ဂျေရုဆလမ် ဧရိယာတွင်းက ပါလက်စတိုင်းနေအိမ်တွေကို အစ္စရေးတို့ ဖြိုချ

ဂျေရုဆလမ် ဧရိယာတွင်းက ပါလက်စတိုင်းနေအိမ်တွေကို အစ္စရေးတို့ ဖြိုချ

ဇူလိုင် ၂၂ ။           ။ ဂျေရုဆလမ် တောင်ဘက်ခြမ်းရှိ ပါလက်စတိုင်းနေအိမ်တွေကို ဇူလိုင် ၂၂ ရက် အစောပိုင်းကစလို့ အစ္စရေးတို့ စတင် ဖြိုချခဲ့ပါတယ်။ ဒါဟာ ယင်းဧရိယာတွင်းမှာ ပါလက်စတိုင်း နေအိမ်အများအပြားကို တရားမဝင်ဘူးလို့ သတ်မှတ်ပြီး အစ္စရေးတို့ဘက်က ဖြိုချတာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ကတော့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို တိုးလာစေမယ့် လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

အနောက်ဘက်ကမ်းနဲ့ ဂျေရုဆလမ်ကို ခွလျက်အနေအထားမှာ ရှိနေတဲ့ ဆာ ဘဟား ဧရိယာမှာ ရှိတဲ့ နေအိမ်တွေ ဖြိုချခံရမှုအပေါ် ပါလက်စတိုင်းတို့က ချက်ချင်းပဲ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဒါပေမယ့် အစ္စရေးတို့ဘက်ကတော့ ယင်းရဲ့ လုံခြုံရေးအတွက် မဖြစ်မနေ လုပ်ဖို့ လိုအပ်လို့ ခုလို ဖြိုချတာဖြစ်တယ်လို့ ပြန်လည်ခုခံထားပါတယ်။

ယင်းနေ့ အာရုဏ်မလာခင်မှာပဲ ရာနဲ့ချီတဲ့ အစ္စရေး ရဲတွေ၊ စစ်သားတွေဟာ အစ္စရေးလုံခြုံရေး အတားအဆီးအနားက အနည်းဆုံး အဆောက်အအုံ လေးခုကို ချိတ်ပိတ်ခဲ့ပြီး ဖြိုချမှုကို စတင်ခဲ့ပါတယ်။

ယင်းအချိန်မှာ သတင်းထောက်တွေကိုလည်း ယင်းအဆောက်အအုံတွေအနား သွားဖို့ တားမြစ်ခဲ့သလို နေအိမ်တွေထဲမှာ နေထိုင်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေကိုလည်း အပြင်ဆွဲခေါ်ထုတ်ထားခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly