တူရကီ ဘော့စပိုရပ် ရေလက်ကြားမှာ ကျင်းပတဲ့ ရေကူးပြိုင်ပွဲ လူထောင်ချီ ပါဝင်ဆင်နွှဲ

တူရကီ ဘော့စပိုရပ် ရေလက်ကြားမှာ ကျင်းပတဲ့ ရေကူးပြိုင်ပွဲ လူထောင်ချီ ပါဝင်ဆင်နွှဲ

ဇူလိုင် ၂၂ ။         ။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဘော့စပိုရပ် ရေလက်ကြားမှာ ရေကူးပြိုင်ပွဲတစ်ခုကို ဇူလိုင် ၂၁ ရက်က ကျင်းပခဲ့ရာမှာ လူပေါင်း ထောင်ချီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အာရှတိုက်နဲ့ ဥရောပတိုက်ကြားက အဆိုပါ ဘော့စပိုရပ် ရေလက်ကြားထဲမှာ ယင်း ရေကူးပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျ ဖြစ်ပါတယ်။

 ယခုနှစ် ပြိုင်ပွဲမှာတော့ နိုင်ငံပေါင်း ၃၀ လောက်က ပြိုင်ပွဲဝင်ပေါင်း ၂,၃၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly