ဟောင်ကောင်မှာ အစိုးရဆန့်ကျင် ချီတက်ဆန္ဒပြပွဲတွေ အကြီးအကျယ် ထပ်မံ ပေါ်ပေါက်

ဟောင်ကောင်မှာ အစိုးရဆန့်ကျင် ချီတက်ဆန္ဒပြပွဲတွေ အကြီးအကျယ် ထပ်မံ ပေါ်ပေါက်

ဇူလိုင် ၂၁ ။         ။ ဟောင်ကောင်မှာ ယနေ့ ဇူလိုင် ၂၁ ရက်မှာပဲ နောက်ထပ် ကြီးမားတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြချီတက်ပွဲတွေ ထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါတယ်။

ပူပြင်းလှတဲ့ နေပူထဲ အံတုရင်း ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေ စုရုံးချီတက်ခဲ့ကြတာဖြစ်ပါတယ်။

တရုတ်ပြည်မကြီးထံ တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းတစ်ခုအပေါ် အမျက်ထွက် ဆန္ဒပြခဲ့ရာကနေ အစပြုခဲ့တဲ့ အစိုးရဆန့်ကျင် လူထုဆန္ဒပြပွဲကြီးတွေကတော့ လက်ရှိမှာ ဆက်လက် အရှိန်ကောင်းကောင်း ဖြစ်ပေါ်နေမယ့် အရိပ်အယောင်တွေ ပေါ်ထွက်နေလျက် ရှိပါတယ်။

ဒါဟာ ယင်းမြို့မှာ အစိုးရကို ဆန့်ကျင်တဲ့ သီတင်းပတ်ကုန် အကြီးအကျယ် ဆန္ဒပြပွဲတွေ ခုနှစ်ပတ်ဆက်တိုက် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်ပါတယ်။

ခုလို လူထု ချီတက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေချိန် လုံခြုံရေး သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာလည်း ခုလို ချီတက်ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့မှုတွေ ပေါ်ပေါက်ထားခဲ့ပြီး လက်ရှိမှာတော့ ယင်းမြို့မှာ သမိုင်းတစ်လျှောက်  အဆိုးဝါးဆုံး အကျပ်အတည်းတစ်ခုထဲ ကျရောက်နေလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly