ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို မျက်နှာဖုံးတပ် လူအုပ်စုက ရိုက်နှက်တိုက်ခိုက်လို့ ဒါဇင်နဲ့ချီ ဒဏ်ရာရ

ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို မျက်နှာဖုံးတပ် လူအုပ်စုက ရိုက်နှက်တိုက်ခိုက်လို့ ဒါဇင်နဲ့ချီ ဒဏ်ရာရ

ဇူလိုင် ၂၂ ။                          ။ ဟောင်ကောင် ရထားဘူတာရုံတစ်ခုမှာ ရှိနေတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ၊ မြို့တွင်းခရီးသွားလာသူတွေကို ဇူလိုင် ၂၁ ရက် ညပိုင်းက မျက်နှာဖုံးတပ် တုတ်ကိုင် လူအုပ်စုတစ်စုက ၀ိုင်းဝန်းရိုက်နှက်တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၄၅ ဦးထက် မနည်း ဒဏ်ရာရသွားပြီး တစ်ဦးကတော့  အခြေအနေစိုးရိမ်နေရတယ်လို့ သိရပါတယ်။

တုတ်တွေ ကိုင်ဆောင်ထားတဲ့ တီရှင် အဖြူဝတ် အုပ်စုတစ်စုက Yuen Long ဘူတာရုံမှာ အုပ်စုဖွဲ့ ရောက်လာကာ ရထားတစ်စင်းပေါ် တက်ပြီး ခရီးသည်တွေကို တိုက်ခိုက်ခဲ့တာကို ထွက်ပေါ်နေတဲ့ ဗီဒီယိုတစ်ခုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

၎င်းတို့ကတော့ အစိုးရဆန့်ကျင် ချီတက်မှုတွေမှာ ပါဝင်ကြတဲ့ အနက်ရောင်ဝတ် ခရီးသည်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပုံ ရကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ယင်းနောက် တိုက်ခိုက်သူ အဖြူရောင်ဝတ် အမျိုးသားတွေဟာ တရုတ်ပြည်မကြီး ကားနံပါတ်ပြားပါ ကားတွေပေါ်တက်ပြီး ပြန်လည်ထွက်ခွာသွားတာကိုပါ တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိတော့ ဘူတာရုံမှာ လာရောက်ရိုက်နှက်သွားတဲ့ အဖြူဝတ် လူအုပ်စုဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်ရှိ ဟောင်ကောင်မှာတော့ အစိုးရဆန့်ကျင် ချီတက်ဆန္ဒပြမှုတွေ အကြီးအကျယ် ဆက်တိုက် ပေါ်ပေါက်နေလျက်ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly