လူမှုမီဒီယာတွင် အရက်ဘီယာများနှင့် ပုံများတင်ခဲ့သည့် အနုပညာရှင်၂၃ ဦးကို ထိုင်းရဲက ခေါ်ယူစစ်ဆေးမည်

လူမှုမီဒီယာတွင် အရက်ဘီယာများနှင့် ပုံများတင်ခဲ့သည့် အနုပညာရှင်၂၃ ဦးကို ထိုင်းရဲက ခေါ်ယူစစ်ဆေးမည်

အရက်ဘီယာသောက်သည့်ပုံများကို လူမှုမီဒီယာများတွင် တင်ခဲ့သည့် အနုပညာရှင် ၂၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

စားသုံးသူကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း လဒုရဲချုပ်ဖွန်ဆာပါပတ်ဖွန်ချာယွန်က ပြောကြားခဲ့သည်။

“အခုလုပ်ရပ်ဟာ ၂၀၀၈ ခုနှစ် အရက်အဖျော်ယမကာထိန်းချုပ်ရေးအက်ဥပဒေပုဒ်မ ၂၆ ကို ချိုးဖောက်ရရပြီး ပြစ်မှုထင်ရှားရင် တစ်နှစ်ထက်မကျော်တဲ့ ထောင်ဒဏ် သို့မဟုတ် ဒဏ်ငွေ ၁၀ သိန်း သို့မဟုတ် နှစ်ခုစလုံး ကျခံရနိုင်ပါတယ်” လို့ ဒုရဲချုပ်က ပြောကြားသည်။

အရေးယူမှုများ လုပ်ဆောင်နိုင်ရေးအတွက် စားသုံးသူကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ အချက်အလက်များကို ထပ်မံတောင်းခံသွားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။ အဆိုပါ ဓာတ်ပုံများတင်ရာတွင် အရက်ဘီယာထုတ်လုပ်သည့် လုပ်ငန်းရှင်များ ပါဝင်ပတ်သက်မှုရှိ၊မရှိကိုလည်း ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly