Building Bridges Exhibition အနုပညာပြပွဲ

21 July 2019
Building Bridges Exhibition အနုပညာပြပွဲ

လူငယ်အနုပညာရှင်တွေရဲ့ ပေါင်းကူးဆက်နွှယ်မှုတွေကို ပြသတဲ့အနေနဲ့ Building Bridges Exhibition အနုပညာပြပွဲတစ်ရပ်ကို ဇူလိုင်လ ၁၈ ရက်ကနေ ၃၀ ရက်နေ့အထိ Old Tourist Burma အဆောက်အအုံမှာ ကျင်းပပြုလုပ်နေပါတယ်။

အသက်(၃၀)အောက် လူငယ်တွေ အနုပညာရှင်တွေ ဖန်တီးပုံဖော်ထားတဲ့၊ အနုပညာတွေ အားလုံးပါဝင်တဲ့ Contemporary art ကို မြန်မာလူငယ်အနုပညာရှင်တွေအတွက် ပေါင်းကူးတံတား တည်ဆောက်ပေးတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။ 

ဒီပြပွဲမှာ ဒစ်ဂျစ်တယ်ဂရပ်ဖစ် အနုပညာ၊ လက်တွေ့စမ်းသပ်မှုအခြေပြု ဗီဒီယိုတွေ မာတီလ်မီဒီယာ ၊ လက်တွေ့ စမ်းသပ်မှု အခြေပြု အင်စတော်လေးရှင်းများ ၊ ဓာတ်ပုံပညာ ၊ ဆူညံသံအခြေပြုအနုပညာ ၊ အပါအဝင် အမျိုးအစားစုံလင်တဲ့ ခေတ်ပြိုင်အနုပညာလက်ရာသစ်တွေကို ပြသထားတာ ဖြစ်ပါတယ်။ 

ရိုက်ကူး၊တည်းဖြတ်-ကရိုင်နူးရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly