ကာကွယ်ရေးအသုံးစရိတ် တိုးတောင်းတာ ဘာကြောင့်လဲ

24 July 2019
ကာကွယ်ရေးအသုံးစရိတ် တိုးတောင်းတာ ဘာကြောင့်လဲ

"ယခင်နှစ်က ဆန်တစ်အိတ်စျေး ဘယ်လောက်လဲ၊ ဒီနှစ်စျေး ဘယ်လောက်လဲ။ ယခင်နှစ်က ဆီတစ်ပိဿစျေး ဘယ်လောက်လဲ၊ ဒီနှစ်စျေး ဘယ်လောက်လဲ။ ယခင်နှစ်က တစ်ဒေါ်လာ ဘယ်လောက်လဲ၊ ဒီနှစ် တစ်ဒေါ်လာကို ဘယ်လောက်လဲ။ အဲ့ဒီအဖြေသာရှာလိုက်၊ အဲ့ဒါဆို သိသွားလိမ့်မယ်"- ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် စုစုပေါင်း ကျပ်ဘီလျံ သုံးထောင်ကျော် ခွင့်ပြုပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ဇူလိုင် ၂၂ရက်က ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပါတယ်။

စစ်ဆင်ရေး အသုံးစရိတ် ကျပ် ငါးဘီလီယံကျော် အပါအဝင် စုစုပေါင်း ကျပ် ၃၂၅၀ ဘီလျံ ခွင့်ပြုပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတာပါ။

ဒါဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ထက် ကျပ်ငါးဆယ် ဘီလျံကျော် တိုးမြှင့်တောင်းခံလာတာလည်း ဖြစ်ပါတယ်။

ဒီလို ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တောင်းခံရတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားသွားပါတယ်။

(ရိုက်ကူး- မင်းမင်း/မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly