တရုတ်ကို သူလျှိုလုပ်သည်ဆိုသူ ဂျပန်အမျိုးသမီး ဖမ်းဆီးခံရ

တရုတ်ကို သူလျှိုလုပ်သည်ဆိုသူ ဂျပန်အမျိုးသမီး ဖမ်းဆီးခံရ

သူလျှိုလုပ်မှု မသင်္ကာ၍ ဂျပန်အမျိုးသမီးတစ်ဦးအား တရုတ်အာဏာပိုင်များက ဖမ်းဆီးထားကြောင်း ဂျပန်မီဒီယာတွင် ဖော်ပြသည်။

အသက် ၅၀ ဝန်းကျင်ရှိ အမည်မဖော်သော တိုကျိုမှ အမျိုးသမီးသည် တိုကျိုတွင် ဘာသာစကားသင်ကျောင်းတစ်ကျောင်းတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လက ရှန်ဟိုင်းတွင် ရှိနေခဲ့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။

မေလမှစကာ တရုတ်နိုင်ငံအတွင်း သူလျှိုမှုဖြင့် ဖမ်းခံရသည့် ဂျပန်နိုင်ငံသား လေးဦးမြောက်အဖြစ် ယခုအမျိုးသမီး ဖမ်းဆီးခံရခြင်းဖြစ်သည်။

ယခုဖမ်းဆီးလိုက်မှုကြောင့် နှစ်နိုင်ငံကြား တင်းမာမှုများ ကြီးထွားလာဖွယ်ရှိကြောင်း ဘီဘီစီက ဖော်ပြထားသည်။

အထက်ပါသတင်းနှင့် ပတ်သက်ကာ တရုတ်နိုင်ငံဖက်က မည်သည့် ထင်မြင်ချက်မျှ ပြောကြားခြင်းမရှိပေ။

သို့သော် တရုတ်တွင် အမျိုးသားလုံခြုံရေးနှင့် ပတ်သက်ကာ ကော်မရှင်သစ်ဖွဲ့စည်းခြင်းနှင့် ဥပဒေများ တင်းကြပ်ခြင်းဖြစ် ပို၍ ကြပ်မတ်လုပ်ဆောင်လာသည်။

တရုတ်-ဂျပန်ဆက်ဆံရေးက စစ်တွင်းအောက်မေ့မှုများ ပြန်လည်နိုးကြားလာခြင်းနှင့် တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများကြောင့် ဆက်ဆံရေး ယိုင်နဲ့လျက်ရှိနေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly