မြစ်ရေများ ကျလာပါက  ကြုံတွေ့နိုင်သောသဘာဝဘေးအတွက် ဧရာဝတီတိုင်းမှ ပြင်ဆင်ထား

21 July 2019
မြစ်ရေများ ကျလာပါက  ကြုံတွေ့နိုင်သောသဘာဝဘေးအတွက် ဧရာဝတီတိုင်းမှ ပြင်ဆင်ထား

မြင့်တက်နေသော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေများ ကျလာပါက ဟင်္သာတဖက်သို့ ၁၀ ရက်ခန့်အတွင်း ကျရောက်နိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဧရာဝတီတိုင်း၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

“ ရှာဖွေရေးကော်မတီကို မီးသတ်ဦးစီးဌာနက ဦးဆောင်ထားတယ်။ လုံခြုံရေးကော်မတီ၊ ပို့ဆောင်ရေး ကော်မတီ၊ ပြန်လည်ထူထောင်ရေးကော်မတီတို့၊ ကျန်းမာရေးကော်မတီတို့ သဘာဝဘေး ဖြစ်ပြီးသွားရင် ရောဂါ ဖြစ်တာတွေ များလို့ ကြိုတင်ပြင်ဆင်ထားတာတွေ ရှိတယ်။ လုပ်ငန်းကော်မတီအလိုက် ကြိုတင် ပြင်ဆင်ထားတယ်” ဟု ဧရာဝတီတိုင်း၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ပြောသည်။ 

ရိုက်ကူး -  စည်သူမောင်မောင်

တည်းဖြတ် - စိုးသူအောင်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58977

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly