ဇနီးကိုသတ် ခေါင်းဖြတ်ပြီး မြို့အနှံ့ကိုင်ကာ လှည့်လည်သွားနေသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီး

ဇနီးကိုသတ် ခေါင်းဖြတ်ပြီး မြို့အနှံ့ကိုင်ကာ လှည့်လည်သွားနေသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီး

အိန္ဒိယနိုင်ငံတွင် ဇနီးမယားအား ခေါင်းဖြတ်သတ်ကာ ခေါင်းကို ကိုင်ဆွဲလျက် အခြားလက်တစ်ဖက်တွင်လည်း ပုဆိန်ကိုင်ကာ မြို့ကို လှည့်သွားနေသည့် အမျိုးသားတစ်ဦးအား ရဲကဖမ်းဆီးခဲ့ရသည်။

ယင်းဖြစ်ရပ်သည် ပူနီမြို့အနောက်ပိုင်းတွင် အမျိုးတစ်ဦးခေါင်းပြတ်ကိုင်ကာ လှည့်လည်သွားနေသူ အသက် ၅၃ နှစ်ရှိ ရမ်ချန်ဒရာဆူချာဝန်ဆိုသူကို ရဲက ဖမ်းခဲ့ခြင်းဖြစ်သည်။

ရမ်ချန်သည် ဇနီးမယားဖြစ်သူဆိုနာဘိုင်နှင့် အမြဲလို စကားများရန်ဖြစ်တတ်သူဖြစ်ကြောင်း၊ သတ်ဖြတ်ရခြင်းမှာ ဇနီးသည်က သမက်ဖြစ်သူနှင့် ဖောက်ပြန်သည်ဟု သံသယစိတ်များ ကြီးထွားလာ၍ဖြစ်ကြောင်း ဌာနေရဲက ပြောသည်။

"သူကို လက်ရှိစစ်ဆေးစုံစမ်းရသလောက်တော့ စိတ်ကျန်းမာရေးမကောင်းသူလည်း မဟုတ်ပါဘူး။ လူသတ်မှုနဲ့ ချုပ်နှောင်ထားပြီး လက်ရှိမှာ နောက်ထပ်မေးမြန်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။”ဟု အကြီးတန်းရဲထောက်လှမ်းရေးအရာရှိ အမ်ချာဗီဟန်က ပြောခဲ့သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly