အာရုံစူးစိုက်နိုင်စွမ်းတွေကျနေလို့ စိတ်ညစ်နေပြီလား……

အာရုံစူးစိုက်နိုင်စွမ်းတွေကျနေလို့ စိတ်ညစ်နေပြီလား……

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


တစ်နေ့တာ အလုပ်တွေကို အကောင်းဆုံးပြီးဆုံးအောင်လုပ်နိုင်ဖို့ အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ အာရုံစူးစိုက်မှုပါ။ စာရေးစာဖတ်တာကစလို့ လုပ်ဆောင်စရာ ကိစ္စအဝဝကို အကောင်းဆုံးပြီးစီးနိုင်ဖို့က အာရုံစူးစိုက်နိုင်စွမ်းကောင်းဖို့ မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ ကိုယ်ရည်ကိုယ်သွေးအတွက် အရေးပါတဲ့ အာရုံစူးစိုက်နိုင်စွမ်းကောင်းဖို့ ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
အာရုံစူးစိုက်နိုင်စွမ်းကောင်းစေဖို့ ဒါတွေလုပ်ပါ

အာရုံစူးစိုက်နိုင်စွမ်းကောင်းကောင်းနဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်ပြီး ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်ဖို့ လိုပါမယ်။

အစိမ်းရောင်အချိန်လေးထားပေးပါ

အစိမ်းရောင်မြင်ကွင်းလေးတွေကလည်း အာရုံစူးစိုက်နိုင်စွမ်းကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ တစ်နေ့ကို အနည်းဆုံး ၁ နာရီလောက် သဘာဝပတ်ဝန်းကျင်နဲ့ထိတွ့ကြည့်ပါ။ တစ်နေ့ပြီးတစ်နေ့ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းလာတာကို တွေ့ရပါလိမ့်မယ်။ အလုပ်ခွင်ထဲမှာ အစိမ်းရောင်ရှိတဲ့ အပင်လေးတွေကို ထားတာကလည်း အလုပ်လုပ်ဆောင်နိုင်စွမ်းကို ၁၅ ရာခိုင်နှုန်းလောက်ထိတိုးစေနိုင်ပါတယ်။ ဒါကြောင့် ရုံးခန်းထဲမှာ အစိမ်းရောင် အပင်တွေ မထားဖြစ်ရင်တောင်မှ တစ်နေ့တာမှာ ၁ နာရီ ဒါမှမဟုတ် နာရီဝက်လောက် အစိမ်းရောင်ရှုခင်းတွေကို ကြည့်ပေးပါ။

ကိုယ့်ကိုကိုယ် အနားပေးဖို့ မမေ့ပါနဲ့
အလုပ်ထဲမှာ တစ်ချိန်လုံးအာရုံစိုက်နေတကလည်း အာရုံစိုက်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေကုန်မှာ အလုပ်တေါဖိလုပ်နေမယ့် အစား စိတ်ပြလက်ပျောက်ဖြစ်စေမ့် အရာတွေကို အချိန်ပေးလုပ်ပေးဖို့မမေ့ပါနဲ့။ အလုပ်ကို ၂ နာရီလောက်လုပ်ပြီးတိုင်း ဆိုရှယ်မီဒီယာတစ်ခုခုကို သုံးတာဖြစ်ဖြစ်၊ လုပ်ဖော်ကိုက်ဖက်တွေနဲ့ စကားပြောတာမျိုးဖြစ်ဖြစ်၊ ဖုန်းထဲက ဂိမ်းဆော့တာမျိုးဖြစ်ဖြစ် စိတ်အပန်းပြေစေမယ့် အရာတစ်ခုခုကိုလုပ်ဖို့မမေ့ပါနဲ့။ သီချင်းနားထောင်ပေးတာကလည်း အဆင်ပြေပါတယ်။
ဦးနှောက်ကို လေ့ကျင့်ပေးပါ
ပြဿနာဖြေရှင်းနိုင်စွမ်းကောင်းစေဖို့အတွက်ရော အာရုံစူးစိုက်နိုင်စွမ်းကောင်းစေဖို့အတွက်ပါ ဦးနှောက်ကို လေ့ကျင့်ပေးရပါမယ်။ ဒါကြောင့် ပဟေဠိ ဖြေတာ၊ စားလုံးလေးတွေ ဆက်တာမျိုးလုပ်ပေးပါ။ စာတေါဖတ်ပါ။ ဒီလိုဦးနှောက်ကို လေ့ကျင့်ပေးမှုကလည်း အာရုံစူးစိုက်နိုင်စွမ်းကောင်းစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။

အနေအထိုင်အစားအသောက်ဂရုစိုက်ပါ

နေ့ရက်တိုင်းမှာ စိတ်ရောကိုယ်ပါကျန်းမာနေစေဖို့ နေထိုင်စားသောက်မှုကို သေချာလေးဂရုစိုက်စေချင်ပါတယ်။ လူတစ်ယောက်ရဲ့ နေထိုင်စားသာက်မှုပုံစံက အာရုံစူးစို်က်နိုင်စွမ်းပေါ်မှာတော်တေ်ာလေးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးမှုမျာ အာရုံစူးစိုက်မှုကို ကောင်းစေနို်င်တဲ့ အစားအသောက်တွေဖြစ်တဲ့ သစ်ကြားသီး၊ ထောပတ်သီး၊ ချောကလက်တို့ကို စားပေးပါ။ အိပ်ရေးဝဝအိပ်ဖို့လည်း မမေ့ပါနဲ့။

လေ့ကျင့်ခန်းလုပ်ပါ

အာရုံစူးစိုက်မှုကောင်းစေဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့ မေ့ထားလို့ မဖြစ်ပါဘူး။ လေ့လာမှုအရ တစ်ပတ်ကို ၇၅ မိနစ်ကနေ ၂၂၅ မိနစ်လောက်လေ့ကျင့်ခန်းလုပ်သူတွေက အခြားသူတွေထက် အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းကြပါတယ်။ ဒါကြောင့် မအားဘူးဆိုရင်တောင် တစ်နေ့ကို ၂၅ မိနစ်လောက် ယောဂလေ့ကျင့်ခန်းလေးလုပ်ပေးပါ။

ကိုယ်အလေးချိန်ထိန်းညှိပါ

လူတစ်ယောက်မှာ ကိုယ်အလေးချိန်တက်လာလေလေ အာရုံစူးစိုက်နိုင်စွမ်းကျလာလေလေပါ။ ဒါ့အပြင် အဝလွန်မှုကလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အာရုံစူးစိုက်နိုင်စွမ်းကောင်းစေချင်ရင်တော့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ မမေ့ပါနဲ့။

ဒီအချက်လေးတွေကို ဂရုစိုက်လို့ အာရုံစူးစိုက်နိုင်စွမ်းကောင်းအောင် ကိုယ့်ကိုကိုယ်ပျိုးထောင်လိုက်ပါ

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly