ဧရာဝတီတိုင်းအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး မရွေးရသေးဟုဆို

23 July 2019
ဧရာဝတီတိုင်းအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး မရွေးရသေးဟုဆို

ဧရာဝတီတိုင်းဒေသကြီးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးကို မရွေးချယ် ရသေးကြောင်း တိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ရွေးချယ်မှုနှင့်ပတ်သက်၍ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်အား မီဒီယာများကမေးမြန်းရာ"ရွေးမပြီးသေးလို့ပေါ့၊ရွေးပြီးရင် လွှတ်တော်မှာ ကြေညာမယ်။ အဲဒီအထိစောင့်၊ Coming soon ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန တိုးချဲ့ ဖွဲ့စည်းခြင်းနှင့် ဝန်ကြီး အမည်အား တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းရန် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၉ကို ကျင်းပခဲ့သည်။ 

သို့သော် ဝန်ကြီးအမည်ကို တင်သွင်းနိုင်ခြင်း မရှိသေးသောကြောင့် တိုင်းလွှတ်တော် အရေးပေါ် အစည်း အဝေးကို ၃ရက်သာ ကျင်းပပြီး ခေတ္တရပ်နားထားသည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly