ပေါ်တူဂီအလယ်ပိုင်းမှာ တောမီးများ အကြီးအကျယ် လောင်ကျွမ်း၊ ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်း

ပေါ်တူဂီအလယ်ပိုင်းမှာ တောမီးများ အကြီးအကျယ် လောင်ကျွမ်း၊ ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်း

ဇူလိုင် ၂၁  ။       ။ ပေါ်တူဂီနိုင်ငံ အလယ်ပိုင်းမှာ အကြီးအကျယ် လောင်ကျွမ်းနေလျက်ရှိတဲ့ တောမီးတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မီးသတ်သမားတွေ အပြင်းအထန် ကြိုးပမ်းနေရလျက် ရှိပါတယ်။

မြို့တော် လစ္စဘွန်းရဲ့ မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာမှာ ရှိတဲ့ သစ်တောထူထပ်တဲ့ တောင်ကုန်းအရပ်ရှိ ကက်စ်တယ်လို ဘရန်ကို ဒေသမှာ တောမီးတွေ သုံးခုအထိ လောင်ကျွမ်းနေလျက် ရှိကြောင်း အရပ်ဘက် ကာကွယ်ရေးဌာန ဝက်ဆိုဒ်မှာ ဖော်ပြပါတယ်။

ယခု တောမီးလောင်ကျွမ်းမှုကြောင့် အနီးအနား ကျေးရွာတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်လို့ သိရပါတယ်။

ယခု တောမီးတွေ လောင်ကျွမ်းနေတဲ့ ဒေသမှာပဲ ယခင် ၂၀၁၇ ခုနှစ်က အလားတူ တောမီးတွေ လောင်ကျွမ်းခဲ့ဖူးပြီး ယင်းအချိန်က လူပေါင်း ဒါဇင်ချီ သေဆုံးထားခဲ့ရပါတယ်။

ယခုလို နိုင်ငံအလယ်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မီးသတ်တပ်ဖွဲ့ဝင် ထောင်ချီ တပ်ဖြန့်ထားရလျက် ရှိပါတယ်။

ယခုလို တောမီးတွေ နိုင်ငံမှာ ထပ်မံ လောင်ကျွမ်းလာနေတဲ့အတွက် ယင်းအခြေအနေအပေါ် များစွာ စိတ်ပူနေရကြောင်း ပေါ်တူဂီ သမ္မတ မာဆယ်လို ရီဘယ်လို ဒီ ဆော်ဆာက ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly