အခြေခံဥပဒေပြင်ဆင်ရေး မန္တလေးပြည်သူများ ဆန္ဒပြ

အခြေခံဥပဒေပြင်ဆင်ရေး မန္တလေးပြည်သူများ ဆန္ဒပြ
(ဓာတ်ပုံ၊ ကိုကိုအောင်၊ မဇ္ဈိမ)

မန္တလေး၊ ဇူလိုင် ၂၁ ။        ။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ကျောက်ဝိုင်းမှ ပြည်သူများဦးဆောင်၍ အင်အားထောင်ချီဖြင့် ဇူလိုင်လ ၂၁ ရက်၊ နံနက်ပိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီကို ကြိုဆိုကြောင်းနှင့် ပြင်ဆင်ရေးကို ထောက်ခံကြောင်း ဆန္ဒပြခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒ အောင်ရမည်၊ အခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော် ၄၅ ဦး ကော်မတီ၏ အစီရင်ခံစာအား အတည်ပြုရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ကြွေးကြော်ခဲ့ကြ သလို ၎င်းစာသားများပါသည့် ဗီနိုင်းများကိုဆောင်ကာ ချီတက်သူများပါသလို ဆိုင်ကယ်၊ စက်ဘီးတို့ဖြင့် ကျောက်ဝိုင်းမှ ၃၈ လမ်းအတိုင်း ထိုမှ ၇၄ လမ်းအထိ ချီတက်ခဲ့ကြသည်။

"ပြင်စေချင်တဲ့ ပုဒ်မတွေကတော့ အများကြီးပေါ့ဗျာ။ အဓိကကတော့ ပြည်သူ့ဆန္ဒကို ကြည့်ပြီး ပြည်သူကို မျက်နှာမူတဲ့ ဥပဒေမျိုးအဖြစ် ပြင်စေချင်တယ်။"ဟု ကျောက်ဝိုင်းအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၅ ဦး ပါဝင်သည့် ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး၊ ထိုကော်မတီက ပုဒ်မပေါင်း ၃၀၀၀ ကျော်ကို ပြင်ဆင်ရန် အဆိုပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly