ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်တွင် ဝန်းရံခဲ့သူအချို့အား ပုဒ်မနှစ်ခုဖြင့် တရားစွဲတင်

24 July 2019
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်တွင် ဝန်းရံခဲ့သူအချို့အား ပုဒ်မနှစ်ခုဖြင့် တရားစွဲတင်

တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်တွင် ဝန်းရံခဲ့သူများအနက်မှ ၅ဦးကို ပုဒ်မ နှစ်ခုဖြင့် ဇူလိုင်လ ၂၃ရက်နေ့က ဗိုလ်တထောင် မြို့နယ် တရားရုံး၌ တရားစွဲဆိုလိုက်သည်။

တရားစွဲတင်ခံရသူ ၅ ဦးမှာ မနီလာသိန်း (၈၈မျိုးဆက် ငြိမ်း/ပွင့်)၊ ရှားယမုံ(အသံအဖွဲ့)၊ နန်းလင်း (ဒဂုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း)၊ နိုင်ကိုသူ (ဒေါင်းတို့မျိုးဆက်)၊ မင်းဟန်ထက်် (ဒဂုံတက္က သိုလ်ကျောင်းသားများသမဂ္ဂ မူဝါဒရေးရာကော်မတီ တာဝန်ခံ) တို့ကို ပုဒ်မ ၃၅၃ ပြည်သူ့ဝန်ထမ်း တာဝန် ထမ်းဆောင်စဉ် လက်ရောက်မှု၊ ပုဒ်မ ၃၃၂ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် သာမန်ဒဏ်ရာရရှိစေမှု တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59066

ရိုက်ကူး/တည်းဖြတ် - ကရိုင်နူးရာ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly