မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (၀၇-၂၆-၂၀၁၉)

26 July 2019
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (၀၇-၂၆-၂၀၁၉)

- မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်နှစ်စင်းကို အရှေ့ဘက်ကမ်းလွန် ဒေသမှာ ပစ်လွှတ်စမ်းသပ်ခဲ့တာနဲ့ပတ်သက်လို့ ဒါဟာ မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ နျူကလီးယားအရေး ဆွေးနွေးမှုတွေမှာ အသာစီးရဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
- မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၊ အာရှနဲ့ပစိဖိတ်ရေးရာ ဆပ်ကော်မတီမှာ ကြာသပတေးနေ့က ကြားနာပွဲ တရပ် ကျင်းပခဲ့တာမှာ မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့ကြပါတယ်။
- အာဖဂန်နစ္စတန်နိုင်ငံမှာ ကြာသပတေးနေ့က တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားတာကြောင့် လူ ၅၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒီအထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၈ ဦး ပါဝင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly