ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရုံးထုတ်ဝန်းရံသူ မနီလာသိန်းအပါအဝင် လူငယ်၅ဦးကို ပုဒ်မ၄ခုဖြင့် တရားစွဲမည်

By ကရိုင်နူးရာ
23 July 2019
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရုံးထုတ်ဝန်းရံသူ မနီလာသိန်းအပါအဝင် လူငယ်၅ဦးကို ပုဒ်မ၄ခုဖြင့် တရားစွဲမည်

တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရုံးထုတ်တွင် ဝန်းရံခဲ့သူများအနက်မှ   မနီလာသိန်း အပါအဝင် ၅ဦးကို ပုဒ်မ၄ခုဖြင့် ဇူလိုင်လ၂၃ရက်နေ့ ဗိုလ်တစ်ထောင်မြို့နယ်တရားရုံး၌ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တရားစွဲတင်ခံရသူ၅ဦးမှာ မနီလာသိန်း(၈၈မျိုးဆက်ငြိမ်း/ပွင့်)၊ ရှားယမုန်(အသံအဖွဲ့)၊ နန်းလင်း(ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း)၊ နိုင်ကိုသူ(ဒေါင်းတို့မျိုးဆက်)၊ မင်းဟန်ထက််(ဒဂုံတက္ကသိုလ်ကျောင်းသား) တို့ကို ပုဒ်မ ၃၅၃ ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်စဉ် လက်ရောက်မှု၊ ပုဒ်မ ၃၃၂ ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်စဉ် သာမန်ဒဏ်ရာရရှိစေမှု၊ ပုဒ်မ ၁၁၄ အားပေးကူညီမှု၊ ပုဒ်မ ၁၈၆ အလုပ်ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် ရုံးတင်သွားမည်ဖြစ်ကြောင်း သိရသည်။

 
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly