ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ချိန်သားကိုက်လုပ်ဆောင်ရန်လို

25 July 2019
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ချိန်သားကိုက်လုပ်ဆောင်ရန်လို

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းနှင့်လွှတ်တော်အပြင် ချိန်းသားကိုက် လုပ်ဆောင်ရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကပြောသည်။

"လွှတ်တော်အတွင်းနဲ့လွှတ်တော်အပြင်နဲ့ ဘယ်လောက်အချိတ်အဆက်ကောင်းလဲ ဟန်ချက်ညီလဲ လူတွေက ကျွန်တော်တို့က ထွက်ပြတိုင်းလဲ ပြီးတဲ့ကိစ္စမဟုတ်ဘူး။ လူတွေအကုန်လမ်းပေါ်ထွက်ဆိုတာနဲ့လည်း မလုံလောက်ဖူး။ လိုအပ်ရင်ဒါတွေက နည်းလမ်းတစ်ခုတော့မှန်တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ တိုင်ပင်ကိုက် ချိန်ကိုက်လုပ်ရတဲ့ကိစ္စတွေရှိတယ်ဗျာ။ ဇာတ်တစ်ခုကအနိမ့်အမြင့်တွေရှိတယ်။ အဲဒါတွေ ချိန်ဆပြီးလုပ်သင့်တယ်။ အဲဒီလိုမျိုးမဟုတ်ဘဲ ကျွန်တော်တို့က ဟိုမြို့ထက်ဦးအောင်တို့ ဒိမြို့ထက် စောအောင်လုပ်ရမယ်ဆိုရင် ဒါမျိုးဆို ချိန်းသားမကိုက်ဖူးလို့ အောက်မေ့တယ် ”ဟု ဦးမင်းကိုနိုင်က ပြောသည်။

ဇူလိုင်လ၂၄ရက်နေ့က ပုသိမ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ၃နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်စဉ် ပြောခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး- စည်သူမောင်မောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59115
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly