ဥရောပအနောက်ပိုင်းမှာ စံချိန်တင် အပူလှိုင်းကျရောက်

ဥရောပအနောက်ပိုင်းမှာ စံချိန်တင် အပူလှိုင်းကျရောက်

ပါရီ၊ ဇူလိုင် ၂၄ ။          ။ ဥရောပအနောက်ပိုင်းမှာ စံချိန်တင်် အပူလှိုင်း ကျရောက်နေရာမှာ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဘာစကက်ကမ်းရိုးတန်းဒေသမှာဆိုရင်  အပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင်  မြင့်မားနေပါတယ်။

ခြစ်ခြစ်တောက် အပူချိန်အောက်မှာ စက်ဘီးစီးသမားတွေဟာ ချွေးဒီးဒီးကျပြီး စက်ဘီးစီးပြိုင်ပွဲကို ယှဉ်ပြိုင်ကြရသလို အပူချိန် မြင့်မားလွန်းတာကြောင့် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ရုံကိုလည်း  ပိတ်ထားရပြီ ဖြစ်ပါတယ်။

ရှည်ကြာမြင့်တဲ့ အပူချိန်လှိုင်း ကျရောက်မှုအတွင်း ပါရီနဲ့ ဘာလင်က ကမ္ဘာလှည့်ခရီးသွားတွေဟာဆိုရင််လည်း စမ်းရေအိုင်တွေနဲ့ ရေကန်တွေဆီ ရေစိမ်ဖို့အတွက် လာရောက်မှု များကြပါတယ်။

ဒီ မတတ်သာတဲ့ အပူလှိုင်းဒဏ်ကို တိရစ္ဆာန်ေတွေလည်း ခံစားရပြီး တိရစ္ဆာန်ရုံတွေမှာဆိုရင် ပူပြင်းလို့ ရေငတ်နေရှာတဲ့ တိရစ္ဆာန်တွေကို အစာကျွေးရာမှာ ရေခဲညှပ်ပြီး ကျွေးပေးရတဲ့အထိ ဖြစ်နေပါတယ်။

ပြင်သစ်အနောက်တောင်ပိုင်းက ဘော့ဒီအော့ဇ်မြို့ဟာ အပူချိန် အမြင့်မားဆုံးဖြစ်ပြီး ၄၁ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နေပါတယ်။ ဒီအပူချိန်ဟာဆိုရင် ၂၀၀၃ ခုနှစ်က စံချိန်တင််ထားတဲ့ ၄၀ ဒသမ ၇ ဒီဂရီ စင်တီဂရိတ်ကို စံချိန်ချိုးလိုက်တာပဲ ဖြစ်ကြောင်း ပြင်သစ်မိုးလေဝသဌာနက ကြေညာပါတယ်။

ဘယ်ဂျီယမ်၊ လုဇင်ဘတ်၊ ဂျာမနီနဲ့ နယ်သာလန်အပါအဝင် နိုင်ငံတော်တောများများမှာ အပူချိန် မြင့်မားမှုတွေ ဖြစ်လာဦးမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းတွက်ချက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly