စိတ်ကျန်းမာရေးထိခိုက်လာနိုင်ခြေရှိတယ်ဆိုတာကို ဖော်ပြနေတဲ့ အပြုအမူအချို့

စိတ်ကျန်းမာရေးထိခိုက်လာနိုင်ခြေရှိတယ်ဆိုတာကို ဖော်ပြနေတဲ့ အပြုအမူအချို့

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်က စိတ်ရောကိုုယ်ပါကျန်းမာဖို့လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ စိတ်ကျန်းမာရေးပြဿနာနဲ့ ပတ်သက်လို့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိနေတဲ့ အပြုအမူလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ တစ်ခါတလေမှာ အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ အပြုအမူအချို့က နောက်ပိုင်းမှာ စိတ်ရောဂါခံစားရနိုင်ခြေရှိတယ်ဆိုတာကို ဖော်ပြနေတဲ့ အစောပိုင်း လက္ခဏာတွေဖြစ်နေတတ်ပါတယ်။ ဒီဆောင်းပါးလေးကိုဖတ်ရင်း ကိုယ်တိုင်ရော လုပ်မိနေလားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါဦး။
စိတ်ရောဂါခံစားရနိုင်ခြေရှိနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ

တစ်ခါတလေမှာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ အသေးစားစိတ်ရောဂါလေးတွေခံစားနေရတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ဆန်းစစ်ကြည့်ရအောင်လား။

  •     အစားတွေ အရမ်းစားမယ်
  •     အစားလုံးဝမစားသလောက်ဖြစ်မယ်
  •     တစ်ချိန်လုံးအိပ်နေမယ်
  •     လုံးဝမအိပ်သလောက်ကိုနေမယ်
  •     လုပ်နေကျအလုပ်တွေကို မလုပ်ဘဲနေမယ်
  •     ခြေကုန်လက်ပမ်းကျနေသလို အမြဲခံစားနေရမယ်
  •     လူက ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေမယ်
  •     ဆေးလိပ်တွေအရမ်းသောက်မိနေမယ်
  •     အရက်တွေအလွန်အကျွံသောက်မိနေမယ်
  •     အခြားဆေးဝါးတွေကို သုံးစွဲနေမယ်
  •     အမြဲလိုလို စိတ်ရှုပ်ထွေးနေမယ်
  •     ခန္ဓာကိုယ်က အမြဲလိုလို နာကျင်ကိုက်ခဲနေမယ်
  •     အကူအညီမဲ့သလိုခံစားနေရမယ်
  •     မျှော်လင့်ချက်မဲ့သလို ခံစားနေရမယ်
  •     အမြဲလိုလို မေ့နေမယ်
  •     အကြောင်းမဲ့ စိုးရိမ်ပူပန်မှုများနေမယ်
  •     အကြောင်းအရင်းမရှိဘဲ အမြဲလိုလိုကြောက်နေမယ်
  •     ကိစ္စတစ်ခုခုကြုံတဲ့အခါ အော်ဟစ်မိတယ်
  •     သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို ထိခိုက်နာကျင်စေမိတယ်
  •     သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံရေး သိပ်အဆင်မပြေလှဘူး
  •     အချို့သောကိစ္စတွေကို တစ်ချိန်လုံးတွေးနေမိတယ်
  •     အသံတွေကြားနေရတယ်လို့ ခံစားမိနေတယ်
  •     တစ်ယောက်ယောက်က ကိုယ့်ကို အန္တရာယ်ပြုမယ်လို့ ထင်နေမိတယ်
  •     ပုံမှန်လုပ်နေကျ လုပ်ငန်းတာဝန်တွေကို မလုပ်ဆောင်နိုင်ဘဲဖြစ်နေမယ်
  •     အမြဲလိုလို ဝမ်းနည်း စိတ်မကောင်းဖြစ်နေမယ်
  •     ဗိုက်အောင့်မယ်
  •     ခါးနာမယ်
  •     ခေါင်းကိုက်မယ်
  •     စိတ်အတက်အကျအရမ်းမြန်နေမယ်
  •     အသက်ရှင်ဖို့ စိတ်ကုန်နေမယ် ဆိုတဲ့လက္ခဏာတွေကို ခဏတာမဟုတ်ဘဲ အမြဲလိုလိုခံစားမိနေမယ်ဆိုရင်တော့ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်နေပါပြီ။

ဘယ်လိုဂရုစိုက်ရမလဲ……

တကယ်လို့ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေခံစားနေရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်နေပြီဖြစ်တာကြောင့် လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့လိုပါမယ်။ စိတ်ရောဂါတွေက မကုသဘဲထားတဲ့အခါ အချိန်ကြာလာနဲ့အမျှ ပိုဆိုးလာတတ်ပြီး နောက်ပိုင်းမှာ ပြဿနာကြီးကြီးမားမားတွေရင်ဆိုင်လာရနိုင်ပါတယ်။
ဘယ်လိုဖြေရှင်းမလဲ……….

စိတ်ကျန်းမာရေးကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ သေချဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့်

  •     နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
  •     တက်တက်ကြွကြွနေပါ
  •     တရားထိုင်ပါ
  •     ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိပါ
  •     မိသားစုနဲ့ အချိန်ပေးပြီး လွတ်လပ်ပေါ့ပါးစွာနေပါ
  •     စိတ်ဖိစီးမှုတွေကို တတ်နို်င်သမျှလျှော့ချပါ
  •     အာဟာရပြည့်ဝအောင် စားပေးပါ
  •     လိုအပ်တဲ့ ကုသမှုကို ခံယူပါ။

ကိုယ်ရောစိတ်ပါကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ အခုကစပြီး သတိထားလိုက်ကြစို့လား……………….

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly