစဉ်တွေအကြောင်း ပရိသတ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ရေပြင်ပေါ်မှာ မေးတင်ထားသလိုရှိနေမယ့် ကွင်းသစ်ကို အသုံးမပြုတော့တဲ့ လီဗာပူးလ်မြို့က ဘာမ်လေ-မိုးလ်သင်္ဘောကျင်းနေရာမှာ တည်ဆောက်သွားဖို့ အဲဗာတန်အသင်းက စီစဉ်ထားပြီး ၂၀၂၃-၂၄ ဘောလုံးရာသီအတွက် ကွင်းဟောင်းကနေ ကွင်းသစ်ဆီ အချိန်မီ ပြောင်းရွှေ့နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

အဲဗာတန်အသင်း လက်ရှိအသုံးပြုနေတဲ့ ဂူဒီဆင်ပတ်ခ်ကွင်းမှာ ပရိသတ် ၃၉,၀၀၀ကျော်သာ ဝင်ဆံ့ပေမယ့် အခုကွင်းသစ်ကတော့ ပရိသတ် ၅၂,၀၀၀ ဝင်ဆံ့မှာဖြစ်ပါတယ်။

ဘောလုံးကွင်းရဲ့ ဖမ်းစားနိုင်ဆုံးထဲက တစ်ခုကတော့ တောက်ဖက် ပွဲကြည့်စင်တန်းဖြစ်ပြီး ပရိသတ် ၁၃,၀၀၀အထိ ဝင်ဆံ့အောင် တည်ဆောက်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဒီလိုဒီဇိုင်း တည်ဆောက်ရခြင်းကလည်း ဒေါ့မွန်အသင်းနဲ့ မကြာသေးခင် စပါးအသင်းကွင်းသစ်တို့ကို တုပပြီး အပြာရောင်တံတိုင်းအဖြစ် အမာခံပရိသတ်တွေ အာပေးနိုင်အောင် ရည်ရွယ်ထားတာပါ။

ကလပ်အသင်းဟာ စီမံကိန်းရဲ့ အသေးစိတ်အချက်အလက်တွေကို ၂၀၁၉ ခုနှစ်ကုန်ပိုင်းလောက်မှာ တင်သွင်းနိုင်မယ်လို့ သိရပြီး အဲဒီ့နောက် သုံး နှစ်ကြာ အဆောက်အဦးစီမံကိန်းဟာ ၂၀၂၀ မှ စတင်တည်ဆောက်မှာဖြစ်ပါတယ်။

ကွင်းသစ်ကို ပထမအဆင့်အနေနဲ့ ပရိသတ် ၅၂,၀၀၀ဆံ့ကွင်းအဖြစ် တည်ဆောင်သွားမှာဖြစ်ပေမယ့်လည်း ပရိသတ် ၆၂,၀၀၀ဆံ့တဲ့ ကွင်းအဖြစ် တိုးချဲ့တည်ဆောက်ဖို့ အစီအစဉ်ရေးဆွဲထားတယ်လို့ သိရပါတယ်။

အဲဗာတန်ရဲ့ လက်ရှိကွင်းကိုတော့ အိမ်ကွင်းလေ့ကျင့်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ စတဲ့နေရာတွေအဖြစ် ပြန်လည် ပြုပြင်ဖန်တီးသွားဖို့ စီစဉ်ထားပြီး ကွင်းဟောင်းဟာ အဖွဲ့အစည်းရဲ့ အဓိက အစိတ်အပိုင်းအဖြစ် ကျန်ရှိနေမှာပါ။

အခုတည်ဆောက်မယ့် ကွင်းသစ်စီမံကိန်းကို ကောင်စီက လက်ခံခဲ့ပါက မြို့တော်ရဲ့ စီးပွားရေးအတွက် အဓိကမြှင့်တင်ပေးမှုတစ်ရပ်အဖြစ် ကိုယ်စားပြုပါလိမ့်မယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly