ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေ ခိုးယူခဲ့တဲ့ ပန်းချီကားအား ဂျာမနီက အီတလီထံ ပြန်လည်ပေးအပ်

ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေ ခိုးယူခဲ့တဲ့ ပန်းချီကားအား ဂျာမနီက အီတလီထံ ပြန်လည်ပေးအပ်

ဘာလင်၊ ဇူလိုင် ၂၀ ။            ။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီစစ်သားတွေ ခိုးယူလာခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို နှစ်ပေါင်း ၇၅ ကျော် ကြာပြီးနောက်မှာတော့ ဂျာမနီက အီတလီနိုင််ငံဆီ  ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ယူရိုငွေ ဆယ်သန်းနီးပါး စျေးပေါက််တဲ့ ပန်းအိုးလို့ နာမည်ပေးထားတဲ့ ဒီ ပန်းချီကားဟာ ၁၉၄၃ ခုနှစ်အတွင်းက နာဇီတပ်ဖွဲ့တွေ ရယူသွားတဲ့ ပန်းချီကားများစွာထဲက စ်ကားပဲ ဖြစ်ပါတယ်။

အီတလီနဲ့ ဂျာမနီကြား ရေရှည် တရားတဘောင် ဖြစ်ပွားပြီးနောက်မှာ အဲဒီ ပန်းချီကားကို ဂျာမနီနိုင်ငံက အီတလီထံ ဇူလိုင် ၁၉ ရက်မှာ ပြန်လည်ပေးအပ်လာခဲ့ရတာ ဖြစ်ပါတယ်။

အူဖီဇီပန်းချီပြခန်းရဲ့ ဒါရိုက်တာ အီကီရှာမိုက်က ၁၈ ရာစုလက်ရာ အဲဒီ ပန်းချီကားကို ပြန််လည်ပေးအပ်ဖို့ တရားရုံးမှာ အမှုလျှောက်ထားခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော််အနေနဲ့ အခု ၂၀၁၉ ခုနှစ်မှာပဲ ဒီ ပန်းချီကား ပြန်ရမယ်လို့ ယုံကြည်မျှော်လင့်ခဲ့တာပါ။ ဒက်ချ်ပန်းချီဆရာ ဂျင်ဗန်ဟိုင်ဆမ်း ရေးဆွွဲတဲ့ နာမည်ကြီး ပန််းအိုးဆိုတဲ့ အခု ပန်းချီကားဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေ ခိုးယူသွားတာပါ။ အခုတော့ အူဖီဇီ ပန်းချီပြခန်းမှာ ပြန်လည်ရောက်ရှိပြီ ဖြစ်ပါတယ်။”လို့ အီကီရှာမိုက်က ပြောခဲ့ပါတယ်။

“လက်ရှိမှာ ဒီ ပန်းချီကားကို ဂျာမန်မိသားစု တစ်စုက ပိုင်ဆိုင်ထားတယ်။ အီတလီက အကြိမ်ကြိမ် မေတ္တာရပ်ခံ တောင်းခံပေမယ့် ပြန်လည်ပေးအပ်ခြင်း မရှိဘဲ ငြင်းနေခဲ့တာ ဖြစ်တယ်။ ဒါကြောင့် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ရတာ ဖြစ်တယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly